ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ကတော့ ယာယီ နည်းပြ ရူ့ဒ် ဗန် နစ္စတယ်ရွိင်းနဲ့ ပတ်သတ်လို့ ကျေးဇူးတင်စကား ပြောကြားလာခဲ့ပါတယ်။ ယာယီ နည်းပြ နစ္စတယ်ရွိုင်းရဲ့ လက်အောက်မှာ ခြေစွမ်းပြနေတဲ့ ဘရူနို ဖာနန်ဒက်စ်က သူတို့ အသင်း ယုံကြည်မှုတွေ ပြန်လည် ရရှိအောင် လုပ်ဆောင်ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ နည်းပြဟောင်း အဲရစ်ခ် တန်ဟက်ဂ် လက်ထက်မှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်င်ခဲ့ရပြီးတော့ နစ္စတယ်ရွိုင်း ကိုင်တွယ်ချိန်မှာတော့ ၃ ပွဲ နိုင်၊ ၁ ပွဲ သရေ ရလဒ် ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ နစ္စတယ်ရွိုင်း လက်ထက်မှာ ဒီနှစ် အတွက် ပထမဦးဆုံး ဥရောပ နိုင်ပွဲ ရရှိခဲ့ပြီးတော့ ခရာဘောင်ဖလားမှာ လက်စတာစီးတီးကို အနိုင်ရခဲ့သလို ပရီးမီးယားလိဂ် မှာလည်း အနိုင်ရခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီး ကိုလည်း သရေ ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘရူနို ဖာနန်ဒက်စ်က နစ္စတယ်ရွိုင်းကို ချီးကျူးစကား အခုလိုပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။။
ဘရူနို ဖာနန်ဒက်စ်က “ကျွန်တော် ဂိုးမသွင်းနိုင်တာ အချိန် အတော်ကြာခဲ့ပြီး အခုတော့ ဂိုးတွေ ပြန်သွင်းနိုင်ပါပြီ။ နောက်ထပ် Clean Sheet ရလဒ် ကလည်း ကျွန်တော် တို့ရဲ့ ခံစစ်ကို ပြန်လည် ကောင်းမွန်လာဖို့ အတွက် အရေးကြီးပါတယ်။ ဒီလို အခြေအနေကို ကျွန်တော်တို့ ထိန်းသိမ်းပြီး တိုးတက်အောင် လုပ်ဆောင်သွားရမှာပါ။ ရု့ဒ် ဗန် နစ္စတယ်ရွိင်းက ဒီကလပ် အပေါ်မှာ ခံစားချက် ရှိပြီးတော့ ဒီကလပ် ကိုလည်း ချစ်တဲ့သူပါ။ သူက ကစားသမားတွေ ဆီကို ပျော်ရွှင်မှုတွေ ယူဆောင်ပေးချင်တဲ့သူ ဖြစ်ပါတယ်။ သူက ကျွန်တော်တို့ အတွက် ကောင်းတဲ့ အရာတွေ လုပ်ဆောင်ပေးခဲ့တာကြောင့် သူ့ကို တကယ့် မန်နေဂျာ တစ်ယောက် အဖြစ် ကျွန်တော်တို့ နှုတ်ဆက် စကားပြောကြားချင်ပါတယ်။” လို့ ဘရူနို ဖာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။
နစ္စတယ်ရွိုင်းဟာ အခုတစ်ပတ် လက်စတာစီးတီးကို အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ယာယီ နည်းပြ အဖြစ် နောက်ဆုံး ဆောင်ရွက်ခဲ့တာ ဖြစ်ပြီးတော့ ပွဲအပြီးမှာတော့ ပရိသတ်တွေကို လက်ပြ နှုတ်ဆက်ခဲ့ပါတယ်။ နစ္စတယ်ရွိုင်းဟာ ကစားသမားဘဝက ပီအက်စ်ဗွီ၊ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ဟမ်းဘတ်၊ မာလာဂါ အသင်းတွေမှာ ကစားခဲ့သူ ဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ်မှာတော့ အချိန်အကြာဆုံး ဖြတ်သန်းခဲ့ပါတယ်။ နစ္စတယ်ရွိုင်းဟာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာ ပြိုင်ပွဲစုံ ပွဲပေါင်း ၁၅၀ ကစားပြီး ၉၅ ဂိုး သွင်းယူပေးခဲ့ပါတယ်။
ယူနိုက်တက် နည်းပြသစ် ရူဘင် အမော်ရင် ကတော့ လာမယ့် အစ်ပ်ဆွစ်ချ်နဲ့ ပွဲမှသာ စတင် တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းကို အမော်ရင် ရောက်လာရင်တော့ နစ္စတယ်ရွိုင်းဟာ ချက်ချင်းပဲ စွန့်ခွာတော့မယ် ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်လျက် ရှိနေပါတယ်။ နစ္စတယ်ရွိုင်း ကတော့ ကောလာဟလတွေနဲ့ ပတ်သတ်လို့ အခုလိုပဲ ဖြေရှင်းလာခဲ့ပါတယ်။ “ယူနိုက်တက်ဆီ မလာခင်တုန်းက ကျွန်တော် နည်းပြ အလုပ် အတွက် ရှာဖွေခဲ့တာပါ။ ဒါက သံသယဖြစ်စရာ မရှိပါဘူး။ ယူနိုက်တက် ဆီကနေ ဒီလို အခွင့်အရေးမျိုး ရောက်လာချိန်မှာတော့ ဒါက ကျွန်တော့် အတွက် ကောင်းမွန်တဲ့ အခွင့်အရေး တစ်ခု ဖြစ်ခဲ့တယ်။ ကျွန်တော် ဒီကို လာချင်လို့လည်း နည်းပြ လုပ်ချင်စိတ်ကို မေ့ထားလိုက်ပါတယ်။ ကျွန်တော် ဒီကို ရောက်လာခဲ့တာက အသင်းကို ကူညီချင်တဲ့ အတွက် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော် ကတော့ အသင်းမှာပဲ ဆက်နေချင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နစ္စတယ်ရွိုင်းက “နောက်ပြီးတော့ ကျွန်တော် နည်းပြသစ်ရဲ့ အနောက် မှာလည်း ရှိနေပေးမှာပါ။ ပြီးတော့ အသင်း တိုးတက်ဖို့ သေသေချာချာ လုပ်ဆောင်ချင်ပါတယ်။ သူက ပေါ်တူဂီမှာ ဆိုရင်လည်း အကောင်းဆုံး စွမ်းဆောင်နေတာ ဖြစ်လို့ သိပ်မကြာခင်မှာ သူနဲ့ တွေ့ဆုံဖို့ စောင့်မျှော်နေပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.