နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဆင်နယ်ကိုပဲ ပြောင်းချင်လို့ ချဲလ်ဆီးကို ငြင်းဆန်ခဲ့တဲ့ ကာလာဖီအိုရီ | ပရီးမီးယားလိဂ်

ဘိုလော့ဂ်နာ ဗဟိုခံစစ်မှူး ရီကာဒို ကာလာဖီအိုရီ ကတော့ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်း ထံသာ ပြောင်းရွှေ့လိုကြောင်း ချဲလ်ဆီးကို အကြောင်းပြန်လိုက်တယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒီသတင်း ကိုတော့ နာမည်ကျော် အီတလီ သတင်းထောက် ဒီမာဇီယိုက ရေးသား ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ် အရွယ် အီတလီ လက်ရွေးစင် ဗဟိုခံစစ် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက ဘိုလော့ဂ်နာ အသင်းနဲ့ အတူ စတင် တောက်ပလာခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် အီတလီနဲ့ ယူရို ၂၀၂၄ မှာ ခြေစွမ်းပြနိုင်ခဲ့ပြီးတော့ အာဆင်နယ် အပါအဝင် ဥရောပ ထိပ်သီး ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်လာခဲ့သူပါ။ ဘိုလော့ဂ်နာတို့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ အတွက် တစ်ထောင့်တစ်နေရာ ကနေ အကူအညီ ပေးခဲ့တဲ့ ကာလာဖီအိုရီက လက်ရှိ အီတလီရဲ့ အကောင်းဆုံး ခံစစ် ကစားသမား အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။

ကာလာဖီအိုရီကို ဥရောပ ထိပ်တန်း ကလပ် အများစုက တောက်လျောက် ချိတ်ဆက်နေသလို စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကလည်း ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုအချိန် မှာတော့ ကစားသမားက ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် ကိုသာ ပြောင်းရွှေ့ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေပါတယ်။ တစ်ဖက်မှာ အာဆင်နယ်နဲ့ အပြိုင် မြို့ခံ ပြိုင်ဘက် ချဲလ်ဆီး ကလည်း ကာလာဖီအိုရီကို စောင့်ကြည့်နေခဲ့ပြီး ကြားဖြတ် ခေါ်ယူချင်နေခဲ့တာပါ။ ဒါပေမယ့်လည်း ကာလာဖီအိုရီ ကတော့ ချဲလ်ဆီးထက် အာဆင်နယ် ကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒပြင်းပြ နေပြီးတော့ ချဲလ်ဆီး ကလည်း ဆွစ်ဇာလန် ကလပ် ဘေဆယ်ရဲ့ စွယ်စုံရ ကစားသမားလေး ရီနာတို ဗိုင်ဂါ ကိုသာ အရ ခေါ်ယူသွားခဲ့ပါတယ်။

Sky Sport Italiaရဲ့ သတင်းထောက် ဂီယန်လူကာ ဒီမာဇီယိုရဲ့ ဖော်ပြချက် အရ ကာလာဖီအိုရီက ချဲလ်ဆီး အသင်းနဲ့ အခုနွေရာသီ အပြောင်းအရွှေ့ အတွင်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ ဦးစားပေး စဉ်းစားထားကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ကာလာဖီအိုရီနဲ့ သူ့ရဲ့ အေးဂျင့် ဖြစ်သူဟာ အာဆင်နယ် ကသာ ကစားသမား ဘဝ အတွက် ပြီးပြည့်စုံတဲ့ နောက်ထပ် အဆင့် တစ်ဆင့် ဖြစ်လာလိမ့်မယ်လို့ လက်ခံထားတယ်လို့လည်း သိရပါတယ်။ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ နှစ်ရာသီ ဆက်တိုက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပေမယ့် မန်စီးတီးကို ချန်ပီယံဆု အတွက် နှစ်ကြိမ်တိုင်တိုင် ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲနဲ့ ၆ နှစ်ကြာ ဝေးကွာခဲ့ရပေမယ့် ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒီအချက်တွေကပဲ ကာလာဖီအိုရီ အတွက် စဉ်းစားစရာ ဖြစ်လာခဲ့ပြီး မြောက်လန်ဒန် ကလပ်က သူ့ရဲ့ အနာဂတ် အတွက် သင့်တော်တဲ့ အသင်း အဖြစ် လက်ခံထားပုံရပါတယ်။

ဒါပေမယ့်လည်း လက်ရှိ အချိန်ထိတော့ အာဆင်နယ်က ဘိုလော့ဂ်နာနဲ့ ကစားသမားရဲ့ ပြောင်းရွှေ့ကြေး အတွက် သဘောတူညီမှု မရရှိသေးပဲ အချိန်အတိုင်းအတာ တစ်ခု အထိ စောင့်ဆိုင်းရဖို့ ရှိနေပါတယ်။ ဘိုလော့ဂ်နာ အနေနဲ့ ကာလာဖီအိုရီကို ပေါင် ၄၂ သန်း အပြင် ဘောနပ်စ်တွေ ပါဝင်တဲ့ စာချုပ်နဲ့ ရောင်းချချင်နေတာ ဖြစ်ပါတယ်။ ကာလာဖီအိုရီ ကတော့ ယူရို ၂၀၂၄ အပြီးမှာ အားလပ်ရက်တွေ ဖြတ်သန်းနေပြီး အာဆင်နယ် ကတော့ လာမယ့်ရာသီ အတွက် ကစားသမားသစ်တွေ ခေါ်ယူ အားဖြည့်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ရာသီကြိုခြေစမ်းပွဲအတွက် ပြန်လည်စီစစ်ရန် စတင်နေပြီဖြစ်သည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်