နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ဇို ဖာနန်ဒက်ဇ်ကို စိတ်ဝင်စားလာတဲ့ ချဲလ်ဆီး၊ ရော်နယ်ဒိုကို မမေ့သင့်ကြောင်း သတိပေးလိုက်တဲ့ အီဗရာ (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ဒီဇင်ဘာလ ၂၉ ရက်နေ့ ညပိုင်း ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အန်ဇို ဖာနန်ဒက်ဇ် အတွက် ချဲလ်ဆီးလည်း စတင် လှုပ်ရှားလာ

ဘင်ဖီကာ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကို မန်ချက်စတာယူနိုက်တက်က စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်လာတဲ့နောက် မှာတော့ ပရီးမီးယားလိဂ် ကလပ် တစ်ခု ဖြစ်တဲ့ ချဲလ်ဆီး ကလည်း စိတ်ဝင်စားမှုတွေ စတင် ပြသလာခဲ့ပါတယ်။ ယူနိုက်တက်က ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းနေတယ်လို့ အင်္ဂလန်မီဒီယာတွေက ဖော်ပြပြီး နောက်တရက်မှာပဲ ချဲလ်ဆီးက စာချုပ်ပါ လျော်ကြေး အတိုင်း ပေးချေ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဆိုလာတာပါ။

ကမ္ဘာ့ဖလားမှာ အာဂျင်တီးနား အတွက် ခြေစွမ်းပြခဲ့ပြီး အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့တဲ့ အန်ဇိုကို ဘင်ဖီကာက ပြောင်းရွှေ့ကြေး တိုးမြှင့် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေ ကတော့ အဆိုပါ ပမာဏ အတိုင်း ပေးချေဖို့ လက်မတွန့်နေဘဲ ပေါင် ၈၈ သန်းနဲ့ ကမ်းလှမ်းမှု တစ်ခု ရှိခဲ့ပေမယ့် ပေါ်တူဂီ ကလပ်က ပယ်ချခဲ့တယ်လို့ သိရပါတယ်။

အခုအခါမှာ ချဲလ်ဆီးက ကန်တေနဲ့ ဂျော်ဂျင်ဟိုတို့ ရာသီကုန်မှာ အသင်းက ထွက်ခွာဖွယ် ရှိနေတာကြောင့် အင်အားဖြည့်တင်းဖို့ ကြိုးစားရာမှာ အန်ဇိုကို ပစ်မှတ်ထားလာတာပါ။ ယူနိုက်တက် ကတော့ ဂက်ခ်ပိုကို ခေါ်ယူဖို့ နှောင့်နှေးနေလို့ လစ်ဗာပူးလ်ရဲ့ ကြားဖြတ် ခေါ်ယူခြင်း ခံခဲ့ရပြီးနောက် အန်ဇို အတွက်ပါ ပြိုင်ဘက်က လက်ဦးမှု ရယူသွားမယ့် အရေးကို ရင်ဆိုင်နေရပါတယ်။


ရော်နယ်ဒိုကို မေ့ပစ်လို့ မရဘူးလို့ ယူနိုက်တက်ကို အီဗရာ သတိပေး

မန်ချက်စတာယူနိုက်တက် ခံစစ်မှူးဟောင်း ပက်ထရစ် အီဗရာက အသင်း အနေနဲ့ ရော်နယ်ဒိုလို ကစားသမားမျိုးကို မေ့ပစ်လို့ မရဘူးလို့ သတိပေးလိုက်ပါတယ်။ ပေါ်တူဂီ တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ် ကလပ်နဲ့ နှစ်ဖက် သဘောတူ စာချုပ် ဖျက်သိမ်းခဲ့ပြီးနောက် အမုန်းတရာတွေနဲ့ လမ်းခွဲသွားခဲ့တာ ဖြစ်ပြီး ယူနိုက်တက်နဲ့ သူ့ကြားမှာ ဘယ်လို သံယောဇဉ်မျိုးမှ မရှိတော့ဘူးလို့ ယူဆရပါတယ်။

ပေါ်တူဂီ တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ် ကလပ်နဲ့ နှစ်ဖက် သဘောတူ စာချုပ် ဖျက်သိမ်းခဲ့ပြီးနောက် အမုန်းတရာတွေနဲ့ လမ်းခွဲသွားခဲ့တာ ဖြစ်ပြီး ယူနိုက်တက်နဲ့ သူ့ကြားမှာ ဘယ်လို သံယောဇဉ်မျိုးမှ မရှိတော့ဘူးလို့ ယူဆရပါတယ်။
ဒီရာသီ မန်ချက်စတာယူနိုက်တက်မှာ ပုံမှန် ပွဲထွက်ခွင့် မရခဲ့တဲ့ ရော်နယ်ဒို

