နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂယ်လာဟာ အတွက် ဗီလာနဲ့ ဆွေးနွေးခဲ့တဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ သူတို့ရဲ့ ကွင်းလယ်လူ ကော်နာ ဂယ်လာဟာကို ရောင်းချဖို့ အတွက် အက်စတွန်ဗီလာ အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတစ်ရပ်က ဖော်ပြလာပါတယ်။

ဂယ်လာဟာဟာ ချဲလ်ဆီးနဲ့ စာချူပ်သက်တမ်း နောက်ဆုံး ၁၂ လထဲကို ရောက်ရှိလာချိန်မှာ အသင်း တာဝန်ရှိသူတွေက ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ရောင်းချချင်နေတာ ဖြစ်ပါတယ်။ အကယ်၍ လာမယ့် ရာသီအကုန်မှ ဆိုရင်တော့ ချဲလ်ဆီး အနေနဲ့ သူတို့ရဲ့ အင်္ဂလန် ကွင်းလယ်လူကို အလွတ်နဲ့ ထွက်ခွာခွင့်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အချိန်ရှိတုန်းမှာ ဂယ်လာဟာကို အကျိုးအမြတ် တစ်ခု အတွက် ရည်ရွယ်ပြီး နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

နောက်ထပ် ပရီးမီးယားလိဂ် ကလပ် တစ်ခု ဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါး ကလည်း ဂယ်လာဟာကို ပြီးခဲ့တဲ့ နွေရာသီက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီနွေရာသီ မှာတော့ အက်စတွန်ဗီလာက အသက် ၂၄ နှစ် အရွယ် ကွင်းလယ်လူကို ခေါ်ယူဖို့ ပထမဦးဆုံး အကြိမ် ချိတ်ဆက်ထားတဲ့ အသင်း ဖြစ်ကြောင်း The Athletic က ဖော်ပြထားခဲ့ပါတယ်။

အက်စတွန်ဗီလာ နည်းပြ အူနိုင်း အမ်မရီက ဂယ်လာဟာကို သဘောကျသူ ဖြစ်ပြီး လာမယ့် ရာသီ ချန်ပီယံလိဂ် ကစားရမယ့် အသင်း အတွက် အားဖြည့်မှုတွေ ပြုလုပ်ချင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ချဲလ်ဆီးနဲ့ အက်စတွန်ဗီလာ တာဝန်ရှိသူတွေဟာ ဂယ်လာဟာရဲ့ အေးဂျင့် ဖြစ်သူနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဂယ်လာဟာ ကတော့ နည်းပြသစ် အန်ဇို မာရက်စ်ကာ လက်အောက်မှာ ချဲလ်ဆီးနဲ့ အနာဂတ် ဆက်လက် ရှင်သန်ဖို့ လိုလားကြောင်း ပြောဆိုထားပေမယ့် အသင်း ဘက်ကတော့ စာချုပ်သက်တမ်းတိုးဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးဟာ ဂယ်လာဟာကို ရောင်းထုတ်ပြီး အခြား အရည်အသွေးမြင့် ကွင်းလယ်လူ တစ်ဦး ခေါ်ယူသွားဖို့ စဉ်းစားနေတယ်လို့လည်း သိရပါတယ်။

ချဲလ်ဆီးနဲ့ ဗီလာ တို့ဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြပြီး ၂၀၂၂ နွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီးက ကွင်းလယ်လူ ကာနေး ချူကွယ်မီကာ ကို ခေါ်ယူခဲ့ဖူးပါတယ်။ ဒါကြောင့် ဂယ်လာဟာရဲ့ အပြောင်းအရွှေ့မှာလည်း နှစ်သင်း အလွယ်တကူ သဘောတူညီမှု ရရှိသွားဖို့ ရှိနေပြီး ဒီကစားသမား အတွက် စာချုပ် ဖျက်သိမ်းကြေး ကတော့ ပေါင် သန်း ၂၀ ဝန်းကျင် ရှိနေတာ ဖြစ်ပါတယ်။ အခြားသော သတင်းတွေ အရ ဆိုရင်တော့ ချဲလ်ဆီး အသင်းပိုင်ရှင် တော့ဒ် ဘိုလေဟာ ဒီရာသီမှာလည်း ကစားသမားသစ်တွေ ခေါ်ယူသွားဖို့ ရှိနေပြီးတော့ အသင်းကို အခုထက်ပိုပြီး အင်အားတောင့်တင်းစေဖို့ လိုလားနေကြာင်း သိရပါတယ်။

ဂယ်လာဟာ ဟာ ချဲလ်ဆီး အသင်းမှာ ကစားသမားဘဝ စတင်ခဲ့ပေမယ့် ဝက်စ်ဘရွန်း၊ ခရစ္စတယ်ပဲလေ့စ် တို့လို အသင်းတွေမှာ အငှားနဲ့ ထွက်ကစားပြီးမှ စတန်းဖို့ဒ်ဘရစ်ချ်ကို ပြန်ရောက်လာတာ ဖြစ်ပါတယ်။ ဂယ်လာဟာ ကတော့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးမှာ ပြီးခဲ့တဲ့ နှစ်ရာသီ အတွင်း ပြိုင်ပွဲစုံ ၉၅ ပွဲ ကစားပြီး ၁၀ ဂိုး သွင်းယူပေးထားသူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်