နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုက်စစ် ကစားသမားသစ် နှစ်ဦး အတွက် ပျော်ရွှင်နေတဲ့ ချဲလ်ဆီး ပရိသတ်များ (ပရီးမီးယားလိဂ် သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၂၄ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


တိုက်စစ် ကစားသမားသစ် နှစ်ဦး အတွက် ပျော်ရွှင်နေတဲ့ ချဲလ်ဆီး ပရိသတ်များ

ာသီကြို ခြေစမ်းပွဲ နှစ်ပွဲ ကစားပြီးချိန်မှာတော့ ချဲလ်ဆီး ပရိသတ်တွေဟာ ကစားသမားသစ်တွေ ဖြစ်တဲ့ နီကိုလပ်စ် ဂျက်ဆန်နဲ့ ခရစ္စတိုဖာ အန်ကွန်ကူ တို့ရဲ့ ခြေစွမ်းတွေ အပေါ် ကျေနပ် အားရနေကြပါတယ်။ အန်ကွန်ကူဟာ ဘရိုက်တန်နဲ့ ပွဲမှာလည်း ဂိုးထပ် ရခဲ့ပြီး ၂ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့သလို ဂျက်ဆန် ကလည်း ဂိုးဖန်တီးမှု ဆက်လုပ်နိုင်ခဲ့ကာ ၁ ဂိုး သွင်းနိုင်ခဲ့ပါတယ်။

ပိုချက်တီနိုရဲ့ တိုက်စစ်ပိုင်းမှာ ဒီကစားသမား နှစ်ဦးက အဓိက ကျလာမယ့်သူတွေလို့ ယူဆရပြီး အသင်းသစ်မှာ ချက်ချင်းပဲ ခြေစွမ်းပြနေကြတာပါ။ ရက်စ်ဟမ်းနဲ့ပွဲ မှာလည်း ဂိုးပါဝင်ပတ်သက်မှုတွေ ရှိခဲ့သလို ဘရိုက်တန်နဲ့ ပွဲမှာလည်း အထင်ကြီးဖွယ်ရာ စွမ်းဆောင်ရည်တွေကို ဆက်ပြသခဲ့တဲ့နောက် ပရိသတ်တွေရဲ့ သူတို့ အပေါ် ယုံကြည်မှုက မြင့်တက်လာခဲ့ပါတယ်။

ချယ်လ်ဆီး ပရိသတ်တွေ ကတော့ “ အန်ကွန်ကူက ကြီးကျယ်ခမ်းနားတဲ့ ကစားသမား ဖြစ်လာဖို့ မျှော်လင့်နိုင်တယ်၊ သူ နှစ်ပွဲဆက် ဂိုးသွင်းပြီးပြီ” ၊ အရင်ပြောခဲ့ဖူးသလို ထပ်ပြောရမယ် ဆိုရင် အန်ကွန်ကူက ပရီးမီးယားလိဂ်ရဲ့ နွေရာသီ အကောင်းဆုံး ခေါ်ယူမှုပဲ၊ သူက အရမ်းကောင်းတယ်” လို့ ချီးမွမ်းခဲ့ကြကာ ဂျက်ဆန် ကိုလည်း “ နီကိုလပ်စ် ဂျက်ဆန် ဆိုတာ သူပဲ” ၊ “ ဂျက်ဆန်ရေ၊ ငါကတော့ မတ်တပ်ရပ် လက်ခုပ်တီးခဲ့ပြီးတော့ မင်းက ကမ္ဘာ့အဆင့်လို့ ချီးကျူးပါတယ်” ၊ “ ဂျက်ဆန်က open play ကနေ ၂ ကြိမ် ဖန်တီးခဲ့ပြီးပြီ၊ ဒါက မေဆန်မောင့်ရဲ့ ချယ်လ်ဆီး ကစားသမား ဘ၀ တစ်ခုလုံး ဖန်တီးမှုထက်တောင် ပိုများသေးတယ်” လို့ ပြောဆိုခဲ့ကြပါတယ်။


တိုက်စစ်မှူး တစ်ဦး လိုအပ်နေတယ်လို့ သတိပေးလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အသင်းခေါင်းဆောင်သစ် ဘရူနို ဖာနန်ဒက်စ်က သူတို့ အသင်းမှာ တိုက်စစ်မှူး လိုအပ်ချက် ရှိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ်ကို အနိုင်ရရှိခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲ အပြီးမှာ သူက ပြောဆိုခဲ့ပြီး အသင်းကို တွန်းအားပေးလိုက်တဲ့ သဘောလို့ ယူဆရပါတယ်။

ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ်ကို အနိုင်ရရှိခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲ အပြီးမှာ သူက ပြောဆိုခဲ့ပြီး အသင်းကို တွန်းအားပေးလိုက်တဲ့ သဘောလို့ ယူဆရပါတယ်။
တိုက်စစ်မှူး တစ်ဦး လိုအပ်ကြောင်း ယူနိုက်တက်ကို သတိပေးလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

“ ကျနော်တို့မှာ ဂိုးတွေ သွင်းပေးမယ့်သူ တစ်ဦး လိုအပ်နေပါတယ်၊ ဒါကို ကလပ် ကလည်း သိသလို နည်းပြ ကလည်း သိထားပါတယ်၊ အဲဒီနေရာ အတွက် ကျနော် တို့မှာ လူတွေ ပိုမို လိုအပ်ပါတယ်၊ အသင်းက အသင်းအတွက် ပိုပြီးတော့ အရည်အသွေး ဖြစ်နိုင်တာတွေကို ယူလာနိုင်ဖို့ လိုအပ်တာတွေ လုပ်နေပါတယ်” လို့ ဘရူနိုက ပြောဆိုခဲ့တာပါ။

ယူနိုက်တက်ဟာ တိုက်စစ်မှူးနေရာ အတွက် အတ္တလန္တာက ဟော့ဂျ်လန်းကို ပစ်မှတ်ထားနေပါတယ်။ အိုနာနာကို ခေါ်ယူခဲ့ပြီးချိန်မှာ တိုက်စစ်မှူး တစ်ဦး အတွက် သူတို့ လှုပ်ရှားနေပြီ ဆိုတာကို ဖာနန်ဒက်စ်က အသိပေးဟန်လည်း ရှိပြီး ဘယ်သူရောက်လာမလဲ ဆိုတာ ကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


အယ်လ်အီတီဖက်နဲ့ သဘောတူညီမှု ရသွားတဲ့ ဒမ်ဘီလီ

ပြင်သစ် လီဂူးဝမ်း ကလပ် လိုင်ယွန် တိုက်စစ်မှူး မူဆာ ဒမ်ဘီလီဟာ ဆော်ဒီ ကလပ် အယ်လ်အီတီဖက်နဲ့ မူအားဖြင့် သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ သူ့ကို အလွတ်ခေါ်ယူနိုင်မှာ ဖြစ်ပြီး ဆော်ဒီကလပ် အတွက်တော့ ဒါဟာ တော်တော်လေး ကောင်းမွန်တဲ့ ခေါ်ယူမှု တစ်ခု ဖြစ်လာတော့မှာပါ။

အမျိုးသမီးကမ္ဘာ့ဖလား 2023
ဂျာမနီ
မော်ရိုကို
1X2 မော်ရိုကို @ 12.50
ဂိုးပေါ် 3.00 @ 2.00
ဂိုးပေါင်း 0-1 @ 4.20
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

တချိန်တုန်းက အသင်းကြီးတွေရဲ့ ပစ်မှတ် ဖြစ်ခဲ့တဲ့ ဒမ်ဘီလီဟာ လိုင်ယွန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အသင်းလက်မဲ့ ဖြစ်နေသူပါ။ ဒါကြောင့် ဆော်ဒီ ကလပ်က အလွယ်တကူပဲ ခေါ်ယူနိုင်ခဲ့ကာ အပြီးသတ် လုပ်ဆောင်ဖို့ အတွက် စတင်နေပြီလို့ သိရပါတယ်။

အယ်လ်အီတီဖက်ဟာ လစ်ဗာပူးလ် ကွင်းလယ်လူ ဂျော်ဒန် ဟန်ဒါဆန်ကို ခေါ်ယူဖို့ အတွက်လည်း ကြိုးစားနေပြီး မကြာခင် အပြည့်အ၀ သဘောတူညီမှု ရရှိတော့မှာပါ။ စတီဗင် ဂျရတ် အတွက်တော့ တိုက်စစ်ပိုင်းမှာ အားကိုးရမယ့် ကစားသမား တစ်ဦးကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်