လစ်ဗာပူးလ် – ဖူလ်ဟမ်
ပရီးမီးယားလိဂ် ပွဲစဉ် (၁၆) ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် လစ်ဗာပူးလ်က ဖူလ်ဟမ်ကို အန်ဖီးလ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ အမှတ်ပေးဇယား ထိပ်ကနေ အမှတ်ဖြတ် ဆက်လက် ဦးဆောင်နိုင်ဖို့ ကြိုးစားနေတဲ့ လစ်ဗာပူးလ်တို့ ဖူလ်ဟမ်ကို အသာရသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အာနေး ဆလော့တ်ရဲ့ လစ်ဗာပူးလ် ကတော့ ခြေစွမ်းပိုင်းက အပြည့်အဝ စိတ်ချနေရဆဲ ဖြစ်ပြီးတော့ ရလဒ်ကောင်းတွေလည်း ရှာဖွေထားနိုင်ဆဲ ဖြစ်ပါတယ်။ လစ်ဗာပူးလ်က ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၄ ပွဲ ကစားပြီးချိန်အထိ ရှုံးပွဲ ၁ ပွဲသာ ရှိထားသလို ၁၁ ပွဲနိုင်၊ ၂ ပွဲ သရေနဲ့ ရမှတ် ၃၅ မှတ်အထိ စုဆောင်းထားနိုင်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ နယူးကာဆယ်နဲ့ တစ်ပွဲပဲ သရေကျထားပြီး ကျန်ပွဲ အားလုံး အနိုင်ရထားပါတယ်။ ဒီအထဲမှာ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်လို အသင်းတွေကို ဂိုးပြတ်နိုင်တဲ့ ပွဲတွေပါ ပါဝင်နေပါတယ်။
ဖူလ်ဟမ်ရဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်ကို ပြန်ကြည့်ရင် ဝုဗ်ကို ဂိုးပြတ် ရှုံးခဲ့တဲ့ ပွဲကလွဲလို့ စပါးနဲ့ အာဆင်နယ်ကို သရေ၊ ဘရိုက်တန်နဲ့ ပဲလေ့စ် တို့ကို ဂိုးပြတ် အနိုင်ရထားတာ တွေ့ရပါတယ်။ ဒီအခြေအနေအရ ဆိုရင် ဖူလ်ဟမ်ရဲ့ ခြေစွမ်းက မဆိုးဘူးလို့ ပြောလို့ ရပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ ပွဲ ကစားပြီးချိန်မှာလည်း မာကိုဆေးလ်ဗားရဲ့ အသင်းက ၂၃ မှတ် အထိ စုဆောင်းထားနိုင်ပါတယ်။ ဒါ့အပြင် ဖူလ်ဟမ်က ဒီရာသီ အဝေးကွင်း ရှုံးပွဲ ၂ ပွဲသာ ရှိထားပြီးတော့ မန်ချက်စတာ နှစ်သင်း ကိုပဲ ရှုံးထားတာ ဖြစ်ပါတယ်။ ၂ ပွဲနိုင်၊ ၃ ပွဲ သရေ ကစားထားနိုင်တာကို ကြည့်ခြင်း အားဖြင့် အဝေးကွင်းမှာ ပြိုင်ဘက် တော်တော်များများကို ဒုက္ခပေးတတ်တဲ့ အသင်း အဖြစ် သတ်မှတ်လို့ ရပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ လစ်ဗာပူးလ် ကွင်းလယ်က အလက်ဆစ် မာ့ခ် အယ်လစ္စတာ ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မှာ ဖြစ်ပြီး ကိုနာတေး၊ ဆီမီကတ်စ်၊ ကော်နာ ဘရက်ဒ်လီ တို့ကတော့ ကျိန်းသေပေါက် လွဲချော်ကြမှာ ဖြစ်ပါတယ်။ ခီယေဇာ ကတော့ ပါဝင်ကစားဖို့ မသေချာသေးဘူးလို့ သိရပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
လစ်ဗာပူးလ် – အလီဆွန်၊ အာနိုးလ်၊ ကွန်ဆာ၊ ဗန်ဒိုက်ခ်၊ ရော်ဘတ်ဆန်၊ ဂရာဗန်ဘက်ချ်၊ ဂျုံးစ်၊ ဆိုဘို့ဇ်လိုင်း၊ ဆာလာ၊ ဂက်ခ်ပို၊ ဒီးရာ့ဇ်
ဖူလ်ဟမ် – လန်နို၊ တီတီ၊ ကူအန်ကာ၊ ဒီယော့ပ်၊ ရော်ဘင်ဆင်၊ ဘာ့ဂျ်၊ လူကစ်၊ အီဝိုဘီ၊ စမစ်ရိုးဝ်၊ အဒမ်မာ၊ ဟင်မီနက်ဇ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၁၈ ကြိမ် တွေ့ဆုံခဲ့ရာမှာ လစ်ဗာပူးလ်က ၁၂ ကြိမ်နိုင်၊ ၃ ကြိမ် သရေ၊ ဖူလ်ဟမ်က ၃ ကြိမ် အနိုင်ရထားပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ လစ်ဗာပူးလ်က ၄ ကြိမ် အနိုင်ရပြီး ၁ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ အန်ဖီးလ်ကွင်း နောက်ဆုံး ၃ ကြိမ် တွေ့ဆုံမှု မှာလည်း လစ်ဗာပူးလ်က ၃ ကြိမ်စလုံး အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ လစ်ဗာပူးလ် နိုင်ရင် ၁.၃၂ ဆ ရမှာ ဖြစ်ပြီး ဖူလ်ဟမ် နိုင်ရင်တော့ ၆.၇၀ ဆ နဲ့ သရေ ဆိုရင်တာ့ ၅.၀၀ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း လစ်ဗာပူးလ်က နှစ်လုံး သွင်းမှ အပြည့်နိုင်မယ် ကြေးမျိုး ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ကတော့ အနိမ့်ဆုံး ၃ လုံးက စဖွင့်ထားပါတယ်။ ဒီပွဲက ဘယ်အသင်း ဘက်မှ နေသင့်သလဲ ဆိုတာ ပြောဖို့တောင် မလိုပါဘူး။ ဒါပေမယ့် ကျနော် ကတော့ အပြန်အလှန် သွင်းဂိုးတွေကို မျှော်လင့်ထားချင်ပြီး ဂိုးပေါ်ကို ပိုပြီး သဘောကျနေပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.