နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗင်နီးစီးယပ်စ်ကို စိတ်ဝင်စားလာတဲ့ ချဲလ်ဆီး၊ ဖာရန်း တောရက်စ်ကို စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ၃ သင်း | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ ရီးရဲလ်မက်ဒရစ် တောင်ပံ ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပြန်ပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ကလပ် ဘက်ကတော့ သူတို့ရဲ့ ကစားသမားကို စာချုပ် သက်တမ်းတိုးဖို့နဲ့ ဆော်ဒီပရိုလိဂ် ကလပ်တွေဆီ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး၊ လုပ်ခလစာတွေနဲ့ ရောင်းထုတ်ဖို့သာ ပိုမို စိတ်အားထက်သန်နေပါတယ်။ 

ဆက်စပ် သတင်းတွေအရ ဆိုရင်တော့ ချဲလ်ဆီးက ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက် တို့က စိတ်ဝင်စားနေတဲ့ ကာလရှည် ပစ်မှတ် ဗစ်တာ အိုဆင်မ်ဟန်ကို ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အိုဆင်မ်ဟန် ကတော့ စီးရီးအေ ကလပ် နာပိုလီမှာ ခြေစွမ်းကောင်းတွေ ပြသနေခဲ့သလို တူရကီ ကလပ် ဂါလာတာဆာရေး မှာလည်း ပုံစံကောင်းတွေ ဆက်လက် ပြသနေဆဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်နဲ့ အက်စတွန်ဗီလာ တို့ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ မတိုင်ခင် ဖာရန်း တောရက်စ်ရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဖာရန်း တောရက်စ် ကတော့ ဒီရာသီ အစောပိုင်းမှာ ကတည်းက လာလီဂါ ထိပ်သီး ဘာစီလိုနာမှာ ပုံမှန် ပွဲထွက်ခွင့် မရတာကြောင့် အသင်း ကနေ ထွက်ခွာဖို့ သတင်းတွေ ကြီးနေသူ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ခရစ္စတယ်ပဲလေ့စ်က အဒမ် ဝှာတန်ကို ခေါ်ယူဖို့ အတွက် မြို့ခံ ပြိုင်ဘက် မန်စီးတီးနဲ့ အပြိုင်အဆိုင် ကြိုးပမ်းရဖွယ် ရှိနေပါတယ်။ 

အက်စတွန်ဗီလာ ကတော့ လက်ရှိမှာ အေစီမီလန် အသင်းထံ အငှားနဲ့ သွားရောက် ကစားနေတဲ့ ချဲလ်ဆီး တိုက်စစ်မှူး ယာအို ဖီးလစ်ကို စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗီလာက ဖီးလစ်ကို အပြီးသတ် ခေါ်ယူဖို့ထက် အငှားနဲ့ ခေါ်ယူဖို့သာ ပိုမို စိတ်ဝင်စားနေကြောင်း သိရပါတယ်။ 

လစ်ဗာပူးလ် ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မျှာ ယူရိုသန်း ၈၀ ဝန်းကျင်နဲ့ ရောင်းချဖွယ် ရှိနေတဲ့ လိုက်ပ်ဇစ် ကွင်းလယ်လူ ဇာဗီ ဆိုင်မွန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒီခြေစွမ်းပြ နယ်သာလန် ကစားသမားလေး ကိုတော့ မန်ချက်စတာစီးတီး၊ မန်ချက်စတာယူနိုက်တက်နဲ့ ဘေယန်မြူးနစ် တို့ကလည်း စိတ်ဝင်စားနေကြပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်နဲ့ အက်စတွန်ဗီလာ တို့ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ မတိုင်ခင် ဖာရန်း တောရက်စ်ရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
ဘာစီလိုနာမှာ ပုံမှန် ပွဲထွက်ခွင့်မရလို့ မပျော်ရွှင် ဖြစ်နေတဲ့ ဖာရန်း တောရက်စ်

လစ်ဗာပူးလ် ကတော့ ဒီနွေရာသီမှာ မိုဟာမက် ဆာလာ ကိုသာ ဆုံံးရှုံးခဲ့ရမယ် ဆိုရင် အတ္တလန္တာက အဒမ်မိုလာ လွတ်ခ်မန်းနဲ့သာ ပြန်လည် အစားထိုးချင်နေတယ်လို့ သိရပါတယ်။ လစ်ဗာပူးလ်ဟာ အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား နှစ်ဦး ဖြစ်တဲ့ လူးဝစ္စ ဒီးယက်ဇ်နဲ့ မိုဟာမက် ဆာလာကို လာမယ့် အပြောင်းအရွှေ့ ကာလမှာ လက်လွှတ်ရဖွယ် ရှိနေတာ ဖြစ်ပါတယ်။ 

ဘာစီလိုနာ ကတော့ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ကို စိတ်ဝင်စားခြင်း မရှိတော့ဘူးလို့ သိရပါတယ်။ လာလီဂါ ကလပ်ဟာ အဲလ်ဗာရက်ဇ်ကို ယခင်နှစ်တွေက အကြိမ်ကြိမ် စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားရဲ့ အပြောင်းအရွှေ့ လှည့်ကွက်တွေကို စိတ်ပျက်သွားခဲ့တာကြောင့် ခေါ်ယူတော့မှာ မဟုတ်ကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ် အနေနဲ့ တောင်ပံ တိုက်စစ် ကစားသမား ရိုဒရီဂို အတွက် လစ်ဗာပူးလ် ထံကနေ ယူရို သန်း ၁၂၀ တန် မြင့်မားတဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိဖို့ ရှိနေပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ အသင်း ကနေ ထွက်ခွာဖို့ များနေတဲ့ မိုဟာမက် ဆာလာ နေရာမှာ အစားထိုးဖို့ ကစားသမား တစ်ဦးကို အသည်းအသန် ရှာဖွေနေတာ ဖြစ်ပါတယ်။ 

မန်ချက်စတာယူနိုက်တက် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့ မတိုင်ခင် ဂျူဗင်တပ်စ်က ကီနန် ယီလ်ဒစ်ဇ်ရဲ့ အခြေအနေကို အကြိမ်ကြိမ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ 

မန်စီးတီး ကတော့ နော့တင်ဟမ်ဖောရက်စ် ညာနောက်ခံလူ အိုလာ အိုင်နာကို စိတ်ဝင်စားနေပမယ့် ကစားသမား ကတော့ စီးတီးဂရောင်း မှာသာ ပျော်ရွှင်နေလို့ အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်ခြေ နည်းပါးနေပါတယ်။ 

ဘေယန်မြူးနစ် ကတော့ သူတို့ အသင်းရဲ့ တောင်ပံ ကစားသမား လီရွိုင်း ဆာနေးနဲ့ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ ဘေယန်မြူးနစ်ဟာ ဆာနေးကို အာဆင်နယ်ရဲ့ စိတ်ဝင်စားမှု ကနေ ကာကွယ်နိုင်ဖို့ အလောတကြီး စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်