ဘရန့်ဖို့ဒ် -အဲဗာတန်
စက်တင်ဘာလအကုန် ကတည်းကပရီးမီးယားလိဂ် နိုင်ပွဲပျောက်ဆုံးနေခဲ့တဲ့ အဲဗာတန်တို့ ဒီတစ်ပတ် မှာလည်းဘရန့်ဖို့ဒ်ရဲ့ အိမ်ကွင်းရှိရာမြောက်လန်ဒန်ကိုသွားရောက် ကစားရမှာဖြစ်လို့ ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်လာဖို့ ရှိနေပါတယ်။ ဘရန့်ဖို့ဒ်တို့ ခြေပြန်ကျနေတယ် ဆိုပေမယ့် အဲဗာတန် ကလည်းစိတ်ချလို့ရတဲ့ ခြေစွမ်းမျိုးရှိမနေတဲ့ အတွက် အနိုင်အရှုံးထက် နှစ်သင်းပေါင်းသွင်းဂိုးအခြေအနေကိုစဉ်းစားသင့်တာကပိုပြီးအကျိုးရှိဖို့ များပါတယ်။
ပရီးမီးယားလိဂ်တာထွက်လှခဲ့တဲ့ ဘရန့်ဖို့ဒ်တို့ အသင်းငယ်တွေရဲ့ ထုံးစံအတိုင်းပွဲဆက် များလာတာနဲ့ အမျှ အဓိကကစားသမားတွေဒဏ်ရာပြသနာရှိလာခြင်းနဲ့ အတူရလဒ်ပိုင်းလည်းယိမ်းယိုင်လာတာတွေ့ရပါတယ်။ ဘရန့်ဖို့ဒ်တို့ ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီးနောက်လက်ရှိမှာတော့အမှတ်ပေးဇယားအဆင့် ၁၄ နေရာကိုရောက်ရှိနေပါတယ်။ ပြောရမယ် ဆိုရင် ဘရန့်ဖို့တ်တို့ ပရီးမီးယားလိဂ်မှာနိုင်ပွဲပျောက်ဆုံးနေခဲ့တာပြီးခဲ့တဲ့ အောက်တိုဘာလအစလောက်ထဲကဖြစ်ပြီးချဲလ်ဆီး၊ လက်စတာစီးတီး၊ ဘန်လေနဲ့ နော့ဝှစ်ချ်စီးတီးတို့ကိုဆက်တိုက် ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ ခရာဘောင်ဖလားစတုတ္ထအဆင့် ပွဲစဉ် မှာတော့ ချန်ပီယံရှစ် ကလပ် စတုတ်စီးတီးကိုအနိုင်ရထားခဲ့ပေမယ့် ခြေစွမ်းပိုင်းအရသိပ်တော့ အားရစရာမရှိခဲ့ပါဘူး။နောက်ဆုံးကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲမှာတော့ ဘရန့်ဖို့ဒ်တို့ အနည်းငယ် ခြေပြန်မှန်လာပေမယ့် သရေတစ်မှတ်နဲ့ပဲကျေနပ်ထားရပါတယ်။ ဒဏ်ရာရကစားသမားစာရင်းမှာတော့ ရာယာ၊ ဒါဆေးလ်ဗား၊ ခရစ္စတိုဖာအေယား၊ ဂျော်ဂျန်ဆင်၊ ဂျင်းန်ဗီယာတို့ ပါဝင်နေဆဲဖြစ်လို့ ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေပါတယ်။
အန်ဆယ်လော့တီစွန့်ခွာသွားတဲ့နောက် ဘင်နီတက်ဇ်နဲ့ အစားထိုးခဲ့တဲ့ အဲဗာတန် ကတော့ လက်ရှိရာသီမှာတော်တော်လေးခြေစွမ်းကျဆင်းသွားခဲ့တာတွေ့ရပါတယ်။ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပြီးချိန်မှာနိုင်ပွဲ ၄ ပွဲ၊ သရေ ၃ ပွဲ၊ ရှုံးပွဲ ၅ ပွဲရှိထားတဲ့ အဲဗာတန်ရဲ့ စွမ်းဆောင်ရည်ကဆိုးရွားနေတယ်လို့ ပြောလို့ ရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကုန် နော့ဝှစ်ချ်စီးတီးကိုအနိုင်ရခဲ့တဲ့ ပွဲပြီးကတည်းကနောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲပျောက်နေခဲ့တာဖြစ်ပါတယ်။ ၄ ပွဲရှုံး၊ ၂ ပွဲသရေရလဒ်ကိုပိုင်ဆိုင်ထားလို့ နိုင်ပွဲပျောက်တယ် ဆိုတာထက် ရှုံးပွဲများနေတယ်လို့ ပြောရင် ပိုမှန်ပါလိမ်မယ်။ ဘင်နီတက်ဇ်ရဲ့ အသင်းဟာကစားသမားကောင်းတွေအများကြီးရှိနေပေမယ့် တစ်ပွဲနဲ့ တစ်ပွဲခြေစွမ်းအတက်အကျ မမှန်လို့ ခန့်မှန်းရခက်တဲ့ အသင်းလို့ ပြောရပါမယ်။ နောက်ဆုံးကစားခဲ့တဲ့ မန်ချက်စတာစီးတီးနဲ့ ပွဲမှာဆိုရင်လည်းရစ်ချာလီဆင်၊ တောင်ဆန်၊ ဂရေး၊ အဲလန်၊ ကိန်း၊ ဒီနီး၊ ပစ်ခ်ဖို့ဒ်၊ ဒက်ဖ် တို့ ပါဝင်ခဲ့ပေမယ့် ၃ ဂိုးပြတ် ရလဒ်နဲ့ အရေးနိမ့်ထားခဲ့ပါတယ်။တိုက်စစ်ကဒေါမနစ် ကလဲဗက် လီဝင်းဒဏ်ရာကြောင့် နားနေရတဲ့ အချိန်မှာဂိုးသွင်းနှုန်းကျဆင်းသွားခဲ့ပြီးဒူကိုရေး၊ အန်ဒရီဂိုးမက်စ်၊ မီလ်နာ၊ ဟိုးလ်ဂိတ် တို့ မပါဝင်နိုင်ရင် ကွင်းလယ်နဲ့ ခံစစ်ကသာမန်အသင်းတစ်သင်းအဆင့်ကိုရောက်သွားတတ်တာလည်းတွေ့နေရပါတယ်။ အခုလာမယ့် ပွဲမှာလည်းဒီကစားသမားတွေအပြင် ကွင်းလယ်ကအဲလန်နဲ့ ဂရေးတို့ ပါဝင်လာဖို့ မသေချာသေးလို့ စုဖွဲ့မှုအပိုင်းမှာသိသိသာသာအားနည်းနေဦးမှာသေချာပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
၁၉၅၄ ခုနှစ် နောက်ပိုင်းအမှတ်ပေးပြိုင်ပွဲမှာပထမဦးဆုံးအကြိမ် ပြန်လည် တွေ့ဆုံမှုဖြစ်ပါတယ်။ အဲ့တုန်းကနောက်ဆုံးတွေ့ဆုံမှုမှာတော့ အဲဗာတန်တို့ ဂူဒီဆင်ပါ့ခ်မှာ ၆-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်ကလိဂ်ဖလားပြိုင်ပွဲမှာတော့ တစ်ကြိမ် တွေ့ဆုံထားခဲ့ပြီးမိနစ် ၉၀ အတွင်းတစ်ဖက် ၁ ဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ထားခဲ့ဖူးပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
ဘရန့်ဖို့ဒ် -အဲဗာတန် | အချိန်ပြည့် ဂိုးပေါ် ၂.၂၅ @ ၁.၉၈ ဆ | |
နိုဝင်ဘာလ၂၈ရက် , ည၈:၃၀နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက် ၂.၂၈ ဆ၊ ဧည့်သည် အတွက် ၃.၂၅ဆ၊ သရေအတွက် ၃.၁၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် လက်ရှိခြေစွမ်းပိုင်းအရနှစ်သင်းလုံးကိုယုံကြည်လို့ မရပါဘူး။ ဘရန့်ဖိုဒ်ဟာအိမ်ကွင်းစွမ်းဆောင်ရည် ညံ့ပြီးအဲဗာတန်ကအဝေးကွင်းကစားပုံမကောင်းပါဘူး။ အဲ့တော့ အနိုင်/အရှုံးမသေချာမယ့် အတူတူ ၂ ဆနီးပါးရနိုင်မယ့် ဂိုးပေါင်း ၂.၂၅ ကိုရွေးချယ်တာကအသင့်လျော်ဆုံးဖြစ်ပါလိမ့်မယ်။ ဘယ်အသင်းနိုင်နိုင် ဂိုးပြတ်မယ့် အလားအလာမရှိပါဘူး။မဖြစ်မနေရွေးချယ်ပါ ဆိုရင်တော့ ဘရန့်ဖို့ဒ် ဘက်မှာပဲရပ်တည်ချင်ပါတယ်။
ခန့်မှန်းရလဒ်(၂-၁)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.