နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒီကလန် ရိုက်စ်ရဲ့ ခြေစွမ်းပြမှုနဲ့ အဖိုးတန် ၃ မှတ် ရခဲ့တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ညက ယှဉ်ပြိုင်ကစားသွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ အာဆင်နယ်က ဘုန်းမောက်ကို ၂-၃ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ယူနိုက်တက် အတွက် လွယ်ကူတဲ့ နိုင်ပွဲ မဟုတ်ခဲ့ပဲ အဖိုးတန် ၃ မှတ်နဲ့ အတူ အမှတ်ပေးဇယား ထိပ်ကနေ အမှတ်ဖြတ် ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အာဆင်နယ်က ကစားသမား အပြောင်းအလဲ တချို့ ပြုလုပ်လာခဲ့ပြီး ထရော့ဆက်ဒ်နဲ့ ဆာကာ နေရာမှာ မာတင်နယ်လီနဲ့ မာဒူအေခေတို့ ပွဲထွက်လာခဲ့ပါတယ်။ ကွင်းလယ်မှာတော့ ရိုက်စ်၊ ဇူဘီမန်ဒီ၊ အိုဒီဂတ် အတွဲအဖက်ကို ပြန်လည် အသုံးပြုခဲ့ပြီး ယောကရက်စ်၊ တင်ဘာ၊ ဆလီဘာ၊ ဂါဘရီရယ်၊ ဟင်ကပ်ပီယေ တို့ ပွဲထွက်လာခဲ့ပါတယ်။ ဘုန်းမောက် မှာလည်း ပီထရိုဗစ်၊ ဆီနက်ဆီ၊ စကော့တ်၊ တာဗာနီယာ၊ ကလွိုင်ဗက်၊ ဆီမီညို၊ အီဗန်နီလ်ဆင် တို့နဲ့ လူစုံခဲ့ပါတယ်။

ပွဲအစ ၁၀ မိနစ်မှာတင်ပဲ ဂါဘရီရယ်ရဲ့ အမှားကို အီဗန်နဲလ်ဆင်က အကောင်းဆုံး အသုံးချနိုင်ခဲ့လို့ ဘုန်းမောက်တို့ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ ဒါဟာ အာဆင်နယ် အတွက် ၂၀၂၄ ခုနှစ် ကနေ လက်ရှိအချိန်ထိ ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲမှာ ပထမပိုင်း ၁၀ မိနစ် အတွင်း ပြိုင်ဘက်ကို အဖွင့်ဂိုး ပေးရတာက တတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂါဘရီရယ်က သူ့ရဲ့ အမှားကို ချက်ချင်း ပြန်လည် ဖာထေးနိုင်ခဲ့ပြီး ၁၆ မိနစ်မှာပဲ မာဒူအေခေရဲ့ တစ်ကိုယ်တော် လိမ်ခေါက် ကျော်ဖြတ် အားထုတ်မှု ကနေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဂါဘရီရယ်ဟာ အသင်းဖော် ဆာကာ (၂၀၂၃ က ဖူလ်ဟမ်နဲ့ ပွဲ) နောက်ပိုင်း ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲမှာ ဂိုးပေးရအောင် အမှားကျုးလွန်ခဲ့သလို ကိုယ်တိုင်လည်း ဂိုးသွင်းနိုင်တဲ့ ပထမဆုံး အာဆင်နယ် ကစားသမား ဖြစ်လာခဲ့ပါတယ်။ 

