နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကိုင်စီဒို အတွက် ကြေးမြှင့် ကမ်းလှမ်းဦးမယ့် ချဲလ်ဆီး (ပရီးမီးယားလိဂ် သတင်းများ)

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၁၀ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကိုင်စီဒို အတွက် ကြေးမြှင့် ကမ်းလှမ်းဦးမယ့် ချဲလ်ဆီး

ချဲလ်ဆီး အသင်း အနေနဲ့ ဘရိုက်တန် ကနေ မွိုက်စ် ကိုင်စီဒိုကို ခေါ်ယူချင်တယ် ဆိုရင် ကြီးမားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ လိုအပ်မှာ ဖြစ်တယ်လို့ ဖက်ဘရီဇီယို ရိုမာနိုက ပြောကြားခဲ့ပါတယ်။ ကိုင်စီဒိုဟာ တနင်္ဂနွေနေ့က ဗယ်လက်ကာနိုနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရိုက်တန်ရဲ့ ရာသီကြို ခြေစမ်းပွဲစဉ်မှာ ပါဝင်ကစားပေးခဲ့ခြင်း မရှိသူ ဖြစ်ပြီး ပိုချက်တီနိုရဲ့ ယခုနွေရာသီ ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီး အသင်းဟာ ဘရိုက်တန်နဲ့ ပြောင်းရွှေ့ကြေးကို သဘောတူညီမှု ရရှိအောင် စွမ်းဆောင်နိုင်ခြင်း မရှိသေးဘဲ ကိုင်စီဒို အတွက် စင်ရော်တွေက သတ်မှတ်ထားတဲ့ ပေါင်သန်း ၁၀၀ အထိ ကမ်းလှမ်းဖို့ လိုအပ်မှာဖြစ်ပါတယ်။

ရိုမာနိုက ချဲလ်ဆီး အသင်းရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဟာ ၎င်းတို့ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်တဲ့ ကိုင်စီဒို အတွက် ပေါင်သန်း ၈၀ လောက်နဲ့ လက်ခံမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း တော့ဒ် ဘိုလေရဲ့ အသင်းက မကြာမီ အချိန် အတွင်း ကမ်းလှမ်းမှု အသစ်နဲ့ ပြန်လာလိမ့်မယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။


မန်စီးတီး ကြယ်ပွင့် ၂ ဦး အထိ ထပ်ခေါ်နိုင်ဖို့ မျှော်လင့်နေတဲ့ ဘာဆာ

ဘာစီလိုနာ အသင်းဟာ မန်ချက်စတာစီးတီးအသင်းကို ဘာနာဒို ဆေးလ်ဗားနဲ့ ဂျာအို ကန်ဆယ်လိုတို့ အတွက် အငှားနဲ့ ခေါ်ယူဖို့ ပူးတွဲ ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့ပြီးနောက် အပြောင်းအရွှေ့ ဖြစ်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

ကန်ဆယ်လိုနဲ့ ဆေးလ်ဗားတို့ ၂ ဦးစလုံးဟာ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ် ကလပ်နဲ့ အတူ အောင်မြင်တဲ့ အချိန်ကာလတွေကို ပိုင်ဆိုင်ထားခဲ့ကြတာ ဖြစ်ပါတယ်။
ဆေးလ်ဗားနဲ့ ကန်ဆယ်လိုကို ခေါ်ယူချင်နေတဲ့ ဘာစီလိုနာ

စပိန် သတင်းဌာန SPORT ရဲ့ ဖော်ပြချက်အရ လာလီဂါ ချန်ပီယံတွေဟာ ယခုနွေရာသီမှာ ပေါ်တူဂီ ကြယ်ပွင့် ၂ ဦးကို အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ကန်ဆယ်လိုနဲ့ ဆေးလ်ဗားတို့ ၂ ဦးစလုံးဟာ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ် ကလပ်နဲ့ အတူ အောင်မြင်တဲ့ အချိန်ကာလတွေကို ပိုင်ဆိုင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမား ၂ ဦးစလုံးဟာ ဂွါဒီယိုလာရဲ့ အနှစ်သက်ဆုံး ကစားသမား မဟုတ်တော့တဲ့ အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပြီး ကန်ဆယ်လိုက ပြီးခဲ့တဲ့ရာသီ ဒုတိယပိုင်းကို ဘေယန်မြူးနစ်ကို အငှားနဲ့ ထွက်ကစားခဲ့ရတဲ့ အထိ အခြေအနေ ပိုဆိုးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အသက် ၂၉ နှစ် အရွယ် ကစားသမားဟာ အစ်တီဟတ်ကို ပြန်ရောက်နေပေမယ့်လည်း အနာဂတ် မရေမရာဖြစ်နေပြီး ဘာနာဒို ဆေးလ်ဗား ကလည်း မန်စီးတီးနဲ့ ဆုဖလား အားလုံးကို ရရှိခဲ့ပြီးနောက် စိန်ခေါ်မှု အသစ်တွေကို ရှာဖွေဖို့ ယခုနွေရာသီမှာ အသင်း ကနေ ထွက်ခွာချင်နေတာ ဖြစ်ပါတယ်။


ရာသီကြို နောက်ဆုံးပွဲမှာ ချန်လှပ်ခံခဲ့ရပြီးနောက် ပြောဆို ဆွေးနွေးနေတဲ့ ဗန်ဒီဘိခ်

ဒွန်နီ ဗန်ဒီဘိခ်ဟာ အဲရစ်ခ် တန်ဟက်ဂ်က အေဂျက်စ် ကြယ်ပွင့်ဟောင်းနဲ့ ပတ်သက်ပြီး ဘာတွေးထားလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသခဲ့ပြီးနောက် ရီးရဲလ်ဆိုစီဒက်ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ယခုနွေရာသီမှာ မေဆန် မောင့်၊ အိုနာနာ၊ ဟော့ဂျ်လန်း တို့ကို ပေါင်သန်း ၁၇၀ ကျော် သုံးစွဲပြီး ခေါ်ယူခဲ့တာကြောင့် ဝင်ငွေ ပြန်လည် ရရှိအောင် ကစားသမား အချို့ကို ရောင်းချဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ဗန်ဒီဘိခ်ဟာ ၂၀၂၀ ဩဂုတ်လမှာ အေဂျက်စ် ကနေ ပေါင်သန်း ၄၀ နဲ့ ပြောင်းရွှေ့လာပြီးကတည်းက ပရီးမီးယားလိဂ် ၆ ပွဲသာ ပွဲထွက် ပါဝင်ကစားပေးခဲ့ရပြီး နယ်သာလန် မှာတုန်းက တန်ဟက်ဂ် လက်အောက်မှာ အဓိက ကစားသမား ဖြစ်ခဲ့ပေမယ့် အိုးထရက်ဖို့ဒ် မှာတော့ အဲဒီလို မဟုတ်ခဲ့တာ ဖြစ်ပါတယ်။

BBC Sport ရဲ့ ဖော်ပြချက်အရ ဗန်ဒီဘိခ်ဟာ ရီးရဲလ်ဆိုစီဒက် အသင်းကို အပြီးသတ် ပြောင်းရွှေ့ဖို့ အတွက် ပြောဆို ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပြီး အသင်းက ၎င်းရဲ့ နေရာဟာ အက်သလက်တစ် ဘီလ်ဘာအိုနဲ့ ၁-၁ သရေကျခဲ့တဲ့ ပွဲစဉ်မှာ လူစားဝင် ကစားသမားတွေ အများအပြားထဲမှာ မပါဝင်ခဲ့တဲ့နောက် မရှိတော့ဘူး ဆိုတာကို သိသွားခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်