ဒါပေမယ့် အီဗရာက “ အသင်း အတွက် သူ ဘယ်လို အောင်မြင်မှုတွေ ရယူပေးခဲ့လဲ ဆိုတာ မေ့ပစ်လို့မရပါဘူး၊ အသင်း အတွက် ကစားပေးခဲ့တဲ့ အကြီးကျယ် အခမ်းနားဆုံး ကစားသမားတွေ ထဲမှာ သူလည်း အပါအဝင်ပါပဲ၊ ဒီလို ပုံစံမျိုးနဲ့ သူတို့ ကြားမှာ ပြီးဆုံးသွားခဲ့တာ ဝမ်းနည်းဖို့ ကောင်းပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဒီရာသီ အသင်းမှာ ပုံမှန် ကစားခွင့် မရသလို၊ ခြေစွမ်းလည်း မပြနိုင်ခဲ့ဘဲ ရှိနေခဲ့သူပါ။ အသင်း အတွင်း မှာလည်း ပြသနာတွေ ရှိနေခဲ့ပြီး ပီယာ့စ် မော်ဂန်နဲ့ သီးသန့် အင်တာဗျူး လုပ်ခဲ့ပြီးနောက်မှာ အသင်းဘက်က သူ့လုပ်ရပ်နဲ့ သူ့ပြောစကားတွေကို ဒေါသထွက်ခဲ့ပြီး နှစ်ဖက် လမ်းခွဲဖို့ အတွက်ကို ဦးစားပေး ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။


ပရီးမီးယားလိဂ်မှာ ချဲလ်ဆီး တစ်သင်းလုံးထက် ဂိုးပိုသွင်းထားတဲ့ ဟာလန်း

မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ လိဒ်ယူနိုက်တက်နဲ့ ပွဲမှာ အနိုင်ဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် သမိုင်းမှာ ဂိုးပေါင်း ၂၀ ကို အမြန်ဆုံး ပြည့်မြောက်အောင် သွင်းယူနိုင်တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဟာလန်းက ဒီရာသီမှာ ချဲလ်ဆီး တသင်းလုံး ရရှိထားတဲ့ လိဂ် သွင်းဂိုး အရေအတွက် ထက်လည်း ၁ ဂိုး ပိုများအောင် သွင်းယူထားနိုင်ပြီ ဖြစ်ပါတယ်။

ချဲလ်ဆီး ကတော့ လိဂ်ဂိုး ၁၉ ဂိုးတည်းသာ ရရှိထားတာ ဖြစ်ပြီး ဒါက ဟာလန်းရဲ့ တဦးတည်း သွင်းဂိုး ထက်တောင်မှ နည်းပါးနေတာပါ။ ဟာလန်းဟာ သူ့ရဲ့ ဖခင် ဖြစ်သူ ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် သွင်းဂိုး ထက်လည်း ၂ ဂိုး ပိုများနေခဲ့ပါတယ်။ သူ့ဖခင်က ၁၈ ဂိုး တည်းသာ ရရှိခဲ့တာ ဖြစ်ပြီး ဟာလန်းက ဖခင်ထက် ပွဲပေါင်း ၁၆၈ ပွဲ လျော့နည်း ကစားပြီး ဂိုး ၂၀ ရခဲ့တာပါ။

နော်ဝေတိုက်စစ်မှူးဟာ ရပ်တန့်လို့ မရနိုင်အောင်ကို ဖြစ်နေပြီး ရွှေဖိနပ်ဆု အတွက်လည်း ပြတ်ပြတ်သားသားပဲ ဦးဆောင်နေပါတယ်။ သူ့ကို လိုက်မီဖို့အတွက် ဆိုရင် ကျန်တိုက်စစ်မှူးတွေ အနေနဲ့ တစ်ပွဲကို ၂ ဂိုးနှုန်းလောက် သွင်းယူမှပဲ အဆင်ပြေမယ့် အနေအထားမှာ ရှိနေပြီး ပရိသတ်တချို့ ကတော့ ဟာလန်းက ပရီးမီးယားလိဂ်ကို လယ်သမားလိဂ် ဖြစ်အောင် လုပ်နေတယ်လို့ ဆိုခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်