နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မယောင်ရာ ဆီလူး မလုပ်ဖို့ လိုအပ်နေပြီ ဖြစ်တဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

countdown banner

ချဲလ်ဆီးဟာ အသင်းပိုင်ရှင် ပြောင်းပြီး ကတည်းက ငွေရှိရင် တင့်တယ်တယ် ဆိုတဲ့ တော့ဒ် ဘိုလေ လက်အောက်မှာ လိမ်ဖယ်လိမ်ဖယ် ဖြစ်နေတဲ့ အသင်းပါ။ ဒါကြောင့် ပရီးမီးယားလိဂ် 

ပြိုင်ဘက် မန်ချက်စတာယူနိုက်တက် နည်းတူ ပရိသတ်တွေကို စိတ်ဒုက္ခအပေးနိုင်ဆုံး အသင်း ဖြစ်လာခဲ့ပါတယ်။

ပရိသတ်တွေ နည်းတူ ကစားသမားဟောင်းတွေလည်း အသင်းရဲ့ စွမ်းဆောင်ရည်ကြောင့် တော်တော်လေး စိတ်ပျက်နေကြပြီး ချဲလ်ဆီးရဲ့ လက်ရှိ အခြေအနေကြောင့် ဖလား မရရင်နေ ထိပ်ဆုံး ၄ နေရာ ဝင်ရင် တော်ပြီလို့ သဘောထားနေကြပြီ ဖြစ်ပါတယ်။

အဲဒီထဲမှာ အန်ဒီ တောင်းဆန့်ဒ်လည်း အပါအဝင် ဖြစ်ပြီး ချဲလ်ဆီးကို ဘယ်လောက် အထိ စိတ်ပျက်နေလဲ ဆိုရင် လာမယ့် ၂ နှစ်၊ ၃ နှစ် အတွင်း ဘာဖလားမှ ရနိုင်မှာ မဟုတ်ဘူးလို့ ပြောတဲ့ အထိပဲ ဖြစ်ပါတယ်။

တောင်းဆန့်ဒ်က ချဲလ်ဆီးမှာ လူငယ် ကစားသမားတွေ အများအပြား ရှိနေပြီး ဆုဖလားရရှိဖို့ အတွက် အမ်ဘာပေးနဲ့ အတူ ပြင်သစ် တိုက်စစ်မှူးလောက် အဆင့်အတန်းမျိုးရှိတဲ့ ကစားသမား ၃ ဦး၊ ၄ ဦးလောက် လိုအပ်လိမ့်မယ်လို့ ထင်မြင်နေတာ ဖြစ်ပါတယ်။

တောင်းဆန့်ဒ်က ချဲလ်ဆီးဟာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် ပွဲမှာ ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့်လည်း ကံဆိုးလို့ မနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကစားသမားသစ်တွေ ခေါ်ယူ အားဖြည့်ထားပေမယ့် ရလဒ်မကောင်း ဖြစ်နေတဲ့ ချဲလ်ဆီး

တောင်းဆန့်ဒ်က အမ်ဘာပေးနဲ့ ထိပ်တန်း အဆင့် ကစားသမား ၃ ဦးကို ခေါ်ယူဖို့က မဖြစ်နိုင်ဘူးလို့ ထင်မြင်နေတာပါ။ ဒါ့အပြင် ခြေစွမ်းပိုင်း တိုးတက်လာပြီး ကွဲပြားခြားနားမှုတွေ ပြုလုပ်ပေးနိုင်မယ်လို့ အာမခံချက် မရှိတဲ့ လူငယ်တွေကို ခေါ်ယူခဲ့တဲ့ အတွက် ဆုဖလား ရဖို့က မသေချာဘူးလို့ ပြောဆိုခဲ့ပါတယ်။

ကီလီယန် အမ်ဘာပေးနဲ့ ဂျူ့ဒ် ဘယ်လင်ဟမ် တို့ကို ခေါ်ရင်ရော ချဲလ်ဆီးက အမှတ်ပေးဇယား ထိပ်ဆုံးကို ခုန်တက်သွားနိုင်မလားလို့ တောင်းဆန့်ဒ်နဲ့ အတူ ပူးတွဲ တင်ဆက်နေတဲ့ အယ်လီ မက်ကွိုက်စ်က မေးတဲ့ အချိန်မှာ တောင်းဆန့်ဒ်က အဲဒီလိုလည်း မဖြစ်နိုင်ဘူးလို့ ငြင်းပယ်ခဲ့ပြန်တာ ဖြစ်ပါတယ်။

တောင်းဆန့်ဒ်က ချဲလ်ဆီးဟာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် ပွဲမှာ ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့်လည်း ကံဆိုးလို့ မနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘရန့်တ်ဖို့ဒ်နဲ့ ပွဲမှာတော့ ဂိုးသွင်းဖို့ မပြောနဲ့ ဂိုးပေါက်ကန်သွင်းမှုတောင် မလုပ်နိုင်ခဲ့လို့ အမ်ဘာပေနဲ့ ဘယ်လင်ဟမ်တို့ ရောက်လာလည်း ဘာဖလားမှ ရနိုင်မှာ မဟုတ်ဘူးလို့ စိတ်ပျက်လက်ပျက် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် ၁၀ ပွဲမှာ အနိုင် ၃ ပွဲသာ ရရှိခဲ့တဲ့နောက် အဆင့် ၁၀ နေရာမှာ ရပ်တည်နေရပါတယ်။ နော်တင်ဟမ် ဖောရက်စ်၊ ဝက်စ်ဟမ်း၊ ဘရန့်ဖို့ဒ်နဲ့ အက်စတွန် ဗီလာတို့ကို ရှုံးနိမ့်ထားတာကြောင့် နိုင်သင့်တဲ့ ပွဲတွေတောင် မနိုင်တော့တာ သိသာနေပါတယ်။

အဲ့တော့ သေချာတာ တစ်ခုက ချဲလ်ဆီး အနေနဲ့ ကစားသမားသစ်တွေ တောသားချဲပေါက် အထာနဲ့ လိုက်ဝယ်တာထက် ပြုပြင် ပြောင်းလဲ သင့်တာတွေ မဖြစ်မနေ ပြောင်းလဲဖို့ လိုအပ်သလို နေရာစုံမှာ စနစ်တကျ ပြန်လည် တည်ဆောက်မှပဲ အရင်လို Big Six အသင်း တစ်သင်း အဖြစ် မြင်တွေ့ရနိုင်မှာပါလို့ ပြောကြားရင်း…။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်