နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပြင်းထန်တဲ့ ပြိုင်ဆိုင်မှု၊ အငြင်းပွားဖွယ် ဖြစ်ရပ်တွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေမှု ပေးခဲ့တဲ့ လစ်ဗာပူးနဲ့ အာဆင်နယ် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

countdown banner

မနေ့ညက အာဆင်နယ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အပြီးမှာ လစ်ဗာပူးလ် နည်းပြ ယာဂင် ကလော့ပ်က အခုလိုပဲ ပြောကြားလိုက်ပါတယ်။ “အိုဒီဂတ်ရဲ့ လက်ထိဘောကို ကျွန်တော်လည်း မြင်လိုက်ပါတယ်။ တစ်ယောက်ယောက်က ကျွန်တော့် ဆီကို လာပြီး ဒါက ဘာကြောင့် ပင်နယ်တီ မဟုတ်တာလဲ ရှင်းပြပေးဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ဘယ်လိုရှင်းပြမလဲ မသိပါဘူး”

“ကွင်းလယ်ဒိုင်က ဒီဖြစ်ရပ်ကို မြင်လိုက်တယ်လို့ ကျွန်တော် မပြောပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအချိန်မှာ သူ ဘယ်နားရောက်နေမှန်း မသိလို့ပါ။ ဒါပေမယ့် ရုံးခန်းထဲက ဘဲ (VAR ဒိုင်ကို ရည်ညွှန်းသည်) က ဒါကို ဘယ်လိုဖြစ်ပြီး မမြင်ရတာလဲ။ သူ့အတွက် နောက်ထပ်ကြည့်စရာရှိသေးလား” လို့ ကလော့ပ်က ဆိုခဲ့တာပါ။
လစ်ဗာပူးလ်နဲ့ အာဆင်နယ်ပွဲ ပထမပိုင်းမှာ လစ်ဗာပူးက မိုဟာမက် ဆာလာ ဘောလုံးလှည့် အထွက်မှာ မာတင် အိုဒီဂတ် သိသိသာသာ လက်နဲ့ထိခဲ့ပြီး ပင်နယ်တီ ရခဲ့ပေမယ့် VAR ရော၊ ကွင်းလယ်ဒိုင်ရောက မျက်ကွယ်ပြုခဲ့ပါတယ်။

တစ်ဖက်မှာလည်း ပရီးမီးယားလိဂ်ရဲ့ Intensity တအားမြင့်တဲ့ ပွဲတစ်ပွဲကို ပရိသတ်တွေ ကြည့်ရှုခံစားခဲ့ရတာ ဖြစ်ပြီး ကြည့်ရကျိုးနပ်တဲ့ ပွဲတစ်ပွဲလည်း ဖြစ်ခဲ့မှာပါ။ လစ်ဗာပူးလ် ကွင်းလယ်ရဲ့ အားနည်းချက်တွေ၊ ဒဏ်ရာရဲ့ ထိုးနှက်မှုတွေကို မြင်တွေ့ခဲ့ရသလို အာတေးတားက ဒီပွဲ အတွက် တိုက်စစ်ပိုင်းကို အိမ်စာ ကောင်းကောင်း လုပ်ခဲ့တာလည်း ထင်ရှားပါတယ်။

ပရီးမီးယားလိဂ်
AFC ဘုန်းမောက်
ဖူလ်ဟမ်
1X2 သရေ (Draw) @ 3.24
ပထမပိုင်း ဂိုးအောက် 1.00 @ 2.20
ဂိုးပေါင်း 4-6 @ 3.01
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲအစ စက္ကန့် (၃၀) မှာကတည်းက အာဆင်နယ်တို့ ဂိုးရဖို့ အခွင့်အရေး စရခဲ့ပြီး စောစောစီးစီးပဲ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဂတ်ခ်ပို ပွဲကြောင်နေတဲ့ အချက် ကလည်း လစ်ဗာပူးလ် တိုက်စစ်ရဲ့ အဆုံးသတ်ပိုင်းကို ဆွံ့အစေခဲ့ပြီး ဂိုးပေးလိုက်ရတာ ကလည်း သူ့ရဲ့ အားနည်းချက်ကြောင့်ပါပဲ။

လစ်ဗာပူးလ် တစ်သင်းလုံး အထနှေးခဲ့တာက အာဆင်နယ်ရဲ့ ဦးဆောင်ဂိုးကို အစပြုစေခဲ့ပြီး ဂါဘရီရယ်က ပြစ်ဒဏ်ဘောက တစ်ဆင့် လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းခဲ့ပါတယ်။ လစ်ဗာပူးလ် ကွင်းလယ်မှာ ပွဲထွက်ခဲ့တဲ့ ကာတစ် ဂျုံးစ်၊ ဆိုဘော့ဇ်စလိုင်း၊ အန်ဒို တို့က လုပ်အားနှုန်း ကောင်းမွန်တဲ့ ကစားသမားပါ။

အသင်းလိုက် စုဖွဲ့မှုမှာ သူတို့ရဲ့ ပေါင်းစပ်နိုင်စွမ်းအားက လစ်ဗာပူးလ်ကို မျက်နှာမငယ်စေရပါဘူး။ ဒါပေမယ့် တကယ်တမ်း အရေးအကြောင်း ဆုံးဖြတ်ရတော့မယ့်အချိန်မှာ ဒီကစားသမားတွေရဲ့ Vision, Intelligence နဲ့ ပွဲအပေါ် ဖတ်ရှုနိုင်စွမ်းတွေက အခြား ထိပ်တန်း အသင်းတွေရဲ့ ကွင်းလယ်လူတွေထက် အားနည်းပါတယ်။

