နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်းဆင်းရဖို့ နီးစပ်နေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဟောင်း၊ ဒီကလန် ရိုက်စ် အတွက် ပေါင်သန်း ၁၂၀ တောင်းဆိုထားတဲ့ ဝက်စ်ဟမ်း (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

တန်းဆင်းရဖို့ နီးစပ်နေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဟောင်း၊ ဒီကလန် ရိုက်စ် အတွက် ပေါင်သန်း ၁၂၀ တောင်းဆိုထားတဲ့ ဝက်စ်ဟမ်း အစ ရှိတဲ့ သတင်းတွေ အပါအဝင် မေလ ၁၀ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


တန်ဆင်းရဖို့ နီးစပ်သွားတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဟောင်း

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဥ်တွေ အပြီးမှာတော့ လက်စတာ၊ ဆောက်သမ်တန်တို့ တန်းဆင်းဖို့ တော်တော်လေး နီးစပ်သွားခဲ့ပြီလို့ ဆိုရမှာပါ။ တနင်္လာနေ့ ညက ကစားခဲ့တဲ့ ဒီပွဲတွေမှာ နှစ်သင်းလုံး ရှုံးပွဲကြုံတွေ့ခဲ့ရတာ ဖြစ်ပြီး သူတို့ နှစ်သင်းလုံးရဲ့ ပွဲတွေကလည်း နှစ်သင်းပေါင်း သွင်းဂိုး (၇) ဂိုး (၈) ဂိုး အထိ ရှိခဲ့တာပါ။

လက်စတာက အဝေးကွင်းမှာ ဖူလ်ဟမ်ကို ၅-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပြီး ဆောက်သမ်တန် ကလည်း အဝေးကွင်းမှာ တန်းဆင်းဇုန် ပြိုင်ဘက် နော်တင်ဟမ်‌ဖောရက်စ်ကို ၄-၃ ဂိုးနဲ့ ရှံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဖူလ်ဟမ် ကတော့ အမှတ်မလိုဘူးလို့ ပြောနိုင်ပေမယ့် လက်စတာကို ထိန်းကစားခဲ့တာမျိုး မရှိဘဲ အိမ်ကွင်းမှာ ဂိုးမိုးရွာခဲ့တာပါ။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
အေစီမီလန်
အင်တာမီလန်
1X2 အင်တာမီလန် @ 2.49
အေစီမီလန် အာရှ အကျောပေး 0.00 @ 2.21
1.75 ဂိုး‌အောက် @ 2.29
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လက်စတာဟာ အခုပွဲ ရလဒ်ကြောင့် နော်တင်ဟမ်ဖောရက်စ်ရဲ့ နိုင်ပွဲနဲ့ အတူ အဆင့် (၁၈) နေရာကို ရောက်သွားခဲ့ပါတယ်။ သူတို့ရဲ့ လက်ကျန်ပွဲ (၃) ပွဲကလည်း လစ်ဗာပူးလ်၊ နယူးကာဆယ်၊ ဝက်စ်ဟမ်းတို့ ဖြစ်နေတာကြောင့် မာ့ခ် ဟုချ်၊ ကန်တေ၊ မာရက်ဇ်၊ ဗာဒီတို့နဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ တစ်ချိန်က လက်စတာကို ပရိသတ်တွေ လွမ်းနေရတော့မယ်လို့ ဆိုနေကြပါတယ်။

ဆောက်သမ်တန် ကတော့ လက်ကျန်ပွဲ အားလုံးကို အနိုင်ရရင်တောင်မှ တစ်ဖက် အသင်းတွေရဲ့ ခြေချော်မှုကို စောင့်ကြည့်ရဦးမှာ ဖြစ်ပြီး သူတို့ရဲ့ နောက်ဆုံးပွဲကလည်း လစ်ဗာပူးလ်နဲ့ ဖြစ်နေတာကြောင့် ခက်ခဲတော့မှာပါ။ မဖြစ်မနေ အမှတ်လိုအပ်နေတဲ့ အဲဗာတန် ကလည်း ခြေစွာနေတဲ့ ဘရိုက်တန်ကို အဝေးကွင်းမှာ ၁-၅ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် တန်းဆင်းဇုန်ရဲ့ အထက် အဆင့် (၁၇) မှာ ရပ်တည်နိုင်ခဲ့ပါတယ်။


ဒီကလန် ရိုက်စ် အတွက် ပေါင်သန်း ၁၂၀ တောင်းဆိုထားတဲ့ ဝက်စ်ဟမ်း

ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်း ယူနိုက်တက် ကတော့ သူတို့ရဲ့ အဓိက ကွင်းလယ်လူ ဒီကလန် ရိုက်စ် အတွက် ပေါင်သန်း ၁၂၀ ရရင် ရောင်းမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရိုက်စ်ကို ချန်ပီယံလိဂ် ဝင်ခွင့် ရထားတဲ့ အသင်းတသင်းက ကမ်းလှမ်းမှသာ ခွင့်ပြုသွားမှာပါ။ ဒီကလန် ရိုက်စ် အတွက် သူတို့ တောင်းဆိုတဲ့ စျေးကတော့ တော်တော်လေး မြင့်ပါတယ်။ ပေါင်သန်း ၁၂၀ ဆိုတဲ့ တန်ကြေးက နည်းနည်းနောနော မဟုတ်ပါဘူး။

