နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖရင်ပေါင်ကို စိတ်ဝင်စားနေတဲ့ မန်ချက်စတာ မြို့ခံ နှစ်သင်း | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ်မြို့ခံ ပြိုင်ဘက် နှစ်သင်း ဖြစ်တဲ့ မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက် ကတော့ လေဗာကူဆင် ကြယ်ပွင့် ဂျရယ်မီ ဖရင်ပေါင်ကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

လေဗာကူဆင် ညာနောက်ခံလူ ဂျရယ်မီ ဖရင်ပေါင် ကတော့ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ အသင်း ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဖရင်ပေါင် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီး လက်ရှိ မှာတော့ သူ့ရဲ့ ကစားသမားဘဝ စတင်ရာ လိဂ်ကို ပြန်လည် ရောက်ရှိဖွယ် ရှိလာတာ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင် လေဗာကူဆင်နဲ့ အတူ တောက်ပနေတဲ့ ဖရင်ပေါင်ကို ဥရောပထိပ်သီး အသင်းကြီး တော်တော်များများက မျက်စိကျနေပြီး ဒီထဲမှာ မန်ချက်စတာ မြို့ခံ နှစ်သင်းလည်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ် အရွယ် နယ်သာလန် ကစားသမားလေးဟာ ဘယ်ခြမ်း တစ်လျှောက် လွန်းထိုး ကစားနိုင်သလို လိုအပ်ရင်လည်း ကွင်းလယ် တိုက်စစ် နေရာမှာပါ ကစားနိုင်သူ ဖြစ်ပါတယ်။ ဖရင်ပေါင်ဟာ ပြီးခဲ့တဲ့ ရာသီက လေဗာကူဆင် အတွက် ၁၄ ဂိုးသွင်းပြီး ၁၂ ဂိုး ဖန်တီးမှု ပြုလုပ်နိုင်သူ ဖြစ်ပါတယ်။ လေဗာကူဆင်တို့ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုနဲ့ ပိုကယ်ဖလား ချန်ပီယံ ဖြစ်ရေး အတွက် အဓိက နေရာကနေ စွမ်းဆောင်ပေးခဲ့သူ ဆိုရင်လည်း မမှားပါဘူး။

ခိုင်မာတဲ့ သတင်းဖော်ပြချက်တွေ အရ ဖရင်ပေါင်ဟာ လေဗာကူဆင် ကနေ ထွက်ခွာ ဖြစ်ခဲ့ရင် ပရီးမီးယားလိဂ် ကိုပဲ ပြန်လာလိုတယ်လို့ သိရပါတယ်။ လက်တလော မှာတော့ ဖရင်ပေါင်က နယ်သာလန် လက်ရွေးစင် အသင်းနဲ့ အတူ ယူရို ၂၀၂၄ ပြိုင်ပွဲ ဝင်ရောက် ဆင်နွှဲနေပြီး စုစုပေါင်း ၈၃ မိနစ် ပါဝင် ကစားထားပါတယ်။ ကစားသမားဟာ လက်ရှိမှာ ယူရို ပြိုင်ပွဲကို အာရုံစိုက်နေတာကြောင့် အပြောင်းအရွှေ့ ညှိနှိုင်းမှုတွေမှာ တိုးတက်မှု အနည်းငယ်သာ ရှိနေပေမယ့် ယူနိုက်တက်နဲ့ မန်စီးတီး ကတော့ ကစားသမားကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြတာ ဖြစ်ပါတယ်။

မန်စီးတီးဟာ သူတို့ရဲ့ ကစားသမားဟောင်းကို ပြန်လည် ခေါ်ယူနိုင်ရေး အတွက် ဖြစ်နိုင်ချေရှိတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ရှိနေပြီး ဆော်ဒီပရိုလိဂ်ထံ ပြောင်းရွှေ့ဖွယ် ရှိတဲ့ ကိုင်လီ ဝေါလ်ကာ နေရာမှာ ရေရှည်အစားထိုးချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၃၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဝေါလ်ကာ ကလည်း အင်္ဂလန် အသင်းနဲ့ ယူရို ၂၀၂၄ ကို အာရုံစိုက်နေရလို့ ဆုံးဖြတ်ချက် မချနိုင် ဖြစ်နေပါတယ်။ ဖရင်ပေါင် ကိုတော့ မန်စီးတီးနဲ့ ယူနိုက်တက် အပြင် ဘာစီလိုနာ ကလည်း သဘောကျနေပြီး နည်းပြသစ် ဟန်ဆီ ဖလစ်ခ်ဟာ ဖရင်ပေါင်ရဲ့ အမာခံ ပရိသတ် တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

ဖရင်ပေါင်နဲ့ လေဗာကူဆင် အကြားမှာ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၄၀ သာ ရှိထားတာကြောင့် ခေါ်ယူချင်တဲ့ အသင်းတွေ အတွက်တော့ မခက်ခဲတဲ့ ပမာဏ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီသဘောတူညီချက်က အခု နွေရာသီ အထိပဲ ဖြစ်တာကြောင့် တမျိုးတဖုံ ပြောင်းလဲသွားနိုင်ဖွယ်လည်း ရှိနေပါတယ်။

နောက်တစ်ချက် ကတော့ ဖရင်ပေါင်ရဲ့ အနာဂတ်က လေဗာကူဆင်တို့ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်ခဲ့ခြင်းနဲ့ သက်ဆိုင်နေတာ ဖြစ်ပါတယ်။ ကစားသမား အနေနဲ့ အသင်းနဲ့ အတူ အောင်မြင်မှု ရခဲ့တာကြောင့် လေဗာကူဆင်ကို စွန့်ခွာဖို့လည်း ခက်ခဲနေတယ်လို့ သိရပါတယ်။ ဘွန်ဒက်စ်လီဂါ ချန်ပီယံတွေဟာ ဒီနွေရာသီမှာ အသင်းရဲ့ စီနီယာ ကစားသမား ၂ ဦးလောက်ကိုပဲ လက်လွှတ်သွားဖို့ စဉ်းစားထားတာကြောင့် ဖရင်ပေါင်ရဲ့ အပြောင်းအရွှေ့က ဆက်ပြီး ရှုတ်ထွေးဖို့တော့ ရှိနေပါတယ်။

လေဗာကူဆင်ဟာ ဖရင်ပေါင်ထက် အရင် ဂျွန်နသန် တာ့ရ်ကို လက်လွှတ်ရဖွယ် ရှိနေပြီး လာမယ့် နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဗဟိုနောက်ခံလူကို ဘေယန်မြုးနစ်က လိုက်နေတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်