ဘန်လေ – ဝက်ဖို့ဒ်
ရာသီဝက် ပွဲစဉ်တွေ မတိုင်မီ ပရီးမီးယားလိဂ် တန်းဆင်းဇုန် တိုက်ပွဲလို့ ပြောလို့ ရပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ ပွဲ ကစားပြီး ရမှတ် ၁၃ မှတ်ပဲ ရထားတဲ့ ဝက်ဖို့ဒ်က အဆင့် ၁၇ မှာ ရှိနေပြီး ၁၅ ပွဲ ကစား ၁၁ မှတ် ရထားတဲ့ ဘန်လေက အဆင့် ၁၈ မှာ ရှိနေလို့ ပြိုင်ဆိုင်မှု ပိုပြီး ပြင်းထန်ဖို့ ရှိနေပါတယ်။ တိုက်စစ်ထက် ခံစစ်ကစားပုံ ပိုကောင်းတဲ့ အသင်းနှစ်သင်းရဲ့ အားပြိုင်မှုက ပရိသတ်အကြိုက် စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။
ဘန်လေရဲ့ လက်ရှိ အခြေအနေက လိုအပ်ချက် ရှိနေတယ် ဆိုပေမယ့် အဆိုးရွားကြီးတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲ ၁ ပွဲတည်းသာ ရှိထားတဲ့ အခြေအနေက သက်သေပါ။ ဒါပေမဲ့ တိုက်စစ် လိုအပ်ချက်တွေ နဲ့အတူ သရေ ရလဒ်တွေ အရများနေတာ ကတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ အပြီး သရေပွဲ ၈ ပွဲ နဲ့အတူ သရေပွဲရလဒ် အများဆုံး ရထားတဲ့ ဘန်လေရဲ့ အခြေအနေက နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲ သရေကျ ထားတာပါ။ နောက်ဆုံး ၅ ပွဲမှာ တိုက်စစ်က ၄ ဂိုးပဲ ရရှိထားပြီး ခံစစ်က ၅ ဂိုး ပြန်ပေး ထားရတာကိုတော့ သတိပြုရပါလိမ့်မယ်။ နဂိုကတည်းက ခံစစ်ကစားပုံ ကျစ်လစ်တဲ့ အသင်းဖြစ်လို့ အိမ်ကွင်းမှာ အကောင်းဆုံး ပြင်ဆင်လာမှာတော့ သေချာပါတယ်။ ကော်နက်၊ ဘာနက်စ်တို့ ဒဏ်ရာပြဿနာ ရှိနေပြီး ရောဘတ်စ် ကတော့ ကိုဗစ်-၁၉ ကူးစက်ခံထားရလို့ ပွဲကစားဖို့ မဖြစ်နိုင်တော့ပါဘူး။ ခရစ္စဝုဒ်၊ တာကောစကီး၊ ဘန်မီး၊ နစ်ခ်ပုတ်၊ မက်နေးလ်၊ ဗာဒရာတို့ကို ပွဲထွက်လူစာရင်းမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။
ဝက်ဖို့ဒ် အတွက် ပွဲကြပ်ကာလက တော်တော်လေးကို ကြမ်းတမ်းတယ်လို့ ဆိုရမှာပါ။ ဒဏ်ရာရ ကစားသမား များပြားနေတဲ့ အချိန်မှာ အာဆင်နယ်၊ ယူနိုက်တက်၊ လက်စတာ၊ ချဲလ်ဆီး၊ မန်စီးတီး တို့နဲ့ ဆက်တိုက် ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။ ရလဒ်ပိုင်း လို အပ်ချက်မြင့်နေတဲ့ အချိန် ဘရန့်ဖို့ဒ်ကိုပါ ထပ်ပြီး အရေးနိမ့်ခဲ့ခြင်းက အသင်းကို ပရီးမီးယားလိဂ် တန်းဆင်းဇုန်နဲ့ အနီးဆုံး နေရာကို တွန်းပို့လိုက်တယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ ဝက်ဖို့ဒ်ရဲ့ ခြေစွမ်းနဲ့ ကစားအားက လျှော့တွက်လို့ မရဘူးဆိုတာ အသင်းကြီးတွေနဲ့ ပွဲကိုကြည့်ရင် သိနိုင်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲတည်းသာ ရှိထားပြီး ၄ ပွဲဆက်တိုက် ရှုံးပွဲ ကြုံတွေ့ထားခဲ့တာ ကိုတော့ သတိ ပြုရမှာပါ။ တိုက်စစ်က ၉ ဂိုးသွင်းပြီး ခံစစ်က ၁၂ ဂိုး ပြန်ပေးထားရတာ ကတော့ ချွင်းချက်တစ်ခု အဖြစ် သတ်မှတ်ရမှာလည်း ဖြစ်ပါတယ်။ မက်ဆီနာ၊ အီတီဘို၊ အန်ကွန်လူ၊ အစ္စမီလာဆား၊ ဖော်စတာတို့ ဒဏ်ရာပြဿနာ ရှိနေလို့ ဒီပွဲကို ပါဝင်နိုင်မှာ မဟုတ်ပါဘူ။ ဂျိုရှုဝါကင်း၊ ဆစ်ဆိုကို၊ ကလေဗာလေ၊ ကာဘစ်စလေ၊ ဒန်နီရို့စ်တို့ကို ပွဲထွက်စာရင်းမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ထိပ်တိုက်တွေ့ဆုံမှု ၃၈ ကြိမ်မှာ ဘန်လေက ၁၈ ကြိမ်နိုင်၊ ဝက်ဖို့ဒ်က ၁၀ ကြိမ် ပြန်နိုင်ပြီး ၁၀ ကြိမ် သရေကျထားခဲ့ပါတယ်။ အစဉ်အလာအရ အသာရနေတဲ့ ဘန်လေ အနေနဲ့ ပြီးခဲ့တဲ့ရာသီ အိမ်ကွင်း တွေ့ဆုံမှုမှာတော့ ဂျေးလ်ရိုဒရီဂွက်ဇ်ရဲ့ သွင်းဂိုး တစ်ဂိုးတည်း နဲ့အတူ ဝက်ဖို့ဒ်ကို အနိုင် ရရှိထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
ဘန်လေ – ဝက်ဖို့ဒ် | အချိန်ပြည့် 1X2 သရေ @ ၃.၃၅ ဆ | |
ဒီဇင်ဘာ ၁၆ ရက်၊ မနက် ၂:၀၀ နာရီ (GMT+ ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်း အတွက် ၂.၁၃ ဆ၊ သရေ အတွက် ၃.၃၅ ဆ၊ ဧည်သည့်အသင်း အတွက် ၃.၃၀ ဆ ကြေးဖွင့်ထားပါတယ်။ နှစ်သင်းလုံးရဲ့ ခြေစွမ်းနဲ့ ရလဒ်က သိပ်ပြီး ကွာဟမှု မရှိပါဘူး။ ဝက်ဖို့ဒ် အနေနဲ့ ၄ ပွဲ ဆက် အရှုံးရလဒ်ကနေ ရုန်းထွက်ပြဖို့ လိုအပ်နေသလို ဘန်လေ ကလည်း သရေရလဒ်တွေ ကြားကနေ ထွက်ပြဖို့ လိုအပ်နေတာပါ။ နှစ်သင်းလုံးရဲ့ ခံစစ်ပိုင်းက တည်ငြိမ်မှုရှိပေမယ့် ဘန်လေရဲ့ အိမ်ကွင်းခြေစွမ်းက အသင်းကြီးတွေ ကိုတောင် ထိန်းကစားနိုင်တယ် ဆိုတာ မေ့လို့မရပါဘူး။ အပြန်အလှန် သွင်းဂိုး မြင်တွေ့ရနိုင်တဲ့ အခြေအနေမှာတောင် နှစ်သင်းပေါင်း သွင်းဂိုး မများနိုင်ပါဘူး။ ဂိုးအနည်းကို ပိုကြိုက်ပါတယ်။ သရေရလဒ်သာ ထွက်ပေါ်ခဲ့မယ်ဆိုရင် တန်းဆင်းဇုန် အန္တရာယ်ရှိနေတဲ့ အသင်းနှစ်သင်းလုံး အတွက် အမျှတဆုံး အဖြေတစ်ခု ဖြစ်လာပါလိမ့်မယ်။
ခန့်မှန်းရလဒ် (၁-၁)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.