နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စတန်းဖို့ဒ်ဘရစ်ချ် သက်တောင့်သက်သာ နိုင်ပွဲယူမယ့် ချဲလ်ဆီး | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner

ချဲလ်ဆီး – ဘန်လေ

ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် ချဲလ်ဆီးနဲ့ ဘန်လေတို့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ နောက်ဆုံး ၄ ပွဲဆက် ရလဒ်ကောင်းထားတဲ့ ချဲလ်ဆီးတို့ တန်းဆင်းဇုန်ထဲက ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ ဘန်လေကို အလွယ်တကူ အနိုင်ရသွားပါ့မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မော်ရူစီယို ပိုချက်တီနိုရဲ့ ချဲလ်ဆီးက လက်တလောမှာ ပုံစံကောင်း ပြန်ရနေပြန်ပြီး ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် ရှုံးပွဲ မရှိသလို ၃ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲမှာလည်း ရှုံးပွဲ မရှိခဲ့ပဲ ပဲလေ့စ်နဲ့ နယူးကာဆယ်ကို အနိုင်ရထားပြီး မန်စီးတီးနဲ့ ဘရန့်ဖို့ဒ် ကိုတော့ သရေကျခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ချဲလ်ဆီးက အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရောက်ရှိနေပြီး အဆင့် ၅ နေရာက စပါးနဲ့ ၁၄ မှတ် အထိ ကွာဟနေတာကြောင့် လက်ကျန် ပွဲတွေမှာ အမှားမခံစတမ်း ကစားရတော့မှာ ဖြစ်ပါတယ်။

ဘန်လေ ကတော့ ရာသီစကတည်းက တန်းဆင်းဇုန်ထဲမှာ တဝဲလည်လည် ဖြစ်နေပေမယ့် အဲဗာတန်နဲ့ နော့တင်ဟမ်ဖောရက်စ်တို့ အမှတ်လျှော့ ပြစ်ဒဏ်တွေ အသီးသီး ကျခံခဲ့ရတာကြောင့် မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန်လာခဲ့တာ ဖြစ်ပါတယ်။ လက်တလောမှာ ဘန်လေက တန်းဆင်းဇုန် အပြင်က လူတန်နဲ့ ၅ မှတ်သာ ကွာဟတော့တာကြောင့် လက်ကျန် ပွဲစဉ်တွေမှာ ရလဒ်တွေ ကောင်းဖို့ အားခဲနေပုံပါပဲ။ ဒါကြောင့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲမှာ ဆိုရင် ဝက်စ်ဟမ်းကို သရေ၊ ဘရန့်ဖို့ဒ် ကို အနိုင်ယူပြီး ရမှတ်တွေ ပြန်လည် စုဆောင်းထားနိုင်ခဲ့တာ တွေ့ရပါတယ်။


နှစ်ဖက်အသင်း သတင်းများ

ချဲလ်ဆီးမှာ အခုပွဲ ကိုတော့ ချဲလ်ဆီး ဘက်က ကစားသမား တော်တော်များများ ဒဏ်ရာပြသနာကြောင့် လွဲချော်ဦးမှာ ဖြစ်ပြီး ဖိုဖာနာ၊ လာဗီယာ၊ ဂျိမ်းစ်၊ ကိုးဝဲလ်၊ အူဂိုချူကဝူ၊ အန်ကွန်ကူ တို့ သေချာပေါက် လွဲချော်မှာ ဖြစ်ပါတယ်။ ဂူစတိုနဲ့ ချူကွယ်မေကာ ကတော့ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။

ဘန်လေ ဘက်မှာတော့ ရက်ဒ်မွန်၊ ကိုလီယိုရှို၊ အဲလ်ဒါဟေးလ်၊ အာရွန် ရမ်ဆေးတို့ ကျိန်းသေပေါက် လွဲချော်ဖို့ ရှိပြီး ဂျော်ဒန် ဘေယာ ကတော့ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။


ဖြစ်နိုင်ဖွယ် လူစာရင်း 

ချဲလ်ဆီး – ဆန်းချက်ဇ်၊ ဒီယာဆီ၊ ချာလိုဘာ့ရ်၊ ကူကာရယ်လာ၊ ဂူစတို၊ ဂယ်လာဟာ၊ ကိုင်စီဒို၊ မူဒရစ်ခ်၊ စတာလင်၊ ပါးလ်မား၊ ဂျက်ဆန်

ဘန်လေ – မူရစ်၊ အက်စ်တီဗီ၊ အိုရှေး၊ တေလာ၊ အက်ဆစ်ဂ်နွန်၊ ဘာ့ဂျ်၊ ကယ်လန်၊ လာဆန်၊ ဗစ်တင်ဟို၊ အိုဒိုဘတ်၊ ဖိုဖာနာ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၅ ကြိမ် တွေ့ဆုံခဲ့ရာမှာ ချဲလ်ဆီးက ၁၄ ကြိမ် နိုင်ပြီး ၁ ကြိမ် သရေ၊ ဘန်လေက ၁ ကြိမ် နိုင်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ ၂၀၁၇ နောက်ပိုင်းထဲက ဘန်လေကို မရှုံးတော့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာလည်း ချဲလ်ဆီးက ၄ ပွဲနိုင်၊ ၁ ပွဲသရေ ကျထားပြီး ချဲလ်ဆီးက သွင်းဂိုး ၁၃ ဂိုး ရခဲ့ပြီး ပေးဂိုး ကတော့ ၂ ဂိုးသာ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ချဲလ်ဆီးက ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပြီး ဘန်လေ ကတော့ ၁ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ၃ ပွဲ ရှုံးထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2မှာ ချဲလ်ဆီး နိုင်ရင် ၁.၂၉ ဆ၊ ဘန်လေ နိုင်ရင် ၇.၄၀ ဆ၊ သရေ ဆိုရင်တော့ ၅.၂၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ချဲလ်ဆီးက ၁ လုံး အရှုံး၊ ၂ လုံး သရေကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၄ လုံး သွင်းဖို့ လိုအပ်ပါတယ်။ လက်ရှိ ခြေစွမ်းအရရော၊ အစဉ်အလာ အရပါ ဘန်လေတို့ ချဲလ်ဆီးကို အသာမရခဲ့ပါဘူး။ ချဲလ်ဆီးက ဘန်လေကို နောက်ဆုံး တွေ့ဆုံမှု ၁၀ ကြိမ်စလုံး မရှုံးခဲ့လို့ ချဲလ်ဆီး ဘက်မှာပဲ ရပ်တည်ရမှာ ဂိုးပေါင်း အပေါ်လည်း ကြိုက်ပါတယ်။

ခန့်မှန်းရလဒ်

ချဲလ်ဆီး ၃-၁ ဘန်လေ 

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်