နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုးထရက်ဖို့ဒ်မှာ ဂိုးပြတ်တီးခံလိုက်ရတဲ့ ဂိတ်ကြီး ယူနိုက်တက် | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

countdown banner

Tactical ပိုင်းအရရော၊ ကွင်းတွင်း ကွင်းပြင် ပွဲကြိုဗျူဟာမှာ မန်စီးတီးကို ယူနိုက်တက်တို့ လုံးဝ မယှဉ်နိုင်ခဲ့တဲ့ နောက်ထပ် ပွဲတစ်ပွဲပါ။ ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်စီးတီးက သူတို့ အတွက် လိုအပ်တဲ့ အနိုင်ရလဒ်ကို သက်သောင့်သက်သာပဲ ယူသွားခဲ့ပြီး ဒါကလည်း ယူနိုက်တက်ရဲ့ ဒီရာသီ စစ်မှန်တဲ့ ခြေစွမ်း တစ်ရပ် ဖြစ်ခဲ့ပါတယ်။
ပွဲထွက်လူစာရင်းမှာကတည်းက နောက်တန်းမှာ ဒါးလော့တ်၊ မက်ဂွိုင်းယား၊ အီဗန်စ်၊ လင်ဒီလော့ဖ်တို့ ပါလာတာ၊ ဘရူနို ဖာနန်ဒက်စ်ကို ညာတောင်ပံ ပို့ခဲ့တာတွေကြောင့် ယူနိုက်တက် ပရိသတ်တွေ ဘုရား ‘တ’ပြီး ကြည့်ခဲ့ရပါတယ်။ တကယ်တမ်း ကစားတော့လည်း မန်စီးတီး ကပဲ လိုသလို ထိန်းချုပ်သွားခဲ့တာပါ။

ဘောလုံး ပေးထားသင့်တဲ့ အချိန်မှာ ပေးထားတယ်၊ ကိုင်ထားရမယ့် အချိန်မှာ ကိုင်ထားခဲ့ပြီး ယူနိုက်တက်ကို လှုပ်မရအောင် လုပ်ခဲ့ပါတယ်။ ဟော့ဂျ်လန်း လွတ်ထွက်သွားတဲ့ တစ်ကြိမ်၊ တွမ်မီနေးရဲ့ ကန်ချက်ကို အီဒါဆန် ကာကွယ်သွားတဲ့ တစ်ကြိမ် ကသာ ယူနိုက်တက် အတွက် မျှော်လင့်ချက် ဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ပင်နယ်တီ ဧရိယာ အတွင်း အားပြိုင်မှုတွေမှာ ကြံ့ခိုင်မှု ကောင်းတဲ့၊ နေရာယူပုံ ကောင်းတဲ့ ဟာလန်းက အီဗန်စ်၊ လင်ဒီလော့ဖ် တို့လို ကစားသမားတွေကို အဓိက ပစ်မှတ်ထား ကစားခဲ့ပြီး ဒါကလည်း အလုပ်ဖြစ်သွားခဲ့ပါတယ်။

စီးရီးအေ
ဘိုလော့နာ
လာဇီယို
1X2 သရေ (Draw) @ 3.10
ဂိုးအောက် 2.50 @ 1.88
ဂိုးပေါင်း 2-3 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဟာလန်းရဲ့ ဒုတိယဂိုးက သက်သေပါပဲ။ အဲရစ်ခ်ဆင်ကို အစောကြီးကတည်းက ထည့်သုံးထားပေမယ့် ကွင်းလယ်က ရိုဒရီ၊ စတုန်းစ်တို့ အကြားမှာ ညပ်နေခဲ့ပြီး ဘောလုံး လမ်းကြောင်း မဖွင့်နိုင်ခဲ့ပါဘူး။ ပေးလိုက်ရတဲ့ ပင်နယ်တီ ကတော့ အငြင်းပွားစရာပါ။ ပြစ်ဒဏ်ဘော ကန်တဲ့အခါ၊ ထောင့်ကန်ဘော ကန်တဲ့ အခါတွေမှာ ဒါမျိုး ဖြစ်ရပ်တွေက ပွဲတိုင်း ပွဲတိုင်းမှာ မမြင်ချင်မှ အဆုံးပါပဲ။