အာဆင်နယ်က ဒီပွဲမှာ ကွင်းလယ်ကို လွှမ်းမိုးနိုင်ခဲ့တာ၊ လစ်ဗာပူးကို အချို့သော ကဏ္ဍတွေမှာ ထိန်းချုပ်နိုင်ခဲ့တာတွေက အပေါ်မှာ ပြောသွားခဲ့တဲ့ အကြောင်းအရာတွေနဲ့ အများကြီး ဆက်စပ်နေပါတယ်။ ဒဏ်ရာ ပြဿနာ ထိုးနှက်မှု ကလည်း လစ်ဗာပူးလ် အတွက် တော်တော်ဆိုးပြီး ပထမပိုင်းမှာတင် ဆီမီကတ်စ် နာသွားသလို ဒုတိယပိုင်းမှာလည်း ဒီယက်ဇ် ဒူးဒဏ်ရာရသွားပါတယ်။

ကွင်းလယ်မှာ တော်တော်လေး Energy ကုန်နေတဲ့ ဆိုဘို့ဇ်လိုင်းရဲ့ နေရာကို လူစားလဲဖို့ ကလော့ပ် တစ်ယောက် မတတ်နိုင်ခဲ့ဘဲ မရှိ, ရှိတဲ့ အားနဲ့ပဲ ရုန်းတိုက်ခဲ့ရပါတယ်။ ဆာလာရဲ့ချေပဂိုး ကတော့ တော်တော်လေးကို ကောင်းလွန်းပါတယ်။

ဘာပဲပြောပြော ပရီးမီးယားလိဂ် ထိပ်သီး နှစ်သင်း အတွက် ၁-၁ ဆိုတဲ့ ရလဒ် ကတော့ မျှတတယ်လို့ပဲ ပြောလို့ ရပြီး ကြားထဲက ကျေနပ်စရာ ဖြစ်သွားတာ ကတော့ မန်စီးတီး လို့ပဲ မြင်ပါတယ်။
အငြင်းပွားစရာ ရင်ခုန်စရာတွေနဲ့ ပြည့်နှက်ခဲ့တဲ့ လစ်ဗာပူးလ်နဲ့ အာဆင်နယ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲ

ဒီကစားသမားက ဘာကြောင့် အီဂျစ်တွေ အတွက် နတ်ဘုရား ဖြစ်နေရသလဲ၊ ဘာကြောင့် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ယောက် ဖြစ်နေရသလဲ ဆိုတာကို ဒီသွင်းဂိုးက လုံးဝ သက်သေပြခဲ့ပါတယ်။ အာနိုးလ် ပေးလိုက်ချိန်မှာ လွတ်ထွက်သွားတဲ့ ဘောလုံးကို အရဆယ်ခဲ့တယ်၊ ဇင်ချန်ကို,ကို ကျော်ဖြတ်ခဲ့တယ်၊ ထောင့်ကျဉ်းအနေအထား၊ မကန်လောက်ဘူး ထင်နေတဲ့ အနေအထားမျိုးမှာ ကန်ချသွားခဲ့တာက တကယ်ကို လှပခဲ့ပါတယ်။ ဒီပွဲရဲ့ အစီအစဉ်တင်ဆက်သူ ကိုယ်တိုင်က “Sensational Finishing” လို့ သုံးသပ်ခဲ့ရပါတယ်။

နှစ်သင်းစလုံးက ဒီပွဲမှာ မဖြစ်မနေ အနိုင်ကန်ဖို့ မျှော်လင့်ခဲ့တာ ဒုတိယပိုင်းမှာ မြင်တွေ့ခဲ့ရပါတယ်။ တစ်သင်းနဲ့ တစ်သင်း အပြန်အလှန် ထိုးဖောက်မှုတွေ၊ နည်းဗျူဟာပိုင်း အားပြိုင်မှုတွေ၊ ပွဲပြီးခါနီး အထိ Tempo မချခဲ့တာတွေက ကြောက်ခမန်းလိလိပါပဲ။ ဘာပဲဖြစ်ဖြစ် နှစ်သင်းစလုံး အတွက် မျှတတဲ့ သရေ ရလဒ်တစ်ခု ဖြစ်ခဲ့ပြီး ပထမပိုင်းမှာ အိုဒီဂတ်ရဲ့ လက်ထိဘောကို ပင်နယ်တီမပေးခဲ့တာ ကတော့ ဒီပွဲရဲ့ ပြောစရာတွေထဲက တစ်ခု အဖြစ် ပါဝင်သွားခဲ့ပါတယ်။
ဘာပဲပြောပြော ပရီးမီးယားလိဂ် ထိပ်သီး နှစ်သင်း အတွက် ၁-၁ ဆိုတဲ့ ရလဒ် ကတော့ မျှတတယ်လို့ပဲ ပြောလို့ ရပြီး ကြားထဲက ကျေနပ်စရာ ဖြစ်သွားတာ ကတော့ မန်စီးတီး လို့ပဲ မြင်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်