နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကာကက်ဇ် အတွက် ပြောင်းရွှေ့ကြေးကို သတ်မှတ်လိုက်တဲ့ ဘုန်းမောက် | ပရီးမီးယားလိဂ်

countdown banner

ဘုန်းမောက် အသင်း ကတော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေတဲ့ နောက်ခံလူ မီလော့စ် ကာကက်ဇ်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဟန်ဂေရီ ဘယ်နောက်ခံလူ မီလော့စ် ကာကက်ဇ် ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ၃ သင်း ဖြစ်တဲ့ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီး တို့က စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။

ဟန်ဂေရီ ဘယ်နောက်ခံလူဟာ ပြီးခဲ့တဲ့ နွေရာသီကမှ အေဇက် အဲလ်ခမာ ကနေ ဘုန်းမောက်ကို ပြောင်းရွှေ့လာခဲ့ပြီးတော့ အန်ဒိုနီ အိုင်ရာအိုလာရဲ့ အသင်းမှာ အလျင်မြန်ဆုံး အသားကျခဲ့သူ ဖြစ်ပါတယ်။ ကာကက်ဇ်ဟာ ချယ်ရီတွေ အတွက် ၃၃ ပွဲ ပါဝင်ကစားထားခဲ့ပြီး ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်ကာ ပရီးမီးယားလိဂ်မှာ Clean Sheet ၂ ကြိမ် ရရှိထားခဲ့ပါတယ်။

ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရတော့ အာဆင်နယ်၊ ယူနိုက်တက်၊ ချဲလ်ဆီး၊ တော့တင်ဟမ်ဟော့စပါးနဲ့ အက်စတွန်ဗီလာ တို့ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဘုန်းမောက်က ကာကက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၃၈ သန်း ကနေ ပေါင် ၄၂ သန်း ကြား သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဘုန်းမောက်ဟာ ကာကက်ဇ်ကို လွန်ခဲ့တဲ့ တစ်နှစ်က ပေါင် ၁၅.၅ သန်းနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

ကာကက်ဇ်ဟာ အရမ်အမောင်း အားဖြင့် ၅ ပေ ၉ လက်မ ရှိပြီးတော့ ဘယ်နောက်ခံလူ နေရာမှာသာမက ဘယ်တောင်ပံမှာပါ ကစားနိုင်သူ ဖြစ်ပါတယ်။ ကြံ့ခိုင်မှု အားကောင်းပြီး ခံစစ်ပိုင်း အတွက်လည်း စိတ်ချရသူ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေက တော်တော်လေး မျက်စိကျနေတာ ဖြစ်ပါတယ်။

သတင်းဖော်ပြချက်တွေအရ ယူနိုက်တက်ဟာ ဘယ်နောက်ခံလူကို အရင် ကလည်း ချိတ်ဆက်ခဲ့ဖူးတယ်လို့ သိရပါတယ်။ ယူနိုက်တက်ရဲ့ လက်ရှိ ဘယ်နောက်ခံလူ နေရာမှာ ကစားနေတဲ့ လုခ် ရှောနဲ့ တိုင်ရဲလ် မာလာစီယာ တို့ဟာ နှစ်ရှည် ဒဏ်ရာရရှိနေခဲ့တဲ့ အတွက် အခုနွေရာသီမှာ နောက်ခံလူသစ် တစ်ဦး ခေါ်ယူဖို့ ရှိနေတာ ဖြစ်ပါတယ်။ ချဲလ်ဆီး ကတော့ အီရန် မတ်ဆန်ကို အက်စတွန်ဗီလာ အသင်းထံ လက်လွှတ်ရဖို့ ရှိနေတာကြောင့် ကာကက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

လက်ရှိမှာ ကာကက်ဇ်က ဟန်ဂေရီ အသင်းနဲ့ အတူ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဝင်ရောက် ဆင်နွှဲနေပြီး ကစားခဲ့တဲ့ အုပ်စု ပွဲစဉ် ၃ ပွဲစလုံးမှာ ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာ ကာကက်ဇ်ရဲ့ ဟန်ဂေရီ ကတော့ အကောင်းဆုံး အုပ်စု တတိယ အသင်း အဖြစ် ရှုံးထွက် တက်ရောက်နိုင်မလား ဆိုတာ စောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။ တစ်ဖက်မှာ ရရှိတဲ့ သတင်းတွေအရ ဘုန်းမောက်ဟာ ကာကက်ဇ်ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ကစားသမားသစ် တစ်ဦး ရှာဖွေနေပြီလို့ သိရပါတယ်။ ဘုန်းမောက်ဟာ အခုလ အတွင်းမှာပဲ အသင်းရဲ့ ဘယ်နောက်ခံလူ တစ်ဦး ဖြစ်တဲ့ လွိုက်ဒ် ကယ်လီကို နယူးကာဆယ် အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ထားခဲ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်