နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲလ်ဗာရက်ဇ်ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပါဝင်လာတဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ၄ နှစ်ဆက် ချန်ပီယံ မန်ချက်စတာစီးတီး အသင်းရဲ့ တိုက်စစ် ကစားသမား ဟူလီယန် အဲလ်ဗာရက်ဇ် ကိုတော့ ဥရောပ ထိပ်တန်း ကလပ် တော်တော်များများက ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ မန်စီးတီးနဲ့ အတူ အောင်မြင်မှု များစွာ ရထားတဲ့ အဲလ်ဗာရက်ဇ် ကိုတော့ ယခု အခါမှာ ပရီးမီးယားလိဂ် ပြိုင်ဘက် ထိပ်သီး ကလပ် တစ်ခု ဖြစ်တဲ့ ချဲလ်ဆီး ကလည်း စိတ်ဝင်စားလာခဲ့ပြီ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ ဆိုရင် အဲလ်ဗာရက်ဇ် ကိုတော့ ပီအက်စ်ဂျီ၊ အက်တလက်တီကိုမက်ဒရစ်နဲ့ အခု ချဲလ်ဆီး တို့ကပါ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ အသက် (၂၄) နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် အဲလ်ဗာရက်ဇ်ဟာ အသက် ၂၁ နှစ်မှာတင်ပဲ အာဂျင်တီးနား ကလပ် ရေးဗားပလိတ် ကနေ မန်စီးတီးကို ပေါင် (၁၄) သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

အဲလ်ဗာရက်ဇ်ဟာ စီးတီးနဲ့ (၅) နှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့ပြီး အဂွဲရိုး လက်သစ်လို့တောင် တင်စားခံခဲ့ရသူပါ။ အဲလ်ဗာရက်ဇ် ဟာ ဆိုရင် ပရီးမီးယားလိဂ် ထိပ်သီး ကလပ် အတွက် (၂) ရာသီ ကစားထားခဲ့ပြီး ပြိုင်ပွဲစုံ (၁၀၃) ပွဲမှာ (၃၆) ဂိုး သွင်း (၁၈) ဂိုး ဖန်တီးထားတာ တွေ့ရပါတယ်။ အဲလ်ဗာရက်ဇ်ဟာ မန်စီးတီး ကစားသမားဘဝမှာ ၂ နှစ် အတွင်း ဆုဖလား အားလုံးနီးပါးကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပြီး အာဂျင်တီးနားနဲ့ အတူ ကမ္ဘာ့ဖလား ချန်ပံယံဆုလည်း ရရှိထားသူ ဖြစ်ပါတယ်။

အဲလ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ တစ်ခုတည်းမှာတင် ပြိုင်ပွဲစုံ (၅၄) ပွဲ အထိ ကစားထားသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဓိက ပွဲစဉ်တွေတော့ ပွဲထွက် လူစာရင်း ကနေ ချန်လှပ်ခံခဲ့ရပြီး အရန်ခုံမှာပဲ ထိုင်နေခဲ့ရသူ ဖြစ်ပါတယ်။ ဒီကြောင့် အာဂျင်တီးနား ကစားသမားက ပုံမှန်ပွဲထွက်ခွင့် လိုချင်တာကြောင့် မန်စီးတီး ကနေ ထွက်ခွာဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဒီလို သတင်းတွေ ထွက်ပေါ်လာချိန် မှာတော့ အဲလ်ဗာရက်ဇ်ကို အက်တလက်တီကိုမက်ဒရစ်က အရင်ဆုံး စိတ်ဝင်စားခဲ့ပါတယ်။ အဲ့နောက်မှာတော့ ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီ ကလည်း မျက်စိကျလာပြီး ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့သွားတဲ့ ကီလီယန် အမ်ဘာပေး နေရာမှာ အစားထိုးဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီး ကပါ အဲလ်ဗာရက်ဇ်ကို အလိုရှိလာပြီ ဖြစ်တာကြောင့် ဒီကစားသမားရဲ့ အပြောင်းအရွှေ့ ကလည်း လာမယ့် နွေရာသီမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်လာဖို့တော့ ရှိနေပါတယ်။

ဒါ့အပြင် ချဲလ်ဆီးနဲ့ မန်စီးတီးဟာ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေ ဖြစ်ကြပေမယ့် အပြောင်းအရွှေ့ ကိစ္စတွေမှာတော့ အဆင်ပြေတဲ့ ဆက်ဆံရေး ရှိထားပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရာသီတွေတုန်းက မန်စီးတီး ကနေ ရာဟင်းမ် စတာလင်နဲ့ ကိုးလ် ပါးလ်မား တို့ကို ခေါ်ယူထားခဲ့ဖူးသလို ချဲလ်ဆီး နည်းပြသစ် အန်ဇို မာရက်စ်ကာ ကလည်း ဂွာဒီယိုလာရဲ့ လက်ထောက်ဟောင်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သတင်းတွေ အရတော့ မန်စီးတီးဟာ သူတို့ရဲ့ ကစားသမား အဲလ်ဗာရက်ဇ်ကို အသင်းမှာ ဆက်ထိန်းထားလိုပြီး မဖြစ်မနေ ရောင်းထုတ်ရမယ် ဆိုရင်လည်း ပေါင်သန်း ၈၀ ကျော်လောက် ရရှိမှ ရောင်းထုတ်သွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။ အကယ်၍ ကိုပါအမေရိကမှာသာ အဲလ်ဗာရက်ဇ် တစ်ယောက် ခြေစွမ်းပြနိုင်ရင်တော့ ဒီထက် ပိုပြီး ပြောင်းရွှေ့ကြေး များပြားသွားဖွယ် ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်