နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အယ်လန်ရုတ်ဒ်မှာ ကစားမယ့် ပွဲဖြစ်နေလို့ ဘရန့်ဖို့ဒ်တို့ ထင်သလောက် မချောင်နိုင်ဘူး | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

လိဒ်စ်ယူနိုက်တက် – ဘရန့်ဖို့ဒ်

မနက်ဖြန်ည မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၁) ရဲ့ ပွဲစဉ် ၃ ပွဲ ရှိနေပြီးတော့ လိဒ်စ်ယူနိုက်တက်နဲ့ ဘရန့်ဖို့ဒ် ကတော့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲမှာ ကစားကြမှာ ဖြစ်ပါတယ်။ ဒီရာသီမှာ ပုံစံကောင်းတွေ ပျောက်ဆုံးနေခဲ့တဲ့ လိဒ်စ်ယူနိုက်တက်တို့ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပေမယ့် တစ်ဖက်က ခြေတက်နေတဲ့ ဘရန့်ဖို့ဒ်ကြောင့်တော့ လွယ်ကူတဲ့ ပွဲစဉ် ဖြစ်လာမှာတော့ မဟုတ်ပါဘူး။ ဒီပွဲကို ချဉ်းကပ်ကြည့်ရမယ် ဆိုရင်တော့ …

လိဒ်စ်ယူနိုက်တက် ကတော့ တန်းပြန် တက်လာပြီးပြီးချင်း ပထမ ဦးဆုံးရာသီမှာပဲ ဟုန်းဟုန်းတောက်ပြခဲ့ပြီး အဆင့် ၁၀ အတွင်း ကနေ ရာသီသိမ်းနိုင်ခဲ့ပါတယ်။ အဲ့နောက် ပြီးခဲ့တဲ့ ၂ ရာသီ ဆက်တိုက် ရုန်းကန်ခဲ့ရပြီးတော့ တန်းမဆင်းရဖို့သာ အဓိကထား ကြိုးပမ်းခဲ့ရပါတယ်။ ပြောရမယ် ဆိုရင် လိဒ်စ်ရဲ့ ခြေစွမ်းက ဘယ်နည်းပြ ကိုင်ကိုင်၊ ကောင်းရင် လွှတ်ကောင်းပြီး၊ ညံ့ရင်လည်း ပရီးမီးယားလိဂ် ကလပ်တောင် ဟုတ်ရဲ့လား ဆိုပြီး ပြန်ကြည့်ရတဲ့ အထိကို ဆိုးရွားတတ်တာ ဖြစ်ပါတယ်။ ဘီရဲလ်ဆာ အလွန် ဂျက်ဆီမက်ရှ်ကို တာဝန်ပေးထားပေမယ့် အခုချိန်ထိတော့ အမေရိကန်သား နည်းပြ တစ်ယောက် ဘာမှ မလုပ်ပြနိုင်သေးပါဘူး။ ပရီးမီးယားလိဂ် မှာလည်း ဂျက်ဆီ မက်ရှ်ရဲ့ အသင်းက နိုဝင်ဘာ လဆန်းလောက် ကတည်းက နိုင်ပွဲ ပျောက်နေခဲ့ပြီး ၅ ပွဲ ဆက်သွားခဲ့ပြီ ဖြစ်ပါတယ်။ အခုပွဲ ကိုတော့ လိဒ်စ် ဘက်က ခြေထောက်ကျိုးထားတဲ့ စတူးဝပ် ဒါးလက်စ် ကျိန်းသေပေါက် လွဲချော်မှာ ဖြစ်သလို အဒမ် ဖော်ရှော ကလည်း ပါဝင်နိုင်ဖို့ မသေချာသေးပါဘူး။

ဒီနှစ်သင်းရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ကြိမ် တွေ့ဆုံမှုမှာ ၁ ပွဲစီ အနိုင်ရထားကြပြီး ၁ ပွဲ ကတော့ သရေကျထားပါတယ်။
ရာသီအကုန်မှာ ဥရောပပြိုင်ပွဲ ဝင်ခွင့် တစ်နေရာရရှိဖို့ ပစ်မှတ်ထားနေတဲ့ ဘရန့်ဖို့ဒ်

