နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကံတရားရဲ့ ဖေးမမှုကြောင့် ဂွတ်ဒီဆင်ပါ့ခ်မှာ ၃ မှတ် အပြည့် ရခဲ့တဲ့ အဲဗာတန် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

အဲဗာတန် ၀-၂ မန်ချက်စတာစီးတီး

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ မှာတော့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်ချက်စတာစီးတီးတို့ ဖီးလ်ဖိုဒန်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အဲဗာတန်ကို ဂူဒီဆင်ပါ့ခ်မှာ အနိုင်ရသွားခဲ့ပါတယ်။ မန်ချက်စတာစီးတီးတို့ ၂၀၁၈ ခုနှစ် နောက်ပိုင်း ဂူဒီဆင်ပါ့ခ်မှာ အဲဗာတန်ကို ၆ ကြိမ်ဆက် အနိုင်ရခဲ့တာ ဖြစ်ပြီး အိမ်ကွင်း/ အဝေးကွင်း နှစ်ကျော့စလုံး အနေနဲ့ ဆိုရင်တော့ ၁၀ ကြိမ်ဆက် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲ မှာတော့ နှစ်သင်းလုံး ၄-၃-၃ အခင်းအကျင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပြီး အိမ်ရှင် အဲဗာတန် ဘက်မှာ ရစ်ချာလီဆင်၊ အီဝိုဘီ၊ ဂေါ်ဒန်၊ ဗန်ဒိဘိခ်၊ အဲလန်၊ ဒူကိုရေး၊ ကန်နီ၊ ကိန်း၊ ဟိုးလ်ဂိတ်၊ ကိုးလ်မန်း၊ ပစ်ခ်ဖို့ဒ်တို့ ပါဝင်ခဲ့ကြပါတယ်။ မန်စီးတီး ကတော့ တိုက်စစ်မှာ ဘာနာဒို ဆေးလ်ဗား၊ ဖိုဒန်၊ စတာလင်တို့ကို တွဲဖက်ပေးခဲ့ပြီး ကွင်းလယ်မှာ ဂွန်ဒိုအန်၊ ရိုဒရီ၊ ကီဗင်ဒီဘရိုင်းနား၊ ခံစစ်မှာ ကန်ဆယ်လို၊ လာပေါ့တ်၊ ဒီးရာ့စ်၊ စတုန်းစ်နဲ့ ဂိုးမှာတော့ အီဒါဆင်ပဲ ပွဲထွက်ခဲ့ပါတယ်။

အဲဗာတန် ကတော့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ပြန်ရှုံးခဲ့လို့ အဆင့် ၁၇ နေရာအထိ ရောက်ရှိသွားခဲ့ပြီး တန်းဆင်းဇုန် ဖိအားတွေ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် တန်းဆင်းဇုန် ဖိအားတွေ အောက်မှာ ရုန်းကန်ရတော့မယ့် အဲဗာတန်