လက်ရှိမှာ ဂါဘရီရယ်က ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၀ ပြည့်မြောက်ခဲ့ပြီး သူ့ထက် သွင်းဂိုး ပိုများတဲ့ အာဆင်နယ် နောက်ခံလူဆိုလို့ နောက်ခံလူဟောင်း ကိုစီရယ်နီ (၂၂ ဂိုး) တစ်ဦးသာ ရှိပါတယ်။ ပထမပိုင်း ပွဲကစားချိန် အတွင်းမှာ ဘုန်းမောက် တိုက်စစ်က အာဆင်နယ် ဂိုးပေါက်ကို ပိုမို ခြိမ်းခြောက်နိုင်ခဲ့ပြီး ဂိုးပေါက် ကန်ချက် ၈ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် ဒါက မန်ချက်စတာယူနိုက်တက် (၁၀ ကြိမ်) ပြီးရင် ဒီရာသီ ပရီးမီးယားလိဂ်မှာ ဘုန်းမောက်တို့ အာဆင်နယ်ကို ဂိုးပေါက် ကန်ချက် အများဆုံး ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီပွဲအပြီးမှာ အာဆင်နယ်က အက်စတွန်ဗီလာကို ၆ မှတ်၊ မန်စီးတီးကို ၇ မှတ် ဖြတ်ပြီးတော့ ပရီးမီးယားလိဂ် ဇယားထိပ်မှာ ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ အပြီးမှာ ၁၅ ပွဲ အနိုင်ရခဲ့တဲ့ အာဆင်နယ်

ဒုတိယပိုင်း ၅၄ မိနစ် မှာတော့ အာဆင်နယ်တို့ ဒုတိယဂိုး ရခဲ့ပြီး အိုဒီဂတ် ဖန်တီးပေးတာ ကနေ ဒီကလန် ရိုက်စ်က ပိတ်သွင်းခဲ့သလို ၇၁ မိနစ်မှာလည်း ဆာကာရဲ့ ဖန်တီးမှု ကနေ ဒီကလန် ရိုက်စ် ကပဲ ဒုတိယဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီကလန် ရိုက်စ်ဟာ သူ့ရဲ့ ပရီးမီးယားလိဂ် ကစားသမား ဘ၀ ပွဲပေါင်း ၂၉၆ ပွဲမှာ ပထမဆုံး အကြိမ် တစ်ပွဲတည်း ၂ ဂိုး သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တဲ့ ဆာကာ ကတော့ အာဆင်နယ် ကစားသမား ဘဝမှာ သွင်းဂိုး ပါဝင်ပတ်သက်မှု ၁၀၅ ဂိုး အထိ ရှိလာပြီး နာမည်ကျော် ကစားသမားဟောင်း ဆက်စ် ဖာဘရီဂတ်စ်နဲ့ အကြိမ်ရေချင်း တူညီခဲ့ပြီ ဖြစ်ပါတယ်။ 

ပွဲချိန် ၇၆ မိနစ် မှာတော့ လူငယ် တိုက်စစ်ကစားသမား ခရပ်ပီက ဘုန်းမောက် အတွက် ချေပဂိုး သွင်းယူခဲ့တာကြောင့် အာဆင်နယ်တို့ ဂိုးထပ်မပေးရအောင် ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပွဲပြီးတဲ့အထိ အနိုင်ရလဒ်ကို ထိန်းချုပ် ကစားနိုင်ခဲ့လို့ ၃-၂ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ အချက်အလက်တွေအရ အခုပွဲမှာ ဘုန်းမောက်ရဲ့ စုစုပေါင်း ဂိုးပေါက် ကန်ချက်က ၁၅ ကြိမ် အထိရှိခဲ့ပြီး မန်ချက်စတာယူနိုက်တက် (၂၂ ကြိမ်) ပြီးရင် ဒီရာသီမှာ အာဆင်နယ်ကို ဂိုးပေါက် ကန်ချက် အများဆုံး ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ အပြီး ၁၅ ပွဲ အနိုင်ရခဲ့တာကြောင့် ၂၀၂၂-၂၃၊ ၁၉၃၂-၃၃ (၁၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး) နောက်ပိုင်း အမှတ်ပေးပြိုင်ပွဲ သမိုင်းတစ်လျှောက် ပွဲစဉ် ၂၀ ကစား အပြီးမှာ နိုင်ပွဲ အများဆုံး ရခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်က မန်စီးတီးက ချဲလ်ဆီးနဲ့ တွေ့ဆုံနေချိန်မှာ အာဆင်နယ်တို့ အခွင့်ကောင်းယူနိုင်ခဲ့တာ ဖြစ်ပြီး မန်စီးတီး ကတော့ ၇ မှတ် အကွာ ဖိအားတွေနဲ့ ကစားရတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်