နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရလဒ်တွေ ကောင်းနေပေမယ့် အသင်းက ချန်ပီယံ မဖြစ်နိုင်သေးကြောင်း ပြောလာတဲ့ အန်ဇို မာရက်စ်ကာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ချဲလ်ဆီး ကတော့ ဒီရာသီ နည်းပြသစ် အန်ဇို မာရက်စ်ကာ လက်အောက်မှာ တည်ငြိမ်တဲ့ ခြေစွမ်းနဲ့ ရလဒ်တွေ ကောင်းမွန်နေခဲ့တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဘရန့်ဖိုဒ် နည်းပြ သောမက်စ် ဖရန့်ခ်က လက်ရှိ ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးက အကောင်းဆုံး အသင်း ဖြစ်ကြောင်း ချီးကျူး ပြောဆိုလာခဲ့ပါတယ်။ ဒါ့အပြင် သောမက်စ် ဖရန့်ခ်က ချဲလ်ဆီးဟာ အမှတ်ပေးဇယား ထိပ်ဆုံးက လစ်ဗာပူးလ် ထက်လည်း ပိုပြီး ကောင်းမွန်တယ်လို့ မှတ်ချက်ပေး ပြောကြားသွားခဲ့ပါတယ်။

ချဲလ်ဆီးက အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရန့်ဖို့ဒ်ကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ရင်ဆိုင်ကစားရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒီပွဲ မတိုင်ခင် ဘရန့်ဖို့ဒ် နည်းပြက ပြိုင်ဘက်နဲ့ ပတ်သတ်ပြီး ပတ်သက်ပြီး အခုလိုပဲ ချီးကျူးစကား ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ ဖရန့်ခ်က “အသင်းကောင်း နှစ်သင်းရဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ ပွဲ တစ်ပွဲ ဖြစ်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူတို့ အသင်း ကလည်း လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းလည်း ဖြစ်ပါတယ်။ သူတို့က အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည် နေတဲ့ လစ်ဗာပူးလ် ထက်တောင် ပုံစံကောင်းတွေ ပိုပြီး ပြသထားနိုင်ပါတယ်။ သူတို့ အသင်းက မယုံနိုင်လောက်အောင် ကစားပြနေပြီးတော့ နည်းပြကောင်း တစ်ဦး ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ အန်ဇို မာရက်စ်ကာ ကလည်း သူရဲ့ နည်းပြ အဖွဲဝင်တွေနဲ့ အတူ ထိပ်တန်း အလုပ် တစ်ခုကို အကောင်းဆုံး လုပ်ဆောင်နေပြီး တော့ သူတို့ အသင်း ဟာလည်း တော်တော်လေး အန္တရာယ်များတဲ့ အသင်း ဖြစ်ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

ဘရန့်ဖို့ဒ်ဟာ အိုင်ဗန် တိုနေးလို အားထားရတဲ့ တိုက်စစ်မှူး တစ်ဦးကို လက်လွှတ်ထားရပေမယ့် ဒီရာသီမှာ ဘယ်လိုမှ မထင်ထားလောက်အောင် တိုက်စစ်ပိုင်းက အားကောင်းနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ချဲလ်ဆီး ပြီးရင် ပရီးမီးယားလိဂ်ရဲ့ တိုက်စစ် အကောင်းဆုံး အသင်း အဖြစ် စပါး အသင်းနဲ့ အတူ ရပ်တည်နေကာ ၃၁ ဂိုး သွင်းယူထားနိုင်ပါတယ်။ အန်ဇို မာရက်စ်ကာရဲ့ ချဲလ်ဆီးက ဒီရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ ၉ ပွဲ၊ သရေ ပွဲ ၄ ပွဲ၊ ရှုံးပွဲ ၂ ပွဲ၊ ရမှတ် ၃၅ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာမှာ ရပ်တည်ထားနိုင်ပါတယ်။

ချဲလ်ဆီးက အမှတ်ပေးဇယား ထိပ်ကနေ လစ်ဗာပူးလ်ထက် ၁ ပွဲ ပိုကစားထားပြီး ၄ မှတ် ကွာဟနေပါတယ်။ ချဲလ်ဆီးက နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲ ဆက်တိုက် နိုင်ပွဲ ရထားတဲ့ ချဲလ်ဆီးက ယူရိုပါကွန့်ဖရင့်လိဂ် မှာလည်း ရာနှုန်းပြည့် နိုင်ပွဲနဲ့ အတူ ၁၆ သင်း အဆင့်ထိ တက်လှမ်းထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အခုတစ်ပတ် မှာတော့ ချဲလ်ဆီးက တနင်္လာနေ့ ညမှာ ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၆ အဖြစ် ကစားသွားရဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်