အစောပိုင်း ပွဲချိန် တော်တော်များများမှာ အဲဗာတန်တို့ မန်ချက်စတာစီးတီးကို အကောင်းဆုံး ယှဉ်ကစားနိုင်ခဲ့ပြီး တိုက်စစ်က ရစ်ချာလီဆင်လည်း အပိုင် အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဒါပေမယ့် ဂိုးရနိုင်တဲ့ အခွင့်အရေး တချို့ကို ရစ်ချာလီဆင် ဖြုန်းတီးပစ်ခဲ့လို့ အဲဗာတန်တို့ နစ်နာခဲ့ရပါတယ်။ ဂွာဒီယိုလာရဲ့ အသင်း ကတော့ ထုံးစံ အတိုင်း အတည်ငြိမ်ဆုံး ကစားဟန်နဲ့ အတူ ပြိုင်ဘက်ရဲ့ အားနည်းချက်ကို ရှာပြီး ကစားခဲ့ပါတယ်။ ပွဲချိန် ကြာလာတာနဲ့ အမျှ ဖရန့်ခ် လမ်းပတ် အသင်းရဲ့ ကွင်းလယ်က မန်ချက်စတာစီးတီး ကွင်းလယ်ကို ယှဉ်ဖို့ ခက်လာခဲ့ပြီး ဗန်ဒီဘိခ် ဒဏ်ရာ ရသွားတာကြောင့်လည်း အဲဗာတန် အတွက် ဆုံးရှုံးမှု ကြီးမားခဲ့ရပါတယ်။ စိတ်ရှည် လက်ရှည်နဲ့ အဲဗာတန် ခံစစ်ကို ထိုးဖောက်နေခဲ့တဲ့ မန်စီးတီး တို့ ပွဲချိန် မိနစ် ၈၀ ကျော်မှာ လိုအပ်နေတဲ့ သွင်းဂိုး ရရှိခဲ့ပါတယ်။ ဘာနာဒိုဆေးလ်ဗား တောင်ပံကနေ ချိုးပေးလိုက်တဲ့ ဘောလုံးကို အဲဗာတန် နောက်တန်းက ဟိုးလ်ဂိတ်နဲ့ မိုက်ကယ် ကိန်းတို့ ပေါ့ပေါ့ဆဆ တားဆီးမိရာ ကနေ ဖိုဒန်က အခွင့်ကောင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ အဲဗာတန်ကို ချေပဂိုး ပြန်ရဖို့ နီးစပ်ခဲ့ပေမယ့် ရစ်ချာလီဆင် ထပ်မံ ဖြုန်းတီးပစ်ခဲ့သလို ပွဲပြီးခါနီး ရိုဒရီ ဧရိယာထဲမှာ သိသိသာသာ လက်ထိခဲ့ပြီး ဒိုင်လူကြီး ပေါလ် တီယာနေး VAR လည်း ပြန်ကြည့်ခဲ့ပေမယ့် ပင်နယ်တီ ပြစ်ဒဏ်ဘော အဖြစ် သတ်မှတ်ပေးခြင်း မရှိခဲ့လို့ ဖရန့်ခ် လမ်းပတ်ရဲ့ အသင်း အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။


ပွဲပြီးသုံးသပ်ချက်

မန်ချက်စတာစီးတီးတို့ ဒီထက်ပိုတဲ့ ဂိုးရလဒ်နဲ့ အနိုင်ရခဲ့သင့်သလို တစ်ဖက်က ပြန်ကြည့်ရင်လည်း အဲဗာတန်တို့ မရှုံးခဲ့သင့်ပါဘူး။ ရစ်ချာလီဆင် အနေနဲ့ အပိုင်အခွင့်အရေးတွေကို သွင်းဂိုး အဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့သလို ပွဲပြီးခါနီး ကွင်းလယ်ဒိုင်သာ အငြင်းပွားဖွယ် ဆုံးဖြတ်ချက် မချခဲ့ရင် ရလဒ်တမျိုးတဖုံ ပြောင်းလဲသွားနိုင်ပါတယ်။ ဘာပဲ ပြောပြော မန်စီးတီး ကတော့ လက်ရှိ ချန်ပီယံ ဆိုတဲ့ အရှိန်အဝါကြောင့်ပဲ ကံတရားရဲ့ မျက်နှာသာ ပေးခြင်း ခံခဲ့ရပြန်ပြီး လိုအပ်နေတဲ့ ၃ မှတ်ကို အရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီရလဒ်ကြောင့် မန်ချက်စတာစီးတီးတို့ လစ်ဗာပူးလ်ထက် ၁ ပွဲပို ၉ မှတ် အသာနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။ အဲဗာတန် ကတော့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ပြန်ရှုံးခဲ့လို့ အဆင့် ၁၇ နေရာအထိ ရောက်ရှိသွားခဲ့ပြီး တန်းဆင်းဇုန် ဖိအားတွေ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

နှစ်သင်းလုံး လာမယ့် ရက်မှာ အက်ဖ်အေဖလား ပဥ္စမအဆင့် ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး အဲဗာတန်က ဘောဟမ်းဝုဒ်၊ မန်စီးတီး ကတော့ ပီတာဘိုရိုနဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်