အဲဗာတန် – လက်စတာစီးတီး
ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် အဲဗာတန်က လက်စတာစီးတီးကို ဂွတ်ဒီဆင်ပါ့ခ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ အိမ်ကွင်းမှာ တွေ့ဆုံခဲ့တဲ့ ၃ ကြိမ်စလုံး လက်စတာစီးတီးကို အသာမရခဲ့တဲ့ အဲဗာတန်တို့ ဒီတစ်ကြိမ်မှာရော ရလဒ်ကောင်း ရရှိအောင် စွမ်းဆောင်နိုင်ပါ့မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အဲဗာတန်က ဒေးဗစ် မွိုက်စ် လက်ထက်မှာ တိုးတက်မှုတွေ မြင်တွေ့လာရပြီး ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် နှစ်ပွဲမှာ စပါးနဲ့ ဘရိုက်တန်လို အသင်းကောင်းတွေကို အနိုင်ရရှိအောင် စွမ်းဆောင်ထားပါတယ်။ ဒီနှစ်ပွဲ ကနေ ၆ မှတ် ရလိုက်တဲ့ အဲဗာတန်က တန်းဆင်းဇုန်နဲ့ ၇ မှတ် အကွာကို ရောက်သွားပြီး ဖိအားတွေ အောက်ကနေ အတန်အသင့် ရုန်းထွက်ထားနိုင်ခဲ့ပါတယ်။ ဒေးဗစ် မွိုက်စ် ကလည်း အဲဗာတန်နဲ့ ဆိုရင် ကီးကိုက်တဲ့ နည်းပြလို့ ပြောလို့ ရအောင်ကို တော်ဖီတွေက ဒီနည်းပြအောက်မှာ ပုံစံ တစ်ခု ပြောင်းလဲသွားခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် အဲဗာတန်က လက်စတာစီးတီးနဲ့ အိမ်ကွင်းမှာ နောက်ဆုံး တွေ့ဆုံမှု ၃ ကြိမ်စလုံး ရလဒ်မကောင်းခဲ့လို့ ဒီပွဲကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
လက်စတာစီးတီး ကတော့ နည်းပြ ရု့ဒ် ဗန် နစ္စတယ်ရွိုင်း လက်အောက်မှာ ရုန်းကန်နေရဆဲ ဖြစ်ပြီးတော့ နိုင်ပွဲ ၃ ပွဲ၊ သရေ ၁ ပွဲနဲ့ ရှုံးပွဲ ၇ ပွဲ အထိ ရှိထားပါတယ်။ လက်စတာက ပြီးခဲ့တဲ့ ပွဲမှာ ခြေပျက်နေတဲ့ စပါးကို အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲက လွတ်မြောက်လာပေမယ့် ဝုဗ်နဲ့ ၁ မှတ်သာ ကွာဟနေပါသေးတယ်။ ဒါကြောင့် လက်စတာစီးတီး တို့ တန်းပြန် မဆင်းချင်ရင် လက်ကျန်ပွဲတွေမှာ တတ်နိုင်သမျှ ရမှတ် ရှာဖွေဖို့ လိုအပ်နေပါတယ်။ ဒီပွဲပြီးရင် လက်စတာက ဇယား အပေါ်က အသင်းကြီးတွေနဲ့ ဆက်တိုက် ကစားရဦးမှာ ဖြစ်လို့ အခုပွဲ ကနေ တတ်နိုင်သမျှ အမှတ်ယူဖို့ ကြိုးစားပါလိမ့်မယ်။ ဘာပဲပြောပြော စပါးကို နိုင်လိုက်တာက မြေခွေးတွေ အတွက် အားတစ်ရပ် ဖြစ်သွားစေနိုင်လို့ ဒီပွဲမှာ ဘယ်လောက်အထိ လုပ်ပြနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။
နှစ်ဖက်အသင်း သတင်းများ
လက်စတာစီးတီး ဘက်မှာတော့ ဖာတာဝူ၊ အန်ဒီဒီ၊ ပါရဲရား တို့ လွဲချော်ကြမှာပါ။
ဖြစ်နိုင်ဖွယ် လူစာရင်း
အဲဗာတန် – ပစ်ခ်ဖို့ဒ်၊ အိုဘရိုင်ရန်၊ တာကောစကီး၊ ဘရန့်ဝိတ်သ်၊ မိုင်ကိုလန်ကို၊ လင်းစတွမ်း၊ ဂူရီ၊ ဂါနာ၊ ဒူကိုရေး၊ အန်ဒီရာရီ၊ ဘီတို
လက်စတာစီးတီး – ဟာမန်ဆန်၊ ဂျက်စတင်၊ ဖေးစ်၊ ဗက်စတာဂတ်၊ ခရစ္စတန်ဆန်၊ ဝင့်ခ်၊ ဆူမာရေး၊ အာယူး၊ အဲလ်ခန်နော့စ်၊ ရိဒ်၊ ဗာဒီ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၂၂ ကြိမ် တွေ့ဆုံခဲ့ရာမှာ အဲဗာတန်က ၇ ကြိမ်နိုင်၊ လက်စတာစီးတီးက ၈ ကြိမ် နိုင်ခဲ့ပါတယ်။ ၇ ကြိမ် ကတော့ သရေကျခဲ့ပြီး ပရီးမီးယားလိဂ် တွေ့ဆုံမှု နောက်ဆုံး ၅ ကြိမ် မှာတော့ တစ်ကြိမ်စီ အနိုင်ရထားပြီး ၃ ကြိမ် သရေကျခဲ့ပါတယ်။ ဂွတ်ဒီဆင်ပါ့ခ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာတော့ လက်စတာစီးတီးက ၂ ကြိမ် အနိုင်ရခဲ့ပြီး အဲဗာတန်က ၁ ကြိမ်နိုင်ကာ ၂ ကြိမ် သရေကျခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အဲဗာတန် နိုင်ရင် ၁.၇၈ ဆ၊ လက်စတာစီးတီး နိုင်ရင်တော့ ၄.၁၅ ဆ၊ သရေ ဆိုရင်တော့ ၃.၃၅ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အဲဗာတန်က သရေရှုံး၊ တစ်လုံး တစ်ဝက်စား၊ တစ်လုံး သရေကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးဆို အောင်ပါပြီ။ နှစ်သင်းစလုံး ပြီးခဲ့တဲ့ ပွဲတွေမှာ နိုင်ပွဲ ကိုယ်စီ ရရှိထားကြလို့ စိတ်ဓာတ်ပိုင်းမှာ အမြင့်ရောက်နေမှာ သေချာပါတယ်။ အဲဗာတန်က လက်စတာစီးတီးထက် ခြေစွမ်းပိုင်းမှာ အနည်းငယ် ပိုသာနေတယ်လို့ ပြောလို့ ရသလို လူအင်အား ကလည်း ပိုတောင့်နေပါတယ်။ လက်စတာက ပြီးခဲ့တဲ့ တွေ့ဆုံမှုတွေမှာ အဲဗာတန်ကို ဒုက္ခပေးနိုင်ခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ မလွယ်ပါဘူး။ အဲဗာတန် ဘက်မှာပဲ နေရမယ့် ပွဲပါ။
ခန့်မှန်းရလဒ်
အဲဗာတန် ၂-၁ လက်စတာစီးတီး
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.