နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂက်ခ်ပိုကို ခေါ်ယူချင်နေတဲ့ ဘေယန်မြူးနစ်၊ ထိပ်တန်း ၃ သင်းရဲ့ ပစ်မှတ် ဖြစ်လာတဲ့ လော်ရန်ဇို လူကာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ် ကတော့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် တောင်ပံ ကစားသမား ကိုဒီ ဂက်ခ်ပိုကို ခေါ်ယူချင်နေပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ်ဟာ နယ်သာလန် တိုက်စစ်မှူးကို ယူရို သန်း ၉၀ (ပေါင် ၇၅.၃ သန်း) နဲ့ ခေါ်ယူဖို့ ပြင်ဆင်ထားပါတယ်။

တစ်ချိန်တည်းမှာပဲ လစ်ဗာပူးလ်ဟာ နောက်ထပ် တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ ဒါဝင် နူညက်ဇ်ကို ဆော်ဒီပရိုလိဂ်ဆီ ရောင်းထုတ်ဖို့ စီစဉ်နေပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်ဟာ ၂၀၂၂ ခုနှစ်မှာ ဥရုဂွေးသားကို ခေါ်ယူရာမှာ ပေးချေခဲ့ရတဲ့ ကနဦး ယူရို ၇၅ သန်း (ပေါင် ၆၂.၈ သန်း) ထက် ပိုများတဲ့ ပမာဏကို ပြန်လည် ရရှိဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

မန်စီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဂျူ့ဒ် ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ အသင်း တာဝန်ရှိသူတွေကို တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးက အင်္ဂလန်သား အတွက် ချဉ်းကပ်မှုတွေကို နောက်ပြန်ဆုတ်သွားခဲ့ပြီးနောက် လေဗာကူဆင်က ဖလော်ရီယန် ဝစ်ဇ် ကိုပဲ ခေါ်ယူပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

တစ်ဆက်တည်းမှာပဲ မန်စီးတီးဟာ လူငယ် ကွင်းလယ် ကစားသမား အီချီဗာရီကို လာဇီယိုထံ အငှားနဲ့ စေလွှတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဓိက ကတော့ မန်စီးတီးက လာဇီယိုရဲ့ အသက် ၂၄ နှစ် အရွယ် ဗဟိုခံစစ် ကစားသမား မာရီယို ဂီလာကို ခေါ်ယူချင်တာကြောင့် သူတို့ရဲ့ ကစားသမားကို အငှား ပြန်ချပေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်၊ လစ်ဗာပူးလ်နဲ့ နော့တင်ဟမ်ဖောရက်စ် တို့ကတော့ အသက် ၂၄ နှစ် အရွယ် အူဒီးနီးစ် တိုက်စစ်မှူး လော်ရန်ဇို လူကာကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပါဝင်လာတယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ် ကလပ် ၃ သင်းရဲ့ ပစ်မှတ် ဖြတ်နေတဲ့ လော်ရန်ဇို လူကာ

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်၊ လစ်ဗာပူးလ်နဲ့ နော့တင်ဟမ်ဖောရက်စ် တို့ကတော့ အသက် ၂၄ နှစ် အရွယ် အူဒီးနီးစ် တိုက်စစ်မှူး လော်ရန်ဇို လူကာကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပါဝင်လာတယ်လို့ သိရပါတယ်။ 

ဂျူဗင်တပ်စ်မှာ အငှားနဲ့ သွားရောက် ကစားနေတဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး ရန်းဒဲလ် ကိုလို မူအာနီ ကိုတော့ အာဆင်နယ်၊ အက်စတွန်ဗီလာ၊ ချဲလ်ဆီး၊ လစ်ဗာပူးလ်၊ နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ရဲ့ ကင်းထောက်တွေက အဆက်မပြတ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ရန်ဒဲလ် ကိုလို မူအာနီဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အထက်ပါ အသင်းတွေနဲ့ တောက်လျောက် သတင်းတွေ ထွက်ခဲ့ပေမယ့်လည်း နောက်ဆုံး မှာတော့ ဂျူဗင်တပ်စ် ကိုပဲ အငှားနဲ့ သွားရောက် ကစားခဲ့ရတာ ဖြစ်ပါတယ်။ ကိုလို မူအာနီဟာ ဂျူဗင်တပ်စ် အတွက် ပြိုင်ပွဲစုံ ၁၁ ပွဲ ကစားကာ ၅ ဂိုးသွင်းကာ ၂ ဂိုး ဖန်တီးထားပါတယ်။

အာဂျင်တီးနား တောင်ပံ ကစားသမား အလက်ဟန်ဒရို ဂါနာချို အနေနဲ့ ရူဘင် အမော်ရင်ရဲ့ နည်းစနစ်ပိုင်းနဲ့ ကိုက်ညီဖို့ ကြိုးပမ်းနေသည့် တိုင်အောင် မန်ချက်စတာယူနိုက်တက် ကတော့ ၎င်းတို့ရဲ့ ဘဏ္ဍာရေး လိုအပ်ချက်တွေ အရ ရောင်းထုတ်ဖို့ စဉ်းစားနေဆဲ ဖြစ်ပါတယ်။

နယူးကာဆယ် ကတော့ ကနေဒါ တိုက်စစ်မှူး ဂျိုနသန် ဒေးဗစ်ကို ခေါ်ယူဖို့ ချဲလ်ဆီး၊ လစ်ဗာပူးလ်၊ ယူနိုက်တက်၊ တော့တင်ဟမ်ဟော့စပါး၊ ဝက်စ်ဟမ်း တို့နဲ့ အပြိုင် စိတ်ဝင်စားနေပါတယ်။ ဒါ့အပြင် မကြာခင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တော့မယ့် ကစားသမားကို အက်တလက်တီကိုမက်ဒရစ်၊ ဘာစီလိုနာ၊ အင်တာမီလန်နဲ့ ဂျူဗင်တပ်စ် တို့က စိတ်ဝင်စားလျက် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်