နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒေါ့မန်ကို ကျော်ပြီး မတ်ဆန်ကို ခေါ်ယူနိုင်တော့မယ် အက်စတွန်ဗီလာ | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာ ကတော့ ချဲလ်ဆီးရဲ့ နယ်သာလန် ဘယ်နောက်ခံ ကြယ်ပွင့် အီယန် မတ်ဆန်ကို ခေါ်ယူသွားဖို့ အသင်း နဲ့ပါ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရပါတယ်။ ဒီသတင်း ကိုတော့ အပြောင်းအရွှေ့ နာမည်ကျော် သတင်းထောက် ဒေးဗစ် အွန်စတိန်းက အတည်ပြု ဖော်ပြလာခဲ့တာ ဖြစ်ပြီး မကြာခင် အပြောင်းအရွှေ့ အထမြောက်သွားဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။

အက်စတွန်ဗီလာ ကတော့ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိထားတာကြောင့် ကစားသမား အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ ရှိနေတာ ဖြစ်ပြီး ထိပ်တန်း ကစားသမားတွေကို ပစ်မှတ်ထား စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ နယ်သာလန် လက်ရွေးစင် ဘယ်နောက်ခံလူ မတ်ဆန်ဟာ ၂၀၁၈ ခုနှစ်က PSV လူငယ်အကယ်ဒမီ ကနေ ချဲလ်ဆီး အသင်းထံ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးက မတ်ဆန်ကို အသင်းမှာ ပွဲအနည်းငယ်သာ ပွဲထွက် ကစားခွင့်ပြုခဲ့ပါတယ်။ ဒါကြောင့် ချာလ်တန်၊ ကိုဗင်ထရီ၊ ဘန်လေ တို့ကို အငှားနဲ့ ထွက်ကစားခဲ့ရပြီး နောက်ဆုံး မှာတော့ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်မှာ အငှားနဲ့ သွားရောက် ကစားခဲ့ရပါတယ်။ မတ်ဆန်ဟာ ဘန်လေမှာ ကစားရင်း သူ့ရဲ့ ခြေစွမ်းတွေ စတင်ထုတ်ဖော် ပြသနိုင်ခဲ့ပြီး ဒေါ့မန် အရောက် မှာတော့ ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ်ထားခြင်း ခံရတဲ့ အထိ ခြေစွမ်းပိုင်း တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

မတ်ဆန်ဟာ ဘန်လေတို့ ပရီးမီးယားလိဂ်ဆီ တန်းတက်နိုင်ဖို့ အဓိက ထမ်းတင်ပေးခဲ့တဲ့ ကစားသမား ဖြစ်သလို ဒေါ့မန် ကိုလည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ရှိအောင် တစ်ထောင့်တစ်နေရာ ကနေ ပို့ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့်လည်း နယ်သာလန် အသင်းရဲ့ ယူရို ၂၀၂၄ လူစာရင်းမှာ ပါဝင်ခဲ့ရခြင်းတော့ မရှိပါဘူး။ ဒါပေမယ့်လည်း ဖရန်ကီ ဒီယောင် ဒဏ်ရာရရှိကာ လူစာရင်း ကနေ နှုတ်ထွက်သွားမှုကြောင့် နယ်သာလန်က မတ်ဆန်ကို အစားထိုး ရွေးချယ်ခဲ့ပြီး အခုတော့ ဒက်ချ် လူစာရင်းမှာ ပါဝင်နေခဲ့ပြီ ဖြစ်ပါတယ်။

သတင်းတွေ အရ ဆိုရင် မတ်ဆန်ကို ခေါ်ယူဖို အရင်ဆုံး ကြိုးပမ်းခဲ့တာက ဒေါ့မန် ဖြစ်ပြီး အငှားသက်တမ်းပြည့်ချိန်မှာ အပြီးသတ် ခေါ်ယူနိုင်ဖို့ အတွက် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ မှာတော့ ဗီလာက ဒေါ့မန်ကို ကျော်ဖြတ်ကာ မတ်ဆန်နဲ့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိခဲ့သလို အသင်းနဲ့ပါ သဘောတူညီမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မတ်ဆန်နဲ့ ချဲလ်ဆီး တို့ အကြားမှာ ပေါင် ၃၅ သန်းတန် စာချုပ်ဖျက်သိမ်းကြေး ရှိနေပြီး ဗီလာက မတ်ဆန် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၇.၅ သန်းနဲ့ ခေါ်ယူဖို့ အတွက် သဘောတူညီမှု ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ အက်စတွန်ဗီလာ အနေနဲ့ မတ်ဆန်ကို (၆) နှစ် စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပြီး လက်ရှိ မှာတော့ ကစားသမားနဲ့ နောက်ဆုံး အကြိမ် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ချဲလ်ဆီး ကတော့ ဒီအပြောင်းအရွှေ့နဲ့ အတူ ဗီလာ တိုက်စစ်မှူး ဂျွန် ဒူရန် ကို ပြန်လည် ခေါ်ဆောင်နိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်