လက်စတာစီးတီး – တော့တင်ဟမ်ဟော့စပါး
နည်းပြ အန်တိုနီယို ကွန်တီ စတင် ကိုင်တွယ်ချိန် ကတည်းက ပရီးမီးယားလိဂ် ရှုံးပွဲ မရှိသေးတဲ့ တော့တင်ဟမ်ဟော့စပါးတို့ အခုတစ်ပတ် မှာတော့ ဘရန်ဒန် ရော့ဒ်ဂျားစ်ရဲ့ လက်စတာစီးတီးကို ကင်းပါဝါမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်ကို ရောက်ကတည်းက ဝက်ဖို့ဒ်နဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ် ၁ ပွဲသာ ကစားရသေးတဲ့ လက်စတာစီးတီး အတွက် အရေးပါတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် လို့ပဲ ဆိုရပါမယ်။ ကိုဗစ် ၁၉ ကြောင့် အဲဗာတန်၊ ဘန်လေ တို့နဲ့ အမှတ်ပေး ပွဲစဉ် ၂ ပွဲဆက် ပွဲရွှေ့ခဲ့ရတဲ့ လက်စတာစီးတီးတို့ နောက်ဆုံး ကစားခဲ့တဲ့ လစ်ဗာပူးလ်နဲ့ မာဆေးလ်ဆိုဒ် ဒါဘီ ကို အနိုင်ရထားခဲ့ပါတယ်။ အခုနှစ် ဘောလုံး ရာသီမှာ ရလဒ်ကောင်းဖို့ ရုန်းကန်နေရတဲ့ လက်စတာစီးတီးတို့ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာကို ရောက်ရှိနေပြီး အဆင့် ၅ နေရာက အာဆင်နယ်ထက် ၂ ပွဲလျော့ ကစားထားပေမယ့် ၁၀ မှတ် အထိ ကွာဟနေခဲ့တာ ဖြစ်ပါတယ်။ ကစားသမားကောင်းတွေ အများကြီး ရှိပေမယ့် ဒဏ်ရာရ ကစားသမား၊ ကိုဗစ် ၁၉ ကူးစက်ခံရတဲ့ ကစားသမားတွေ များပြားနေမှုနဲ့ အတူ ခံစစ်ပိုင်းမှာ ဆိုးဆိုးရွားရွား အားနည်းချက် ရှိနေလို့ လက်စတာတို့ ပုံမှန် ခြေစွမ်းရဖို့ ရုန်းကန်နေရတာလို့ ဆိုရပါမယ်။ လက်တလော အသင်းမှာ ဝီလ်ဖရိုင်း အန်ဒီဒီ၊ အီရန်နာချို၊ မန်ဒီ၊ အမာတေးတို့ အာဖရိကနိုင်ငံများဖလား သွားရောက် ကစားနေသလို ဖိုဖာနာ၊ ကတ်စတန်ညာ၊ ဘာထရန်၊ ပရဲရား၊ အီဗန့်စ်၊ ဗာဒီ၊ ဆူမာရေး တို့ အားလုံး ဒဏ်ရာရနေတာကြောင့် အခုပွဲစဉ်ကို ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေပါတယ်။
အထက်မှာ ပြောခဲ့သလိုပဲ တော့တင်ဟမ်ဟော့စပါးဟာ နည်းပြ အန်တိုနီယို ကွန်တီ စတင် ကိုင်တွယ်ချိန်က စပြီး ပရီးမီးယားလိဂ် ရှုံးပွဲ လုံးဝ မရှိသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကွန်တီရဲ့ အသင်းဟာ ခရာဘောင်ဖလား ဆီမီးဖိုင်နယ် နှစ်ကျော့စလုံးမှာ ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့လို့ ပူပူနွေးနွေး ပြိုင်ပွဲ ကနေ ထွက်ခွာထားရတဲ့ အသင်း ဖြစ်ပါတယ်။ ယူရိုပါကွန့်ဖရင်လိဂ် မှာလည်း အုပ်စု ကနေ ထွက်ခွာထားရတဲ့ စပါးတို့ ဒီရာသီ အတွက် ဆိုရင် အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ် ကိုပဲ အာရုံစိုက်ရတော့မှာ ဖြစ်ပြီး ရာသီအကုန်မှာ ဥရောပဝင်ခွင့် ရရှိဖို့ ဆိုရင် လက်ကျန် ပွဲစဉ်တွေ ကနေ တတ်နိုင်သမျှ ရမှတ် ရှာဖွေ ရတော့မှာ ဖြစ်ပါတယ်။ ဟယ်ရီကိန်းနဲ့ လူးကပ်စ် မော်ရာတို့ ဦးဆောင်နေတဲ့ တိုက်စစ်က ပြိုင်ဘက် အသင်းတိုင်းရဲ့ နောက်တန်းကို ထိုးဖောက်နိုင်ပေမယ့် အဆုံးသတ် သေချာမှု အပိုင်းမှာ လိုအပ်ချက်တွေ ရှိနေလို့ လိုအပ်နေတဲ့ နိုင်ပွဲတွေနဲ့ လွဲချော်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာ ရရှိထားပြီး ၂ ပွဲရှုံး၊ ၁ ပွဲ သရေကျထားတဲ့ စပါး အသင်းရဲ့ ခြေစွမ်းက ယုံကြည်ထားလို့ မရသေးတဲ့ အခြေအနေလို့ ပြောရပါမယ်။ ဒီပွဲမှာတော့ တိုက်စစ်က ဆွန်ဟောင်မင် အပါအဝင် ရက်ဂီလွန်း၊ အဲရစ်ဒိုင်ယာ၊ ခရစ္စတီယန် ရိုမဲယို၊ ဒိန်းစကားလတ် တို့ ကိုဗစ် ၁၉ နဲ့ ဒဏ်ရာပြသနာ ရှိနေလို့ ကျိန်းသေပေါက် လွဲချောမယ်လို့ သိရပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း
နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၁၇ ကြိမ်မှာ လက်စတာစီးတီးတို့ ၅ ကြိမ် အနိုင်ရပြီး တော့တင်ဟမ်ဟော့စပါး ကတော့ ၉ ကြိမ်အထိ အနိုင်ရထားခဲ့ပါတယ်။ ထူးခြားချက်က ဒီနှစ်သင်း တွေ့ဆုံချိန်တိုင်းမှာ သရေ ရလဒ် ထွက်ပေါ်တာ ရှားပြီး ပြတ်သားတဲ့ ရလဒ် ထွက်ပေါ်လေ့ ရှိတာ ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာလည်း စပါးက ၃ ကြိမ်နိုင်ပြီး လက်စတာစီးတီးက ၂ ကြိမ် ပြန်လည် အနိုင်ထားတာ တွေ့ရပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
လက်စတာစီးတီး – တော့တင်ဟမ်ဟော့စပါး | အချိန်ပြည့်ဂိုးပေါ် ၃.၀၀ @ ၂.၄၂ ဆ | |
ဇန်နဝါရီလ၂၀ရက်၊ည၂:၀၀နာရီ (GMT+ ၆:၃၀) |
SBOTOP 1X2 မှာ ဆိုရင် အိမ်ရှင် အတွက် ၂.၉၉ ဆ၊ သရေ အတွက် ၃.၂၀ ဆနဲ့ ဧည့်သည် အတွက် ကိုတော့ ၂.၃၆ ဆ ကြေးဖွင့်ပေးထားပါတယ်။ အနိုင်/အရှုံး ပေါက်ကြေးအရ ဆိုရင် ကြေးနည်းနည်း ပြင်းပြီး အန္တရာယ်များတယ်လို့ ဆိုရပါမယ်။ လက်ရှိ ခြေစွမ်းအရ နှစ်သင်းလုံး ခြေအတက်အကျ မမှန်လို့လည်း ခန့်မှန်းရခက်ခဲနေတာ ဖြစ်ပါတယ်။ အဲ့တော့ အစဉ်အလာအရ ပြန်ကြည့်ဖို့ အကြောင်းဖန်လာပြီး တိုက်စစ် ကစားပုံ မဆိုးလှတဲ့ အခြေအနေတွေကြောင့် အပြန်အလှန် သွင်းဂိုးတွေကို မျှော်လင့် ကြည့်ချင်နေတာ ဖြစ်ပါတယ်။ အရဲစွန့် ရွေးချယ်ရမယ် ဆိုရင်တော့ ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမားတွေ ပိုပြီး ပိုင်ဆိုင်ထားတဲ့ ဧည့်သည် အသင်း နဲ့ပဲ ရပ်တည်ချင်ပါတယ်။
ခန့်မှန်းရလဒ် (၁-၂)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.