ဒါပေမယ့် VAR ဒိုင် မိုက်ကယ် အိုလီဗာက ဒါကို Serious Case အဖြစ် သဘောထားခဲ့ပြီး ကွင်းလယ်ဒိုင် ကပါ ပင်နယ်တီ ပေးလိုက်ပါတယ်။ ဒီပင်နယ်တီက ပွဲအဖြေကို သက်ရောက်မှု ရှိစေခဲ့သလား ဆိုရင် မဟုတ်ပါဘူး။ ဒီပင်နယ်တီ မရရင်လည်း မန်စီးတီးရဲ့ ခြေအရ၊ ယူနိုက်တက်ရဲ့ ပုံစံပျက်နေမှုအရ ဂိုးပေးကို ပေးရမှာ၊ ယူနိုက်တက်တို့ ရှုံးကို ရှုံးရမယ့်ပွဲ တစ်ပွဲပါ။

ပထမပိုင်းပြီးခါနီးမှာ Marking လုံးဝမရှိတဲ့ ဟာလန်းက လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်ရခဲ့ပြီး ခေါင်းတိုက်ချက်က ဂိုးရဲ့ အလယ်တည့်တည့် အိုနာနာ ပြန်လိုက်လို့ မီနိုင်တဲ့ နေရာကို ရောက်သွားခဲ့တာကြောင့်လည်း ကာကွယ်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်နဲ့ မန်စီးတီး အကြား အဆင့်အတန်း ကွာဟနေတာကို ထပ်မံ မြင်တွေ့ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲတစ်ပွဲ ဖြစ်ပြီး တန်ဟက်ဂ် ရော၊ ကစားသမားတွေရော စိတ်ပျက်စရာ ကောင်းခဲ့တာလည်း အမှန်ပါပဲ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်

ဒါပေမယ့် ကံဆိုတာ နှစ်ခါကောင်းလေ့ မရှိပါဘူး။ ဒုတိယပိုင်းစပြီး မကြာခင်မှာပဲ အလားတူ ပုံစံမျိုးနဲ့ ဟာလန်းက ဒုတိယဂိုး သွင်းပြီး ပွဲကို ထိန်းသွားခဲ့ပါတယ်။ လင်ဒီလော့ဖ်ရဲ့ Positioning Awareness ညံ့ဖျင်းမှုကို နှစ်ကြိမ်စလုံးမှာ မြင်တွေ့ခဲ့ရပြီး ပေးဆပ်မှုလည်း ကြီးမားခဲ့ပါတယ်။

အဲရစ်ခ် တန်ဟက်ဂ် ကတော့ ခေါင်းမာမာနဲ့ပဲ ဘာတွေလုပ်နေမှန်း မသိခဲ့ပါဘူး။ ပွဲရလဒ် ကတော့ အားလုံး မျှော်လင့်ပြီးသား ရလဒ်တစ်ခုပါ။ ယူနိုက်တက်နဲ့ မန်စီးတီး အကြား အဆင့်အတန်း ကွာဟနေတာကို ထပ်မံ မြင်တွေ့ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲတစ်ပွဲ ဖြစ်ပြီး တန်ဟက်ဂ် ရော၊ ကစားသမားတွေရော စိတ်ပျက်စရာ ကောင်းခဲ့တာလည်း အမှန်ပါပဲ။

ပွဲအပြီးမှာတော့ မန်ချက်စတာစီးတီးတို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး ယူနိုက်တက် ကတော့ အဆင့် ၈ နေရာမှာ ရှိနေခဲ့ပါတယ်။ ယူနိုက်တက် ကတော့ လာမယ့် နိုဝင်ဘာ ၂ ရက်နေ့မှာ နယူးကာဆယ်နဲ့ ခရာဘောင်ဖလား ပွဲစဉ် ကစားဖို့ ရှိပြီး မန်စီးတီး ကတော့ ၄ ရက်နေ့မှာ ဘုန်းမောက်နဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်