နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂန်းနားတို့ ဖလား ရဖို့ ၅၀ ရာခိုင်နှုန်း သေချာနေပြီလို့ ဆိုလိုက်တဲ့ ကာရေဂါ၊ အသင်းသားတွေကို လစ်ဗာပူးလ်နဲ့ ပွဲက ဗီဒီယိုတွေ ပြန်ကြည့်ခိုင်းခဲ့တဲ့ တန်ဟက်ဂ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

countdown banner

ဂန်းနားတို့ ဖလား ရဖို့ ၅၀ ရာခိုင်နှုန်း သေချာနေပြီလို့ ဆိုလိုက်တဲ့ ကာရေဂါ၊ အသင်းသားတွေကို လစ်ဗာပူးလ်နဲ့ ပွဲက ဗီဒီယိုတွေ ပြန်ကြည့်ခိုင်းခဲ့တဲ့ တန်ဟက်ဂ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၇ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အာဆင်နယ်က အမှတ်ပေးဖလား အတွက် ၅၀-၅၀ အနေအထားလို့ သုံးသပ်လိုက်တဲ့ ကာရေဂါ

အာဆင်နယ်က ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ရယူနိုင်ဖို့ အတွက် အခွင့်အရေး ၅၀% ရှိနေပြီလို့ ဘောလုံး ဝေဖန်သုံးသပ်သူ ဂျင်မီ ကာရေဂါက ပြောဆိုလိုက်ပါတယ်။ မန်ချက်စတာစီးတီးကို အာဆင်နယ်က ၅ မှတ် ဖြတ်ထားပေမယ့် မန်စီးတီး ကလည်း ဆုဖလား ရယူနိုင်ချေ ၅၀% ရှိတယ်လို့ ကာရေဂါက ယူဆထားပါတယ်။

“ ကျနော် အမြဲတမ်း ပြောဖူးတာက အမှတ်ပေးဖလားကို ရယူချင်တယ် ဆိုရင် နောက်ကျဂိုးတွေ သွင်းယူနိုင်ရမယ် ဆိုတာပါ၊ တကယ်လို့ အာဆင်နယ်သာ အမှတ်ပေးဖလား ရမယ် ဆိုရင် ရီးစ် နယ်လ်ဆင်က အာဆင်နယ်ရဲ့ ဂန္ထဝင် ကစားသမား ဖြစ်လာမှာပါ၊ နောက်ကျဂိုးတွေ သွင်းယူတိုင်း အဲဒီဂိုးတွေ အကြောင်း ကျနော်တို့ အခုထိ ပြောဖြစ်နေတုန်းပဲလေ”

“ အာဆင်နယ်က ဆုဖလား ရယူနိုင်ဖို့ အတွက် ၅၀-၅၀ အနေအထားလို့ ကျနော် ထင်ပါတယ်၊ သူတို့ ဒီပုံစံ အတိုင်း ဆက်ဦးဆောင်နေဖို့ လိုပါတယ်” လို့ ကာရေဂါက ဆိုပါတယ်။ အာဆင်နယ် ကတော့ နောက်ကျ သွင်းဂိုးတွေနဲ့ နိုင်ပွဲ ရရှိကာ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး မန်စီးတီးက ဖိအား လိုက်ပေးနေရတာ ဖြစ်ပါတယ်။
ကစားသမားတွေကို လစ်ဗာပူးလ်နဲ့ ပွဲ ဗီဒီယို ပြန်ပြခဲ့တဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ဟာ မနေ့က အသင်း ကစားသမားတွေကို လေ့ကျင့်ရေးကွင်းဆီ မနက် ၉ နာရီ အရောက် လာခိုင်းခဲ့ပြီး သူကိုယ်တိုင်လည်း ၂ နာရီ စောကာ ရောက်ရှိနေခဲ့ပါတယ်။ ကစားသမားတွေကို အနားပေးတာ၊ နောက်ကျမှ ရောက်လာတာမျိုး မလုပ်စေတော့ဘဲ စောစောစီးစီး လာဖို့ ခေါ်ယူခဲ့တာပါ။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လစ်ဗာပူးလ်ကို အရှက်တကွဲ အရေးနိမ့်ပြီးနောက် တန်ဟက်ဂ်က ကစားသမားတွေနဲ့ ချက်ချင်းပဲ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုမှာ တန်ဟက်ဂျ်က ပွဲစဉ်အစအဆုံးကို ပြန်လည် ပြသတာမျိုး မလုပ်ခဲ့ပေမယ့် ရွေးချယ် ထုတ်နုတ်ထားတဲ့ ဗီဒီယို အပိုင်းတွေ ကိုတော့ ပြသခဲ့တယ်လို့ သတင်းရင်းမြစ် တစ်ခုက ပြောဆိုခဲ့ပါတယ်။

