နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မန်ချက်စတာယူနိုက်တက်ကိုအိုးလ်ထရက်ဖို့ဒ်မှာ၃ရာသီဆက်တိုက်အနိုင်ရရှိခဲ့တဲ့ဘရိုက်တန် | ပရီးမီးယားလိဂ်

ဘရိုက်တန်ကတော့ပရီးမီးယားလိဂ်မှာမန်ချက်စတာယူနိုက်တက်ကိုအိုးလ်ထရက်ဖို့ဒ်မှာ၃ရာသီဆက်တိုက်အနိုင်ရရှိခဲ့တဲ့ဒုတိယမြောက်အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပြီလို့သိရပါတယ်။ဘရိုက်တန်ဟာမန်ချက်စတာယူနိုက်တက်နဲ့နောက်ပိုင်းတွေ့ဆုံမှုတွေမှာအမြဲတမ်းလိုလိုအသာရခဲ့ပြီးတော့နောက်ဆုံးတွေ့ဆုံခဲ့တဲ့ပရီးမီးယားလိဂ်၇ကြိမ်မှာ၆ကြိမ်အထိအနိုင်ရကာ၁ပွဲသာရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

မနေ့ညကပွဲမှာမန်ချက်စတာယူနိုက်တက်ကအိမ်ကွင်းမှာဧည့်ခံကစားရတာဖြစ်ပေမယ့်ဘရိုက်တန်ကိုထိရောက်တဲ့ခြေစွမ်းမျိုးနဲ့ရင်ဆိုင်နိုင်ခြင်းတော့မရှိခဲ့ပါဘူး။ဘရိုက်တန်ကတော့ယူနိုက်တက်ကိုမာမာထန်ထန်ကစားပြီးတော့လျင်မြန်တဲ့တောင်ပံနှစ်ဖက်ကဒုက္ခပေးနိုင်ခဲ့ပါတယ်။အထနှေးနေခဲ့တဲ့ယူနိုက်တက်ကိုပွဲအစ၅မိနစ်မှာတင်ပဲဦးဆောင်နိုင်ခဲ့ပြီးယူနိုက်တက်ကပင်နယ်တီကနေချေပဂိုးပြန်ရခဲ့ပါတယ်။ဒါပေမယ့်လည်းဘရိုက်တန်တို့မီတိုမာရဲ့အားထုတ်မှုကနေဒုတိယဂိုးရခဲ့ပြီးတော့အိုနာနာရဲ့အမှားကနေတော့ရက်တာကအနိုင်သေချာစေမယ့်ဂိုးကိုသွင်းယူခဲ့လို့ယူနိုက်တက်တို့အိမ်ကွင်းမှာအရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။

ဘရိုက်တန်ဟာယူနိုက်တက်ကပြီးခဲ့တဲ့၂၀၂၂-၂၀၂၃ဘောလုံးရာသီမှာနှစ်ကျော့စလုံးအနိုင်ရရှိခဲ့သလို၊ဒီရာသီမှာလည်းနှစ်ကျော့စလုံးအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်၂၀၂၃-၂၀၂၄ဘောလုံးရာသီကအဝေးကွင်းမှာအနိုင်ရရှိခဲ့တဲ့အတွက်အိုးလ်ထရက်ဖို့ဒ်မှာ၃ရာသီဆက်တိုက်အနိုင်ရရှိခဲ့တဲ့ဒုတိယမြောက်အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်ကိုအိုးလ်ထရက်ဖို့ဒ်မှာပရီးမီးယားလိဂ်၃ပွဲဆက်အနိုင်ရခဲ့တဲ့ပထမဦးဆုံးအသင်းကတော့မြို့ခံပြိုင်ဘက်မန်စီးတီးဖြစ်ပြီး၂၀၁၁-၂၀၁၂၊၂၀၁၂-၂၀၁၃၊၂၀၁၃-၂၀၁၄နဲ့၂၀၁၆-၂၀၁၇၊၂၀၁၇-၂၀၁၈၊၂၀၁၈-၂၀၁၉ဘောလုံးရာသီတွေမှာအနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

ဘရိုက်တန်ကိုရှုံးနိမ့်ခဲ့အပြီးမှာမန်ချက်စတာယူနိုက်တက်ကတော့ပရီးမီးယားလိဂ်နောက်ဆုံး၉ပွဲမှာ၆ပွဲအထိရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ရှုံးပွဲနဲ့ ပြန်လည် ရင်ဆိုင်ခဲ့ရတဲ့ ယူနိုက်တက်

ယူနိုက်တက်ဟာလက်ရှိရာသီပရီးမီးယားလိဂ်မှာအိမ်ကွင်း၁၂ပွဲကစားပြီးချိန်အထိ၆ပွဲရှုံးထားပြီး၁၈၉၃-၁၈၉၄ဘောလုံးရာသီက၇ပွဲရှုံးနိမ့်ခဲ့တဲ့စံချိန်ကိုလည်းလိုက်မှီနိုင်ဖို့နီးစပ်နေပြီဖြစ်ပါတယ်။ယူနိုက်တက်ဟာပြီးခဲ့တဲ့ဒီဇင်ဘာလထဲမှာနော့တင်ဟမ်ဖောရက်စ်၊ဘုန်းမောက်နဲ့နယူးကာဆယ်တို့ကို၃ပွဲဆက်ရှုံးနိမ့်ခဲ့ပြီးတော့၂၀၂၅ခုနှစ်အတွင်းမှာတော့ဘရိုက်တန်နဲ့အတွေ့မှာတင်ပထမဦးဆုံးအိမ်ကွင်းရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဘရိုက်တန်ကတော့အစ်ပ်ဆွစ်ချ်နဲ့ယူနိုက်တက်တို့ကိုအဝေးကွင်းမှာ၂ပွဲဆက်တိုက်အနိုင်ရရှိခဲ့တဲ့အတွက်၂၀၂၃ခုနှစ်စက်တင်ဘာလနောက်ပိုင်းပထမဆုံးအဝေးကွင်းနှစ်ပွဲဆက်အနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။၂၀၂၃ခုနှစ်ကအဝေးကွင်းမှာဘရိုက်တန်တို့နှစ်ပွဲဆက်အနိုင်ရခဲ့တဲ့အသင်းတွေကတော့ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်နဲ့မန်ချက်စတာယူနိုက်တက်တို့ကိုပဲဖြစ်ပါတယ်။

ဘရိုက်တန်ကိုရှုံးနိမ့်ခဲ့အပြီးမှာမန်ချက်စတာယူနိုက်တက်ကတော့ပရီးမီးယားလိဂ်နောက်ဆုံး၉ပွဲမှာ၆ပွဲအထိရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ယူနိုက်တက်ဟာအဆင့်၁၈နေရာကအစ်ပ်ဆွစ်ချ်နဲ့၁၀မှတ်သာကွာဟတော့ကာတန်းဆင်းဇုန်အန္တရာယ်အတွက်စိုးရိမ်ရတဲ့အခြေအနေတွေရှိလာပြီဖြစ်ကြောင်းဗြိတိန်မီဒီယာတွေကသုံးသပ်လျက်ရှိပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်