နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရလဒ်ကောင်း ပြန်လည် ရှာဖွေဖို့ အားစိုက်လာကြမယ့် ဘုန်းမောက်နဲ့ စပါး | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဘုန်းမောက် – တော့တင်ဟမ်ဟော့စပါး

ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ မှာတော့ တော့တင်ဟမ်ဟော့စပါးက ဘုန်းမောက်ကို ဗိုက်တယ်လတီကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ လက်ရှိမှာ နိုင်ပွဲတွေ ပျောက်ဆုံးနေတဲ့ နှစ်သင်းရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာ ဖြစ်ပြီး ဘယ်အသင်းက ရလဒ်ကောင်း တစ်ခု ပြန်လည် ရှာတွေ့သွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အန်ဒိုနီ အိုင်ရာအိုလာရဲ့ ဘုန်းမောက် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၁ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေပါတယ်။ ပွဲစဉ်တိုင်းမှာ ခြေစွမ်းပိုင်းက အဆိုးကြီး မဟုတ်ပေမယ့် ရလဒ်ပိုင်း ကတော့ တော်တော်လေးကို ဆိုးရွားနေတာပါ။ အဲဒီ ၁၁ ပွဲမှာ ရှုံးပွဲက ၆ ပွဲ အထိ ရှိထားပြီး ရမှတ် အနေနဲ့ ၅ မှတ်သာ ရှာဖွေထားနိုင်တာ ဖြစ်ပါတယ်။ ဘုန်းမောက်ဟာ ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်း ၁၀ ပွဲမှာ ၄ ပွဲနိုင်၊ ၄ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားလို့ အိမ်ကွင်း စွမ်းဆောင်ရည် ကတော့ သိပ်မဆိုးလှဘူးလို့ သတ်မှတ်လို့ ရပါတယ်။ ချယ်ရီတွေဟာ ဒီရာသီမှာ လိဂ်ပွဲ ၈ ပွဲမှာ နှစ်ဂိုး ဒါမှမဟုတ် နှစ်ဂိုးထက် ပိုသွင်းနိုင်ခဲ့ပေမယ့် နိုင်ပွဲ မရခဲ့ပါဘူး။ ဘုန်းမောက်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ အာဆင်နယ်ကို အကောင်းဆုံး တုန့်ပြန် ကစားပြီး ဂိုးတွေလည်း ရခဲ့ပေမယ့် ရှုံးပွဲတွေ့ခဲ့သလို အခု ပွဲမှာလည်း လန်ဒန် ထိပ်သီး ကလပ် ဖြစ်တဲ့ စပါးကို ခက်ခက်ခဲခဲ ရင်ဆိုင်ရဖို့တော့ ရှိနေပါတယ်။

သောမက်စ် ဖရန့်ခ်ရဲ့ တော့တင်ဟမ်ဟော့စပါး ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့ပြီး နောက်ဆုံး ၂ ပွဲဆက်လည်း သရေကျထားပါတယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၃ နေရာကို ရောက်ရှိနေတဲ့ စပါးက ဒီရာသီမှာ နိုင်ပွဲနဲ့ ရှုံးပွဲ အရေအတွက် တူနေပြီး ခြေစွမ်းကလည်း အားရစရာ မရှိနေပါဘူး။ ဒါပေမယ့်လည်း စပါးက ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ် ပြီးရင် အဝေးကွင်း ရလဒ် အကောင်းဆုံး ဖြစ်ပြီး ၁၀ ပွဲ ကစားပြီး ၁၈ မှတ် အထိ ရှာဖွေထားနိုင်ပါတယ်။ ဒါ့အပြင် စပါးက ဒီရာသီ သောမတ်စ် ဖရန့်ခ်ရဲ့ လက်အောက် လိဂ်ပွဲ ၂၀ မှာ ကစားပြီး ၆ ပွဲ သရေကျထားပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

သောမက်စ် ဖရန့်ခ်ရဲ့ တော့တင်ဟမ်ဟော့စပါး ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့ပြီး နောက်ဆုံး ၂ ပွဲဆက်လည်း သရေကျထားပါတယ်။
ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် သရေကျထားတဲ့ စပါး

အခုပွဲကိုတော့ ဘုန်းမောက် ဘက်က အကင်ဘိုနီ၊ မိုင်လိုဆက်ဗ်ဂျီဗစ်၊ ခရစ္စတီ၊ တိုင်လာ အဒမ်စ်၊ ဒိုအက်ခ်တို့ ဒဏ်ရာကြောင့် လွဲချော်ကြမှာပါ။

တော့တင်ဟမ်ဟော့စပါး ဘက်မှာတော့ ဘစ်ဆူးမား၊ ဆား တို့ အာဖရိကဖလား ပြိုင်ပွဲ သွားကစားနေပြီး ကူလူဆက်ဗ်စကီး၊ ကူဒု့စ်၊ အူဒိုဂီ၊ မက်ဒီဆင်၊ ဆိုလန်ကီ တို့ ဒဏ်ရာကြောင့် လွဲချော်ကြမှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

ဘုန်းမောက် – ပီထရိုဗစ်၊ ဂျင်မီနက်ဇ်၊ ဟေးလ်၊ ဆီနက်ဆီ၊ ထရူးဖက်၊ စကော့တ်၊ တာဗာနီယာ၊ ဘရွတ်ခ်၊ ကလွိုင်ဗက်၊ ဆီမီညို၊ အီဗန်နီလ်ဆင်

တော့တင်ဟမ်ဟော့စပါး – ဗစ်ကာရီယို၊ စပန့်စ်၊ ရိုမီယို၊ ဗန်ဒီဗန်၊ ဒေးဗီးစ်၊ ဂရေး၊ ဘန်တန်ကာ၊ ဆိုင်မွန်၊ ဘာ့ဂျ်ဗဲလ်၊ တဲလ်၊ ရစ်ချာလီဆင်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၁၈ ကြိမ်မှာ ဘုန်းမောက်က ၄ ကြိမ်နိုင်၊ စပါးက ၁၁ ကြိမ် နိုင်ပြီး ၃ ကြိမ် သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ၂ ကြိမ်စီ အနိုင်ရထားပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။ ဘုန်းမောက် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာလည်း ၂ ကြိမ်စီ အနိုင်ရထားကြပြီး ၁ ကြိမ် သရေကျထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဘုန်းမောက် နိုင်ရင် ၂.၁၂ ဆ၊ တော့တင်ဟမ်ဟော့စပါး နိုင်ရင် ၃.၀၇ ဆနဲ့ သရေ ဆိုရင်တော့  ၃.၂၈ ဆ ရမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ဘုန်းမောက် ဘက်က ကြေးဖွင့်ပေးထားပြီး ဂိုးပေါင်း ကတော့ ၂.၅၀၊ ၂.၇၅၊ ၃.၀၀ ဆိုပြီး ဖွင့်လှစ်ပေးထားပါတယ်။ လက်ရှိ စပါးရဲ့ ခြေစွမ်းက ဘုန်းမောက် အိမ်ကွင်းမှာ အသာရဖို့ ဖြစ်နိုင်ချေ နည်းပါတယ်။ အပြန်အလှန် သွင်းဂိုး တချို့ မြင်တွေ့ရဖို့ ရှိပြီး သရေ ရလဒ်နဲ့ အတူ စွန့်စားထားချင်ပါတယ်။

 

ခန့်မှန်းရလဒ်

ဘုန်းမောက် ၁-၂ တော့တင်ဟမ်ဟော့စပါး

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်