နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက်ဆီ မပြန်ချင်တဲ့ ဂရင်းဝုဒ်ကို စိတ်ဝင်စားနေတဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ချဲလ်ဆီး ကတော့ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက် တောင်ပံ ကြယ်ပွင့် မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စုံစမ်းမှုတွေ စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြလာပါတယ်။ ဂရင်းဝုဒ်ဟာ ယူနိုက်တက် ကနေ စပိန် ကလပ် ဂီတာဖေးကို အငှားနဲ့ သွားရောက် ကစားနေပြီး ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။

အသက် ၂၂ နှစ် အရွယ် အင်္ဂလန်သားက ဂီတာဖေး အတွက် ပြိုင်ပွဲစုံ ၃၂ ပွဲ ကစားရာမှာ ၁၀ ဂိုး သွင်းယူထားပြီး အထောင်တိုက်စစ်၊ ဘယ်/ညာ တောင်ပံ နှစ်ဖက်စလုံးမှာ အကောင်းဆုံး ကစားပြနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဂီတာဖေး ကလည်း ဂရင်းဝုဒ်ကို နောက်တစ်ရာသီ အငှားနဲ့ အသင်းမှာ ဆက်ရှိနေဖို့ လိုလားနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ်ဟာ အသင်းပိုင်ရှင် အပြောင်းအလဲတွေ ရှိလာတာကြောင့် ဂရင်းဝုဒ်ကို အိုးထရက်ဖို့ဒ်မှာ တကြော့ပြန် ပြန်လည် မြင်တွေ့ရနိုင်ချေလည်း ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သတင်းတွေ အရ‌တော့ အင်္ဂလန်သားရဲ့ အနာဂတ်က မန်ချက်စတာမြို့မှာ ရှိဖို့ မသေချာတော့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် မန်ချက်စတာယူနိုက်တက်ဟာ ဂရင်းဝုဒ်ကို အပြီးသတ် ရောင်းထုတ်ချင်နေပေမယ့် စပိန် ကလပ် ဘက်ကတော့ နောက်ထပ် တစ်ရာသီ အငှားနဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ ဂရင်းဝုဒ်ဟာ အတူနေ ချစ်သူကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှု၊ ထိန်းချုပ်မှု၊ အတင်းအကြပ် ပြုမူမှု၊ စော်ကားမှုတွေနဲ့ စွဲချက်တင်ခံခဲ့ရပြီးနောက် ယူနိုက်တက် ဘက်က ကစားခွင့် ဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂရင်းဝုဒ်ဟာ ယူနိုက်တက် အတွက် ပြန်လည် ကစားခွင့်ရဖို့ စိတ်အားထက်သန်မှုတွေ ရှိခဲ့ပေမယ့် အသင်းဘက်က ပုံရိပ်ထိခိုက်နိုင်တဲ့ အတွက် လာလီဂါ ကလပ် ဂီတာဖေးဆီ အငှားချခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်က မာကာနဲ့ အင်တာဗျူးမှာ ဂီတာဖေး ဥက္ကဋ္ဌ အိန်ဂျယ် တောရက်စ်က “သူနဲ့ သူ့မိဘတွေရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်မယ် နောက်ထပ် တစ်နှစ်လောက် အသင်းမှာ ဆက်ရှိနေမယ်လို့ ကျွန်တော် ထင်ပါတယ်။ ယူနိုက်တက် ဘက်ကလည်း ကမ်းလှမ်းမှုကောင်း တစ်ခုရရင် သူ့ကို ရောင်းချချင်မှာပါ။ ဘာလို့လဲ ဆိုတော့ သူက မန်ချက်စတာကို မပြန်ချင်လို့ပါပဲ။” လို့ ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်ဆီ မပြန်ချင်တဲ့ ဂရင်းဝုဒ် ကို‌တော့ ဂီတာဖေး အပြင် ဥရောပ ထိပ်သီး ကလပ်ပေါင်း များစွာက ခေါ်ယူချင်နေပြီး အက်တလက်တီကို မက်ဒရစ်၊ ဗလင်စီယာ၊ ဘီလ်ဘာအို၊ ဂျူဗင်တပ်စ်၊ အေစီမီလန် တို့ကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ နောက်ထပ် ရရှိတဲ့ သတင်းတွေ အရ ဆိုရင် ပရီးမီးယားလိဂ် ကလပ် တွေကပါ ဂရင်းဝုဒ်ကို စိတ်ဝင်စားနေပြီး အဲ့ဒီ အထဲမှာ ချဲလ်ဆီး ကတော့ အရခေါ်ယူဖို့ စတင် ကြိုးပမ်းနေပြီ ဖြစ်ကြောင်း ဖော်ပြနေကြတာ ဖြစ်ပါတယ်။ ယူနိုက်တက် ဘက်ကတော့ ဂရင်းဝုဒ်လို လူငယ် ကြယ်ပွင့် တစ်ဦးကို ချဲလ်ဆီးလို့ ပရီးမီးယားလိဂ် ပြိုင်ဘက်ဆီထက် အခြားသော ပြည်ပက ကလပ်တွေဆီ ရောင်းထုတ်ဖို့ များနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ သူတို့နဲ့ စာချုပ် သက်တမ်း တစ်နှစ်လောက် ကျန်ရှိနေတဲ့ ကစားသမား အတွက် ယူရိုသန်း ၃၀ ဝန်းကျင် အထိ အလို ရှိနေတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ဂရင်းဝုဒ်ကို စိတ်ဝင်စားနေတဲ့ ကလပ်တွေ ကတော့ ဒီပမာဏကို ပေးချေဖို့ အတွက် တွန့်ဆုတ်နေကြတာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ သူ့ရဲ့ မှောင်မိုက်တဲ့ နေ့ရက်တွေ မတိုင်ခင် မန်ချက်စတာယူနိုက်တက် ပရိသတ်တွေရဲ့ အချစ်တော် သစ်သားစိမ်းလေး ဖြစ်ခဲ့သူပါ။ အသက် ၂၂ နှစ် အရွယ် အင်္ဂလန်သားဟာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် အတွက် ပွဲပေါင်း ၁၂၉ ပွဲ ကစားပြီး ၃၅ ဂိုး သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်