လက်ရှိမှာ ဒီကလန် ရိုက်စ်ကို အာဆင်နယ်၊ လစ်ဗာပူးလ်နဲ့ ချယ်လ်ဆီး တို့က စိတ်ဝင်စားနေပြီး ပြည်ပကလပ်တွေ ဆီက စိတ်ဝင်စားမှု ကတော့ နည်းပါးနေတယ်။ အင်္ဂလန်သား ဖြစ်နေတာကြောင့်လည်း ခေါ်စျေးက များနေတာပါ။ ထုံးစံအတိုင်း သူတို့က ပုံမှန် စျေးထက်ကို ပိုတောင်းမှာပါပဲ။ စစ်စစ်ပေါက်ပေါက်ကို ညှိနှိုင်းနိုင်မှပဲ စျေးနည်းနည်း သက်သာမယ့် ကိန်းပါ။

ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်း ယူနိုက်တက် ကတော့ သူတို့ရဲ့ အဓိက ကွင်းလယ်လူ ဒီကလန် ရိုက်စ် အတွက် ပေါင်သန်း ၁၂၀ ရရင် ရောင်းမယ်လို့ ဆိုပါတယ်။
ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ ဒီကလန် ရိုက်စ်

ကစားသမား ကိုယ်တိုင် ကလည်း အသင်း ပြောင်းချင်နေပြီး ချန်ပီယံလိဂ်မှာ ဝင်ကစားချင်နေတယ်။ သူ့ရဲ့ ခြေစွမ်း ကတော့ အထင်ကြီးလောက်စရာ ကောင်းပါတယ်။ ဘောလုံး ကိုင်ကစားနိုင်တယ်၊ ခံစစ်ကို ကူပေးနိုင်တယ်၊ တိုက်စစ် လမ်းကြောင်းတွေကို ဘောလုံး ဖြန့်ပေးနိုင်တယ်။ လစ်ဗာပူးလ်သာ ရလိုက်ရင်တော့ သူတို့ရဲ့ ကွင်းလယ် အတွက် တကယ့် ရှယ်ပါပဲ။ ဒါပေမယ့် စျေးကတော့ များလွန်းတယ်လို့ ထင်ပါတယ်။


ဆော်ဒီကလပ် အယ်လ်ဟီလယ်နဲ့ မက်ဆီတို့ သဘောတူညီမှု ရရှိ

ဆော်ဒီ ကလပ် အယ်လ်ဟီလယ်နဲ့ မက်ဆီတို့ အကြားမှာ အပြောင်းအရွှေ့ အတွက် သဘောတူညီမှု ရရှိထားပြီပြီလို့ ပြင်သစ် နာမည်ကြီး သတင်းဌာန AFP က ဖော်ပြလိုက်ပါတယ်။ မက်ဆီဟာ ပေါင် ၅၂၂ သန်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုမှာ ဖြစ်ပြီး လာမယ့်ရာသီမှာ သူ ဆော်ဒီကလပ် အတွက် ကစားပေးလိမ့်မယ်လို့ အခိုင်အမာ ပြောဆိုခဲ့တာပါ။

နာမည် ဖော်ပြထားခြင်း မရှိတဲ့ သတင်းရင်းမြစ်က AFP ကို ပြောဆိုခဲ့တာ ဖြစ်ပြီး အပြောင်းအရွှေ့ အတွက် အားလုံးပြီးစီးသွားပြီလို့ ဆိုပါတယ်။ မက်ဆီရဲ့ ပြီးခဲ့တဲ့ တစ်ပတ် အတွင်း ဆော်ဒီ ခရီးစဉ်မှာ အပြောင်းအရွှေ့ အတွက် အပြီးသတ် ဆွေးနွေးခဲ့ဟန် ရှိပြီး အဓိကအားဖြင့် လုပ်ခလစာကို ညှိနှိုင်းခဲ့ကြဖွယ် ရှိပါတယ်။

အခု ဖော်ပြထားတဲ့ အတိုင်း ပြောင်းရွှေ့ခဲ့မယ် ဆိုရင် မက်ဆီက ရော်နယ်ဒိုထက် လုပ်ခ လစာ ၂ ဆ နီးပါး ပိုမို ရရှိမှာပါ။ ရော်နယ်ဒိုရဲ့ အယ်လ်နာဆာနဲ့ အယ်လ်ဟီလယ် တို့ကတော့ မဟာ ပြိုင်ဘက် အသင်းတွေ ဖြစ်ပြီး အခုအခါမှာ ရော်နယ်ဒို-မက်ဆီ အားပြိုင်မှုကိုပါ မြင်တွေ့ရဖွယ် ရှိနေပါပြီ။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်