နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အပြောင်းအရွှေ့ မစတင်ခင် စပို့တင်း လူငယ် ကြယ်ပွင့် နှစ်ဦးကို ခပ်သွက်သွက် ခေါ်ယူလိုက်တဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ လာမယ့် နွေရာသီ အပြောင်း အရွှေ့ကာလမှာ ကစားသမားသစ်တွေ ခေါ်ယူဖို့ ကြိုတင် လှုပ်ရှားနေပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ချဲလ်ဆီးဟာ စပိုတင်းလစ္စဘွန်းက ပေါ်တူဂီ လူငယ်ကစားသမား ၂ ဦး ဖြစ်တဲ့ ကန်ဒါနဲ့ အီဆူဂို တို့ကို ယူရို ၇၄ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ 

ဒီအပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ စပို့တင်းလစ္စဘွန်း ဘက်က အတည်ပြု ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး ပေါ်တူဂီ ယူ ၂၁ လက်ရွေးစင် ကစားသမား နှစ်ဦးစလုံးဟာ လက်ရှိအချိန်မှာ လန်ဒန် ကလပ်ကို ချက်ချင်း ရောက်ရှိလာဦးမှာ ဟုတ်ပါဘူး။ စပိုတင်းလစ္စဘွန်းရဲ့ ထုတ်ပြန်ချက်အရ ပရီးမီးယားလိဂ် ချဲလ်ဆီး အနေနဲ့ ဒီကစားသမား နှစ်ဦး အတွက် ယူရို ၇၄.၄ သန်း (ပေါင် ၆၂.၄ သန်း) ပေးချေရမှာ ဖြစ်ပါတယ်။ 

ချဲလ်ဆီးဟာ ညာတောင်ပံ နေရာ အပြင် Wing-back အဖြစ်ပါ ကစားနိုင်တဲ့ ကန်ဒါ အတွက် ယူရို ၅၂.၁၃ သန်း (ပေါင် ၄၄ သန်း) ပေးချေရမှာ ဖြစ်ပြီး ယူရို (၅၀.၇၇) သန်းကို ကနဦး ပေးချေကာ ကျန်ရှိတဲ့ ယူရို (၁.၃၅) သန်း ကိုတော့ လာမယ့် ၂၀၂၅-၂၀၂၆ ဘောလုံး ရာသီ စွမ်းဆောင်ရည်တွေ အပေါ် မူတည်ပြီး ထပ်မံ ပေးချေရမယ်လို့ သိရပါတယ်။ ကန်ဒါဟာ ၂၀၂၅-၂၀၂၆ ရာသီမှာ စပိုတင်းလစ္စဘွန်း မှာပဲ ဆက်လက် ကစားမှာ ဖြစ်ပြီး ၂၀၂၆ ခုနှစ် နွေရာသီမှသာ ချဲလ်ဆီးကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ 

အီဆူဂိုဟာ ဒီရာသီမှာ လက်စ်ပါးမက်စ် အသင်းမှာ အငှားနဲ့ သွားရောက် ကစားလျက် ရှိပြီး ဒီရာသီအကုန်မှာ ပရီးမီးယားလိဂ် ကလပ်ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။
၂၀၂၆ နွေရာသီမှ ချဲလ်ဆီးကို ပြောင်းရွှေ့လာမယ့် ကန်ဒါ

ဒါ့အပြင် ကွင်းလယ် ခံစစ်ကစားသမား ဖြစ်တဲ့ အီဆူဂို အတွက် ယူရို ၂၂.၂၇ သန်း (ပေါင် ၁၈.၄ သန်း) ပေးချေရမှာ ဖြစ်ပြီး သူ့ရဲ့ ပြောင်းရွှေ့ကြေးမှာတော့ add-ons ကြေး ပါဝင်ခြင်း မရှိဘူးလို့ သိရပါတယ်။ အီဆူဂိုဟာ ဒီရာသီမှာ လက်စ်ပါးမက်စ် အသင်းမှာ အငှားနဲ့ သွားရောက် ကစားလျက် ရှိပြီး ဒီရာသီအကုန်မှာ ပရီးမီးယားလိဂ် ကလပ်ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။  

ဒီကစားသမား ၂ ဦးစလုံးရဲ့ စာချုပ်သက်တမ်း ကိုတော့ စပိုတင်းလစ္စဘွန်း ဘက်က ထုတ်ပြန်ခြင်း မရှိသေးပေမယ့်လည်း ဗြိတိန် သတင်းဌာနတွေ မှာတော့ ၇ နှစ် သက်တမ်း ရှိမယ်လို့ သိရပါတယ်။ ဒီကစားသမား ၂ ဦး အနက် ကန်ဒါ ကတော့ ဥရောပရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ကစားသမား တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ဒီကစားသမား ကတော့ နည်းပြဟောင်း ဖြစ်တဲ့ ရူဘင် အမော်ရင် ကိုင်တွယ်နေတဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ဖွယ် ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့်လည်း ချဲလ်ဆီးက လက်ဦးမှု ရယူပြီး ခေါ်ယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ချဲလ်ဆီးဟာ ဒီကစားသမား နှစ်ဦး အပြင် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ နာမည်ကျော် ကစားသမားတွေ ထပ်မံ ခေါ်ယူဖို့ ရှိနေပြီး လက်ရှိမှာ ကြိုတင် ချိတ်ဆက်မှုတွေလည်း ပြုလုပ်နေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်