နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာမာစီယာ အကယ်ဒမီထွက် ကြယ်ပွင့်လေးကို ခေါ်ယူနိုင်တော့မယ့် ချဲလ်ဆီး | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်း ကတော့ စာချုပ်ဖျက်သိမ်းကြေး ယူရို (၆) သန်းသာ ရှိနေတဲ့ ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီထွက် ကြယ်ပွင့် ကစားသမားလေး မာခ့် ဂူရီကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ကလပ်ဟာ ကစားသမားရဲ့ အေးဂျင့် ဖြစ်သူနဲ့ ဆက်တိုက် ချိတ်ဆက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိ မှာတော့ ချဲလ်ဆီးက ဒီကစားသမားလေးကို ခေါ်ယူဖို့ ဆက်တိုက် တိုးတက်မှုတွေ ရှိနေပြီး မကြာခင် အပြောင်းအရွှေ့ အထမြောက်လာဖို့ ရှိနေတာ ဖြစ်ပါတယ်။

အသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလေ လက်ထက်မှာ ချဲလ်ဆီးက ငွေသုံးကြမ်းနေခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အရည်အသွေးမြင့် လူငယ် ကြယ်ပွင့်တွေ ကိုပဲ ဦးစားပေး ခေါ်ယူလာခဲ့တာ ဖြစ်ပါတယ်။ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ကာလ မှာလည်း လန်ဒန် ကလပ်က ဆယ်ကျော်သက် ကစားသမားတွေ ကိုသာ ပိုမို ဦးစားပေး ခေါ်ယူဖို့ ရှိနေပြီး မကြာသေးခင် ကတော့ ပါးလ်မီးရပ်စ် က ဘရာဇီးလ် ကစားသမားလေး အက်စတာဗို ဝီလီယမ်စ်ကို ခေါ်ယူထားခဲ့ပါသေးတယ်။

အခုလည်း ချဲလ်ဆီးက အရည်အသွေးမြင့် လာမာစီယာ အကယ်ဒမီထွက် ဘာစီလိုနာ တိုက်စစ်မှူးလေး ဂူရီ ကိုပါ ချိန်ရွယ်နေခဲ့တာ ဖြစ်ပါတယ်။ မာ့ခ် ဂူရီဟာ (၁၈) နှစ် အရွယ်သာ ရှိနေသးပြီး အရပ်အမောင်း မြင့်မားသလို ဂိုးဧရိယာထဲမှာ ထိထိရောက်ရောက် ကစားနိုင်သူလည်း ဖြစ်ပါတယ်။ ဒီကစားသမားလေးဟာ ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာ စီနီယာ အသင်းကြီး အတွက် ၇ ပွဲ ကစားကာ ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

သတင်းတွေအရ ဆိုရင်တော့ ဂူရီက ဘာစီလိုနာနဲ့ ၂၀၂၅ ခုနှစ် အထိသာ စာချုပ်သက်တမ်း ကျန်ရှိပြီး သူ့ အတွက် ဘာစီလိုနာက ချုပ်ဆိုထားတဲ့ စာချုပ် ဖျက်သိမ်းကြေး ကလည်း ယူရို ၆ သန်းသာ ရှိနေပါတယ်။ ဒီလို ဈေးတန်တန်နဲ့ ခေါ်ယူနိုင်မယ့် မာ့ခ် ဂူရီ ကိုတော့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အပြင် ဘေယန်မြူးနစ် ကလည်း ခေါ်ယူနိုင်ဖို့ လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ နှစ်သင်းစလုံးက ဂူရီကို ခေါ်ယူနိုင်ဖို့ အတွက် ဆွေးနွေးမှုတွေ အာရုံစိုက် လုပ်ဆောင်နေခဲ့ပြီး ဂူရီရဲ့ အေးဂျင့်နဲ့ ဆွေးနွေးမှု အပိုင်းမှာ ချဲလ်ဆီးက ပိုပြီး အားကောင်း တိုးတက်နေတယ်လို့ သိရပါတယ်။ တစ်ဖက် မှာတော့ ဘာစီလိုနာက သူတို့ရဲ့ ကစားသမားလေးကို ပေါပေါပဲပဲ လက်မလွှတ်ချင်သလို အသင်းမှာ ဆက်ထိန်းထားချင်တာကြောင့် စာချုပ်လျော်ကြေး ကိုပါ အလျင်အမြန် တိုးမြှင့်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်း ကတော့ အခုရက်ပိုင်း အတွင်းမှာပဲ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ခြေလှမ်း ခပ်စိတ်စိတ်နဲ့ လှုပ်ရှားနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ တော့ဒ် ဘိုလေရဲ့ အသင်းက အက်စတွန်ဗီလာ ကွင်းလယ် တိုက်စစ် ကစားသမားလေး ကယ်လီမန်းကို ခေါ်ယူထားနိုင်ခဲ့ပြီး ဒီပုံအတိုင်း ဆိုရင်တော့ ဘာစီလိုနာက ဂူရီ ကိုပါ တစ်ပါတည်း ခေါ်ယူသွားနိုင်ဖို အခြေအနေကောင်းနေပြီလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးရဲ့ ဒီနွေရာသီ ပထမဦးဆုံး ခေါ်ယူမှု ကတော့ ဖူလ်ဟမ်က တိုဆင် အဒါရာဘိုင်အိုယို ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်