နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖောရက်စ်ရဲ့ Top 4 မျှော်လင့်ချက်ကို ဒုက္ခပေးမယ့် ဘရိုက်တန် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

နော့တင်ဟမ်ဖောရက်စ် – ဘရိုက်တန် 

ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် နော့တင်ဟမ်ဖောရက်စ်က ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ဖောရက်စ်နဲ့ နောက်ပိုင်း‌ တွေ့ဆုံမှုတွေမှာ အသာရလေ့ ရှိတဲ့ ဘရိုက်တန်တို့ ဒီတစ်ကြိမ် မှာရော နူနို ဆန်းတို့စ်ရဲ့ အသင်းကို ဘယ်လို ဒုက္ခပေးဦးမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲဆက် ရှုံးပွဲ မရှိခဲ့တဲ့ နော့တင်ဟမ်ဖောရက်စ်က ပြီးခဲ့တဲ့ တစ်ပတ်က ခြေစွာနေတဲ့ ဘုန်းမောက်နဲ့ အတွေ့မှာ ကုန်းကောက်စရာ မရှိအောင် ၅-၀ ရလဒ်နဲ့ အပြတ်အသတ် ရှုံးနိမ့်ထားခဲ့ပါတယ်။ ဖောရက်စ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရှိနေဆဲ ဖြစ်ပြီး မန်စီးတီးကို ၃ မှတ် ဖြတ်ထားနိုင်ပါသေးတယ်။ ဒါပေမယ့်လည်း ဖောရက်စ်တို့ ဒီတစ်ပတ် မှာတော့ ရလဒ်ဆိုးအောက် ကနေ ခပ်မြန်မြန် ပြန်ရုန်းထနိုင်ဖို့ လိုအပ်နေပြီး ဘရိုက်တန်လို ကစားရခက်တဲ့ အသင်းကို ကျော်ဖြတ်ဖို့ အတွက် အိမ်စာကောင်းကောင်း လုပ်လာဖို့တော့ လိုအပ်ပါတယ်။ ဖောရက်စ်က ဒီရာသီ အိမ်ကွင်း ၁၁ ပွဲ ကစားပြီးချိန်မှာ ၆ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားလို့ အိမ်ကွင်း စွမ်းဆောင်ရည် မဆိုးလှတဲ့ အသင်းတွေထဲမှာ ပါနေပါတယ်။ 

ဖေဘီယန် ဟက်ဇလာရဲ့ အသင်း ခြေစွမ်းက မှန်းဆရခက်နေပါတယ်။ မန်ချက်စတာ မြို့ခံ နှစ်သင်းကို အနိုင်၊ ဗီလာနဲ့ အာဆင်နယ်ကို သရေ ကစားခဲ့တဲ့ ဘရိုက်တန်က ဖူလ်ဟမ်၊ ပဲလေ့စ်နဲ့ အဲဗာတန် တို့ကိုကျတော့ သွားရှုံးပြန်ပါတယ်။ နောက်ဆုံး ပွဲမှာ ဆိုရင် ဘရိုက်တန်က ဒေးဗစ် မွိုက်စ်ရဲ့ အဲဗာတန်ကို တစ်ပွဲလုံး အဘက်ဘက်မှာ သာခဲ့ပေမယ့် တိုက်စစ်ပိုင်း ကတော့ အဆုံးသတ် ညံမှုနဲ့ အတူ ဂိုးပေါက် တည့်မှု ၁ ကြိမ်သာ ရှိခဲ့ပြီး ရှုံးခဲ့ပါတယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရှိနေတဲ့ ဘရိုက်တန် အတွက်က ဥရောပဝင်ခွင့် တစ်နေရာ အတွက် မျှော်လင့်ချက် ရှိနေပါတယ်။ ဒါကြောင့် နောက်ပိုင်း တွေ့ဆုံမှုတွေမှာ သူတို့ အသာရခဲ့တဲ့ ဖောရက်စ်ကို နောက်ထပ် တစ်ကြိမ် ဒုက္ခပေးဖို့ ကြိုးစားလာပါလိမ့်မယ်။

 