ပရီးမီးယားလိဂ် အသင်းငယ်တွေထဲမှာ ခြေစွမ်း အတိုးတက်ဆုံး အသင်းကို ပြပါ ဆိုရင် ဘရန့်ဖို့ဒ် ကိုပဲ ပြရမှာ ဖြစ်ပါတယ်။ အသင်းကြီးတွေနဲ့ ဆိုရင် မထင်မှတ်တဲ့ ရလဒ်တွေ ရရှိအောင် ကစားတတ်တဲ့ ဘရန့်ဖို့ဒ်တို့ ဒီရာသီ မှာလည်း ကြီး ၆ ကြီး ထဲမှာ သူတို့ မယှဉ်နိုင်တာ ဆိုလို့ အာဆင်နယ် တစ်သင်းပဲ ရှိပါတယ်။ သောမက်စ် ဖရန့်ခ်ရဲ့ အသင်းက လက်ရှိမှာလည်း ပုံစံကောင်း တစ်ခုကို ထိန်းထားပြီး အမှတ်ပေးပွဲစဉ် နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၄ ပွဲ အထိ အနိုင်ရထားသလို ရှုံးပွဲ မရှိထားပါဘူး။ ပိုပြီး အထင်ကြီးစရာ ကောင်းတာက ဝုဗ်နဲ့ စပါးကို သရေ၊ မန်စီးတီး၊ လစ်ဗာပူးလ်နဲ့ ဝက်စ်ဟမ်း ကိုတော့ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ အွန်ရီကာ၊ ဂျန်ဆန်၊ ဘက်ပ်တစ္စတီ၊ ဟစ်ကီ၊ ဟင်နရီတို့ ဒဏ်ရာကြောင့် အနားယူနေရပေမယ့် နည်းပြ စိတ်ကြိုက် အတောင့်တင်းဆုံး လူစာရင်းနဲ့တော့ ပွဲထွက်လာနိုင်ဖို့ ရှိနေပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း 

လိဒ်စ်ယူနိုက်တက် – မက်စ်လိုင်ယာ၊ ကော့ချ်၊ စတျောက်ခ်၊ အေးလင်း၊ ဖီယာပို၊ ရိုကာ၊ အဒမ်စ်၊ အာရွန်ဆင်၊ ဂနွန်တို၊ ဟာရစ်ဆင်၊ ရိုဒရီဂို

ဘရန့်ဖို့ဒ် – ရာယာ၊ ဘမ်မီး၊ ပင်နော့ခ်၊ အာဂျာ၊ ဂျနဲလ်တ်၊ နော့ဂတ်၊ ဒါဆေးလ်ဗား၊ ယန်ဆန်၊ ဝစ်ဆာ၊ အမ်ဘူအမ်မို၊ တိုနီ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပရီးမီးယား လိဂ်
လီဗာပူးလ်
ချဲလ်ဆီး
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဒီနှစ်သင်းရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ကြိမ် တွေ့ဆုံမှုမှာ ၁ ပွဲစီ အနိုင်ရထားကြပြီး ၁ ပွဲ ကတော့ သရေကျထားပါတယ်။ လက်ရှိမှာ ဘရန့်ဖို့ဒ်တို့ အဘက်ဘက်က သာနေတယ် ဆိုပေမယ့် ၂၀၁၅ ခုနှစ် နောက်ပိုင်းက စလို့ အယ်လန်ရုတ်ဒ်မှာ လိဒ်စ်ကို ရင်ဆိုင်ရချိန်တိုင်း နိုင်ပွဲ လုံးဝ မရခဲ့တာ ကတော့ ထူးခြားချက် ဖြစ်ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

1X2 မှာတော့ လိဒ်စ် နိုင်ရင် ၂.၄၂ဆ၊ ဘရန့်ဖို့ဒ် နိုင်ရင် ၂.၇၃ ဆ၊ သရေ ဆိုရင်တော့ ၃.၄၅ ဆ ကြေးဖွင့်ပေးထားပါတယ်။ Handicap မှာ ဆိုရင်လည်း လိဒ်စ် ဘက်ကပဲ အကျောပေးထားပါတယ်။ ဒါကလည်း လိဒ်စ်တို့ ပြီးခဲ့တဲ့ ပွဲမှာ ဂိုးပြတ် နိုင်ပွဲ ပြန်ရထားတာနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။ အပေါ်မှာ ပြောသလိုပဲ ခြေပျက်နေသည့် တိုင်အောင် လိဒ်စ်တို့ အိမ်ကွင်းမှာ ဘရန့်ဖို့ဒ်ကို မရှုံးတတ်တဲ့ အစဉ်အလာကို ဆက်ထိန်းဖို့ အားစိုက်လာနိုင်တာကြောင့် ပွဲကတော့ အကြိတ်အနယ် ရှိဦးမှာပါ။ ဘာမဆို ဖြစ်သွားနိုင်တဲ့ ပွဲဖြစ်ပြီး ဂိုးပေါင်း ကလည်း ၂ ဂိုး ကနေ စဖွင့်ထားလို့ စဉ်းစားစရာပါပဲ။ လိဒ်စ်က နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအထိ ဂိုးပေါ် ကစားခဲ့သလို ဘရန့်ဖို့ဒ် ကလည်း ၃ ပွဲ ဂိုးပေါ် ကစားထားခဲ့ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ ရှိလာနိုင်ပြီး ၂-၁၊ ၁-၂၊ ၂-၂ ဆိုတဲ့ ရလဒ်တွေ ထွက်လာဖို့ များလို့ ကျနော် ကတော့ ဂိုးပေါ် ၂.၅၀ ကို ရွေးချယ်ထားချင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်