ဒီနောက်မှာ တန်ဟက်ဂျ်က ဒတ်ချ် အားကစား စိတ်ပညာရှင် Rainier Koers နဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး ဒီဆွေးနွေးမှုကနေ အကျိုးရှိလိမ့်မယ် လို့လည်း ပြောဆိုခဲ့ကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ ယူရိုပါလိဂ် ၁၆ သင်း အဆင့် ပွဲစဉ်အဖြစ် ဘက်တစ်နဲ့ ကစားရမှာ ဖြစ်ပြီး အဆိုပါပွဲမှာ အသင်းကို ပုံမှန် အနေအထားအတိုင်း မြင်တွေ့ရမယ် လို့လည်း တန်ဟက်ဂ်က မျှော်လင့်နေပါတယ်။


စပါးသာ ချန်ပီယံလိဂ် ဝင်ခွင့် မရရင် ဟယ်ရီကိန်းကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတဲ့ ယူနိုက်တက်

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လစ်ဗာပူးလ်ကို အရှက်တကွဲ အရေးနိမ့်ပြီးနောက် တန်ဟက်ဂ်က ကစားသမားတွေနဲ့ ချက်ချင်းပဲ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်က အာဆင်နယ်နဲ့ ၁၄ မှတ်အထိ ပြတ်သွားတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်ဟာ စပါးသာ ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့ဘူး ဆိုရင် တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒီရာသီမှာ ခြေစွမ်းပိုင်း မတည်မငြိမ် ဖြစ်နေပြီး ဆုဖလား ရယူနိုင်ဖို့လည်း အာမခံချက် မရှိတော့တဲ့ စပါးကို ကိန်းက နွေရာသီမှာ စွန့်ခွာနိုင်တယ်လို့ သတင်းတွေ ထွက်နေတာပါ။

ကိန်းကို ခေါ်ယူဖို့ အတွက် အသင်း အများအပြားက စိတ်ဝင်စားနေပေမယ့် စပါးဘက် ကတော့ သူတို့ တိုက်စစ်မှူးကို ရောင်းချမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောဆိုထားပါတယ်။ ဒါပေမယ့် ကစားသမား ကသာ အသင်း ကနေ ထွက်ခွာခွင့်တောင်းခဲ့မယ် ဆိုရင်တော့ သေချာပေါက် ရောင်းချသွားရမှာလည်း ဖြစ်ပါတယ်။

ဒါကြောင့် စပါးသာ ချန်ပီယံလိဂ်နဲ့ လွဲချော်ခဲ့ရင် ကိန်းကို ခေါ်ယူနိုင်ဖို့ ယူနိုက်တက်က မျှော်လင့်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက် နည်းပြ တန်ဟက်ဂ် ကလည်း တိုက်စစ်မှူး တစ်ဦး အလိုရှိနေတာ ဖြစ်ပြီး ဟယ်ရီကိန်းက သူ့အတွက် အဖြေ တစ်ခု ဖြစ်လာနိုင်တယ်လို့ ယူဆနေကြတာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်