နှစ်ဖက်အသင်း သတင်းများ

ရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ ၂ ကြိမ် သရေကျခဲ့ပြီး ဘရိုက်တန်က ၂ ကြိမ်နိုင်ကာ ဖောရက်စ်က ၁ ကြိမ် နိုင်ခဲ့ပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အဲဗာတန်ကို ရှုံးထားတဲ့ ဘရိုက်တန်

အခုပွဲကိုတော့ ဖောရက်စ် ဘက်က ဆန်ဂါရေး ပါဝင် ကစားနိုင်မှာ မဟုတ်ပေမယ့် အိုဒွိုင်း ကတော့ လူစာရင်းမှာ ပါဝင်လာနိုင်ပါတယ်။ ဘရိုက်တန် ဘက်မှာတော့ အဓိက ကစားသမား တော်တော်များများ ဒဏ်ရာရနေဆဲ ဖြစ်ပြီး ဖာဂူဆန်၊ ကာဒီယိုဂလူ၊ အီဂေါ၊ မီလန်နာ၊ ဝိုင်ဖာတို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

နော့တင်ဟမ်ဖောရက်စ် – ဆဲလ်စ်၊ အိုင်နာ၊ မီလန်ကိုဗစ်၊ မူရီလို၊ ဝီလီယမ်စ်၊ ရိတ်စ်၊ အန်ဒါဆန်၊ ဆေးလ်ဗား၊ ဂစ်ဘ်ဝှိုက်၊ အီလန်ဂါ၊ ဝုဒ်

ဘရိုက်တန် – ဗာဘရက်ဂျန်၊ ဗဲလ်မန်း၊ ဗန်ဟက်ကီ၊ ဒန့်ခ်၊ လမ့်ပ်တေး၊ ဘယ်လီဘာ့၊ အရာရီ၊ မင့်တာ့၊ မီတိုမာ၊ ဝဲလ်ဘက်ခ်၊ ယာအို ပီဒရို

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၇ ကြိမ် တွေ့ဆုံခဲ့ရာမှာ နော့တင်ဟမ်ဖောရက်စ်က ၄ ကြိမ်နိုင်၊ ဘရိုက်တန်က ၇ ကြိမ် နိုင်ပြီး ၆ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ ၂ ကြိမ် သရေကျခဲ့ပြီး ဘရိုက်တန်က ၂ ကြိမ်နိုင်ကာ ဖောရက်စ်က ၁ ကြိမ် နိုင်ခဲ့ပါတယ်။ ဖောရက်စ် အိမ်ကွင်း နောက်ဆုံး ၂ ကြိမ် မှာတော့ တစ်ကြိမ်စီ အနိုင်ရထားကြပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ နော့တင်ဟမ်ဖောရက်စ် နိုင်ရင် ၂.၃၄ ဆ၊ ဘရိုက်တန် နိုင်ရင် ၂.၇၅ ဆ၊ သရေ ဆိုရင်တော့ ၃.၂၁ ဆ ရမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးလောက် ပေါက်နေပြီး ဂိုးပေါင်း ကတော့ နှစ်သင်းပေါင်း ၃ လုံး ဆိုရင် အဆင်ပြေမယ့် ကြေးပါ။ လက်ရှိ ခြေစွမ်းနဲ့ ပြီးခဲ့တဲ့ တွေ့ဆုံမှုတွေမှာ ကွာဟချက် သိပ်မရှိနေတဲ့ အသင်းတွေ ဖြစ်လို့ မှန်းဆရခက်ပါတယ်။ ဖောရက်စ်က သူတို့ အတွက် Top 4 ဝင်ခွင့် အတွက် အမှားခံလို့ မရသလို ဘရိုက်တန် ကလည်း ဥရောပ ပြိုင်ပွဲ ကစားချင်လို့ ရုန်းပါလိမ့်မယ်။ ကျွန်တော် ကတော့ အပြန်အလှန် သွင်းဂိုးတွေနဲ့ သရေကျသွားမယ့် ပွဲလို့ ထင်မိပါတယ်။ 

ခန့်မှန်းရလဒ်

နော့တင်ဟမ်ဖောရက်စ် ၂-၂ ဘရိုက်တန်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်