နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်း အတွက် အဆင်သင့် ဖြစ်နေပြီလို့ ဆိုလိုက်တဲ့ ဟာလန်း | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ၄ နှစ်ဆက် ချန်ပီယံ မန်ချက်စတာစီးတီး အသင်းရဲ့ တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ လာမ့ယ့် ရာသီသစ် အတွက် အဆင်သင့် ဖြစ်နေပြီလို့ ကြုံးဝါး ပြောဆိုလိုက်ပါတယ်။

မန်စီးတီးဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၄ နှစ်ဆက်တိုက် ကိုင်မြှောက်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ နှစ်ရာသီမှာ အာဆင်နယ်ရဲ့ အနီးကပ် ဖိအားပေးမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြိုင်ပွဲ တစ်ပွဲကို ဘယ်လို အနိုင်ယူရမယ် ဆိုတာ ကောင်းကောင်း သိနေတဲ့ ပပ် ဂွာဒီယိုလာရဲ့ အသင်းက ရာသီကုန်ချိန် မှာတော့ အမှတ်ပေးချန်ပီယံဆုနဲ့ အတူ အောင်ပွဲခံနိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ ရာသီက ဖလား ၄ လုံး ချန်ပီယံ ဖြစ်ဖို့ မျှော်လင့်ခဲ့ပေမယ့် ခရာဘောင်ဖလားကို လစ်ဗာပူးလ်၊ အက်ဖ်အေဖလားကို မန်ချက်စတာယူနိုက်တက်က ရယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးက ချန်ပီယံလိဂ် မှာလည်း လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ပရီးမီးယားလိဂ် ဖလား တစ်လုံး တည်းနဲ့သာ ကျေနပ်ခဲ့ရတဲ့ မန်စီးတီးက ရာသီသစ်မှာတော့ အောင်မြင်မှုတွေ ပြန်လည် ရယူနိုင်ဖို့ ရည်ရွယ်နေတာ တွေ့ရပါတယ်။

အသက် ၂၄ နှစ် အရွယ် နော်ဝေ လက်ရွေးစင် တိုက်စစ်မှူးဟာ ၂ဝ၂၂ ခုနှစ်မှာ ဒေါ့မန် ကနေ မန်စီးတီးကို ရောက်ရှိလာခဲ့ပြီး မန်စီးတီး အတွက် ၂ ရာသီ အတွင်း ပြိုင်ပွဲစုံ ၉၈ ပွဲ အထိ ပါဝင်ကစားခဲ့သလို သွင်းဂိုး ကလည်း ဂိုး ၉၀ အထိ ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ဥရောပ ထိပ်တန်း ကလပ် အသင်းကြီးတွေ အနေနဲ့ လာမယ့် ဘောလုံးရာသီမှာ ပုံစံသစ်နဲ့ ပြောင်းလဲ ကျင်းပတော့မယ့် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် တို့လို ပြိုင်ပွဲကြီးတွေမှာ ပွဲစဉ် အများအပြား ကစားရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၄/၂၅ ဘောလုံးရာသီ အပြီး မှာလည်း ကလပ်ကမ္ဘာ့ ဖလားပြိုင်ပွဲ အပြင် နိုင်ငံလက်ရွေးစင် အသင်းတွေ ကစားရမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲတွေကိုပါ ဆင်နွှဲရဦးမှာ ဖြစ်လို့ ကစားသမားတွေ ကတော့ တော်တော်လေး ပွဲပန်းကြဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ် ဖလား တစ်လုံး တည်းနဲ့သာ ကျေနပ်ခဲ့ရတဲ့ မန်စီးတီးက ရာသီသစ်မှာတော့ အောင်မြင်မှုတွေ ပြန်လည် ရယူနိုင်ဖို့ ရည်ရွယ်နေတာ တွေ့ရပါတယ်။
မန်စီးတီး အတွက် ဂိုး ၉၀ အထိ သွင်းယူပေးထားတဲ့ ဟာလန်း

ဒီလို ပွဲဆက်တွေ များပြားလာဖို့ ရှိနေတာနဲ့ ပတ်သက်ပြီး အာလင်း ဟာလန်း က “ယေဘုယျအားဖြင့် ကစားသမားတွေ ဘယ်လောက် ပင်ပန်း နွမ်းနယ်နေရတယ် ဆိုတာ ယူရို ပြိုင်ပွဲမှာပဲ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတယ်။ ကစားသမားတွေရဲ့ ခြေစွမ်း အဆင့်အတန်းကို မြင်နိုင်ပေမယ့် ဘောလုံးကစားရတာ ဘယ်လောက်အထိ ပင်ပန်းလဲဆိုတာ သူတို့ရဲ့ မျက်နှာတွေမှာ အထင်းသား မြင်ရပါတယ်။ အခုဘောလုံးရာသီ ကလည်း ဒီလိုပဲ ဖြစ်မယ်လို ကျွန်တော် ထင်ပါတယ်။ တချို့ဆိုရင် အားလပ်ရပ်တောင် အများကြီး မရခဲ့ဘူး။ ဒါကြောင့် ပွဲတိုင်းလိုလို မှာတော့ ကျွန်တော်တို့ ခြေစွမ်းပြနိုင်မယ် မထင်ပါဘူး။ ကျွန်တော်တို့ ကြိုးစား ကစားကြမှာ မှန်ပေမယ့် တစ်ရာသီလုံး ပွဲ ၇၀ လောက်အထိ ကစားရမယ် ဆိုရင်တော့ တကယ့်ကို ခက်ခဲပါလိမ့်မယ်။ အကောင်းဆုံး ပုံစံရဖို့ ဆိုရင်တော့ အသင်းက ကစားသမားတွေနဲ့ လက်တွဲပြီး ကြိုးစား လုပ်ကိုင်ဖို့ လိုအပ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဟာလန်းက ဒီကာလက ၂၀၁၄ ခုနှစ် နောက်ပိုင်း သူ့ အတွက် အကြာဆုံး အနားယူခဲ့ရတဲ့ ကာလ ဖြစ်ကြောင်း လုံလုံလောက်လောက် အနားယူထားရလို့လည်း ရာသီသစ် အတွက် အဆင်သင့် ဖြစ်နေကြောင်း ပင်ပန်းမှု ဒဏ်ကို ခံစားထားရတာကြောင့် ဒီလို အနားယူဖို့ လိုအပ်ခဲ့ကြောင်း ပြောကြားသွားခဲ့ပါသေးတယ်။ နောက်ဆုံးမှာတော့ နော်ဝေ တိုက်စစ်မှူးက “လာမယ့်ရာသီက ရှည်လျားတော့မယ်လို ကျွန်တော် တွေးမိပေမယ့် အကောင်းဆုံး လုပ်ဆောင်နိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်။” ဆိုပြီး ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်