ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ ဝါရင့် ကွင်းလယ် ကစားသမား ကက်စ်မဲရိုး ကတော့ သူ့အနေနဲ့ အသင်းမှာ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့ အထိ ဆက်နေသွားလိုကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ ကက်စ်မဲရိုးဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလတွေမှာ ကတည်းက ယူနိုက်တက် ကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်နေသူ ဖြစ်ပေမယ့် လက်ရှိ မှာတော့ ဘရာဇီးလ်သားက အခုလိုပဲ အတည်ပြု ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ကက်စ်မဲရိုးက ပြီးခဲ့တဲ့ ၂၀၂၂ နွေရာသီမှာ ရီးရဲလ်မက်ဒရစ် ကနေ ယူနိုက်တက်ကို Add-ons ကြေး အပါအဝင် ပေါင်သန်း ၇၀ နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ကက်စ်မဲရိုးဟာ ယူနိုက်တက် အတွက် ပွဲဦးထွက် ရာသီမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ရာသီက စတင်ကာ ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းသွားခဲ့တာကြောင့် အသင်း ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ပါ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ကက်စ်မဲရိုး ကတော့ မန်ချက်စတာယူနိုက်တက်နဲ့ ၂၀၂၆ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်က ကက်စ်မဲရိုး အတွက် မြင့်မားတဲ့ လုပ်ခ လစာငွေကို ပေးချေလို့ခြင်း မရှိတာကြောင့် ရောင်းထုတ်ဖို့ ဆန္ဒရှိနေတာလည်း ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ကက်စ်မဲရိုး ကတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာ စာချုပ်သက်တမ်း ကုန်ဆုံးချိန်အထိ ဆက်နေလိုကြောင်း ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သတ်လို့ ကက်စ်မဲရိုးက “မန်ချက်စတာယူနိုက်တက် အသင်း အပေါ် ကျွန်တော် လေးစားမှု အပြည့် ရှိပါတယ်။ ဒီအသင်းကို ကျွန်တော် ကျေးဇူးလည်း အရမ်းတင်ပါတယ်။ ယူနိုက်တက်နဲ့ ချုပ်ဆိုထားတဲ့ ကျွန်တော့်ရဲ့ စာချုပ်မှာ တစ်နှစ်ခွဲလောက် ကျန်ရှိနေသေးတာပါ။ ကျွန်တော့် အနေနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန် အထိ ယူနိုက်တက်မှာ ဆက်လက် ကစားသွားချင်ပါတယ်။ မိသားစု ကလည်း ဒီမှာ နေသားကျနေပါပြီ။ ဒီအသင်းမှာ ကျွန်တော် ပျော်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့က ဆိုရင် ကက်စ်မဲရိုးကို ဆော်ဒီပရိုလိဂ် ကလပ်တွေ ဖြစ်တဲ့ အဲလ်နာဆာ၊ အဲလ်ဟီလာနဲ့ အဲလ်အစ်တီဟတ် အပြင် တူရကီ ထိပ်သီး ဘက်ဆစ်တပ်စ် ကလည်း ခေါ်ယူချင်ခဲ့ပါသေးတယ်။ ဘက်ဆစ်တပ်စ် နည်းပြ ဆိုးလ်ရှားဟာ ကက်စ်မဲရိုးကို ခေါ်ယူပေးဖို့ အတွက် အသင်းကို တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ ကတော့ အထ မမြောက်ခဲ့ပါဘူး။
ကက်စ်မဲရိုးဟာ ဘရာဇီးလ် ကလပ် ဆာပေါ်လို အသင်းနဲ့ အတူ ကစားသမားဘဝကို စတင်ခဲ့ပြီးတော့ ၂၀၁၃ ခုနှစ် မှာတော့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲ့နောက် ပေါ်တို အသင်းမှာ အငှားထွက်ကစားခဲ့ရပြီး ၂၀၁၅ ခုနှစ် မှာတော့ ရီးရဲလ်မက်ဒရစ် စီနီယာ အသင်းကြီး အတွက် ပုံမှန် ပွဲထွက်ကစားခွင့် စတင်ရရှိခဲ့ပါတယ်။ ဘရာဇီးလ်သားက ရီးရဲလ်မက်ဒရစ် မျှာတော့ ပြိုင်ပွဲစုံ ပွဲပေါင်း ၃၁၀ အထိ ကစားခဲ့ပြီး ချန်ပီယံလိဂ်ဖလား ၅ ကြိမ် အပါအဝင် လာလီဂါနဲ့ အခြားသော ဆုဖလား များစွာ ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ် မှာတော့ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ကက်စ်မဲရိုးဟာ ယူနိုက်တက် မှာတော့ လက်ရှိအချိန်ထိ ပရီးမီးယားလိဂ် အပါအဝင် ပွဲပေါင်း ၁၀၈ ပွဲ ကစားပြီး ၁၅ ဂိုး သွင်းယူထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.