နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒုတိယပိုင်း ချေပဂိုးတွေနဲ့ ဗီလာပါ့ခ်မှာ သရေ တစ်မှတ် ယူနိုင်ခဲ့တဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

countdown banner

အက်စတွန်ဗီလာ ၂-၂ ချဲလ်ဆီး

ဒီကနေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ချဲလ်ဆီးတို့ အက်စတွန်ဗီလာကို ချေပဂိုးတွေ လိုက်သွင်းပြီး ဗီလာပါ့ခ် ကနေ သရေ တစ်မှတ်ယူပြီး ပြန်နိုင်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဒီနေ့ပွဲမှာ အရင်ပွဲတွေကထက် ပိုကောင်းတဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ပေမယ့် အဆုံးသတ် အားနည်းချက်တွေကြောင့်ပဲ သရေနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လန်ဒန်ဒါဘီ ပြိုင်ဘက် အာဆင်နယ်ကို ၅-၀ နဲ့ အရှက်တကွဲ ရှုံးနိမ့်ထားခဲ့တဲ့ ချဲလ်ဆီးတို့ ဒီနေ့ ပွဲမှတော့ ပါးလ်မား ပါဝင်လာခြင်းနဲ့ အတူ ပုံစံကောင်း တစ်ခုနဲ့ ဗီလာကို ရင်ဆိုင်ခဲ့တာပါ။ ဗီလာ ကလည်း သူတို့ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ခိုင်မာစေရေး အတွက် အမှားအယွင်း မရှိ ကစားနိုင်ဖို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။ ဗီလာက အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် ချဲလ်ဆီးကို အဘက်ဘက်မှာ မယှဉ်နိုင်ခဲ့ပဲ ပထမပိုင်းမှာ ဦးဆောင်ဂိုးတွေ ရရှိထားခဲ့လို့သာ ခံသာခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ရပြီး ပရီးမီးယားလိဂ် မှာတော့ အဆင့် ၉ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၉ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ ချဲလ်ဆီး

ဗီလာဟာ ချဲလ်ဆီးရဲ့ အထနှေးမှုကို အခွင့်ကောင်းယူပြီး ပွဲအစ ၄ မိနစ်မှာပဲ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဒစ်ဂ်နီး ချိုးပေးလိုက်တဲ့ ဘောလုံးကို မက်ဂင်းန် လမ်းကြောင်းပြောင်း သွင်းယူရာမှာ ချဲလ်ဆီး နောက်ခံလူ ကူကာရယ်လာနဲ့ ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဂျက်ဆန် ဂိုးသွင်းခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာ လူကျွံနေခဲ့လို့ ချဲလ်ဆီးတို့ နစ်နာခဲ့ရပါတယ်။ သိပ်မကြာခင်မှာလည်း ဂျက်ဆန်ရဲ့ ခေါင်းတိုက်ချက် ကောင်းခဲ့ပေမယ့် တိုင်ထိလို့ ချဲလ်ဆီးတို့ ကံခေခဲ့ရပြီး ပထမပိုင်း ပြီးခါနီးမှာ ရော်ဂျာစ်က ဒုတိယဂိုး သွင်းသွားလို့ ၂-၀ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးတို့ ပြန်လာနိုင်ခဲ့ပြီးတော့ မာဒူအီခီက ၆၂ မိနစ်မှာ ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ၈၁ မိနစ်မှာလည်း ချဲလ်ဆီးတို့ လိုအပ်နေတဲ့ သွင်းဂိုး ထပ်ရခဲ့ပြီး ကော်နာ ဂယ်လာဟာ က ဧရိယာ ထိပ်ကနေ လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ နာကျင် အချိန်ပို ၅ မိနစ် အရောက်မှာတော့ ချဲလ်ဆီး အတွက် ဒီယာဆီက အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း VAR ပြန်ကြည့်ရာမှာ ဘာဒီယာရှီးလ် ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ကွင်းလယ်ဒိုင်က သွင်းဂိုးကို ပြန်လည် ပယ်ဖျက် သွားခဲ့ပါတယ်။ ဒါကြောင့် ၂-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး ချဲလ်ဆီးတို့ နောက်ထပ် တစ်ပွဲ နိုင်ပွဲ ပျောက်ခဲ့ရပြန်ပါတယ်။

ချဲလ်ဆီးဟာ ဒီနေ့ပွဲမှာ ရလဒ်ဆိုးတွေ အောက်က ရုန်းထွက်ဖို့ တစ်သင်းလုံး အားထည့် ကစားသွားခဲ့ပေမယ့် နောက်တန်းရဲ့ အမှားတွေ ကတော့ ဆက်လက် မြင်တွေ့နေရဆဲပါ။ ဂျက်ဆန်လည်း လိမ်လိမ်မာမာနဲ့ ဒရော့ဘာလို့ ဂတုံးကေ ပြောင်းပြီး ဂိုးလည်း သွင်းနိုင်ခဲ့ပေမယ့် ကံဆိုးနေဆဲ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ရပြီး ပရီးမီးယားလိဂ် မှာတော့ အဆင့် ၉ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ ဗီလာ ကတော့ နိုင်ပွဲ ပျောက်ခဲ့ပေမယ့် ရမှတ် ၆၇ မှတ်နဲ့ အဆင့် ၄ နေရာမှာ ဆက်ရှိနေပါတယ်။ ဒါပေမယ့်လည်း အောက်က စပါးဟာ နှစ်ပွဲလျော့ ကစားထားလို့ ချန်ပီယံလိဂ် ဝင်ခွင့် အခိုင်အမာရရှိဖို့တော့ မသေချာသေးပါဘူး။

ချဲလ်ဆီးဟာ လာမယ့် မေလ ၃ ရက်နေ့မှာ စပါးနဲ့ ပရီးမီးယားလိဂ် ကစားရဖို့ ရှိပြီး ဗီလာ ကတော့ အဲ့ဒီနေ့မှာပဲ အိုလံပီယာကော့စ်နဲ့ ယူရိုပါကွန့်ဖရင့်လိဂ် ဆီမီးဖိုင်နယ် ကစားရမှာပါ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်