ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘေယန်မြူးနစ် ဘာစီလိုနာ ကတော့ အသင်းရဲ့ ခံစစ်ပိုင်းကို အားကောင်းလာစေဖို့ အတွက် ကစားသမားတွေ လိုက်လံ ရှာဖွေနေတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဘာစီလိုနာက ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေ ဖြစ်နေတဲ့ ဗာဂျယ် ဗန်ဒိုက်လ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီ ဖြစ်ကြောင်း သိရပါတယ်။
ဗန်ဒိုက်ခ်ဟာ လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း နောက်ဆုံး လအနည်းငယ် အတွင်း ရောက်ရှိနေပြီး ဒီအချိန်မှာ ဘာစီလိုနာ အပြင် စီးရီးအေ ကလပ် အင်တာမီလန် ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ထပ် စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား တစ်ဦး ဖြစ်တဲ့ မိုဟာမက် ဆာလက် ကလည်း သက်တမ်းတိုးဖို့ အတွက် မာဆေးလ်ဆိုက်ဒ် ကလပ်နဲ့ ဆွေးနွေးမှုတွေ ပြန်လည် ပြုလုပ်နေပြီလို့ သိရပါတယ်။ ထရန့် အလက်ဇန္တား အာနိုးလ်ရဲ့ ထွက်ခွာမှုဟာ အီဂျစ်သားရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ဖြစ်လာခဲ့ပြီး စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေဟာ အရင်ကထက် ပိုမို တိုးတက်လာကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ လစာ တိုးမြှင့် တောင်းဆိုနေတဲ့ ဗင်နီးစီးယပ်စ်ကို စာချုပ်သစ် အတွက် ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ ချဉ်းကပ်ရာမှာ အဆင်မပြေ ဖြစ်လာတယ်လို့ သိရပါတယ်။ ဒါကြောင့် လာလီဂါ ကလပ်က အခုနွေရာသီမှာ ဆော်ဒီပရိုလိဂ် ကလပ် တစ်သင်းသင်းက ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာပါက ရောင်းချဖို့ စဉ်းစားနေပြီလည်း ဖြစ်ပါတယ်။

ဂါလာတာဆာရေးမှာ အငှားနဲ့ ကစားနေတဲ့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန် ကတော့ ပရီးမီးယားလိဂ် ကိုပဲ ပြောင်းရွှေ့ကစားချင်နေကြောင်း သိရပါတယ်။ အိုဆင်မ်ဟန်ကို ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက် အပါအဝင် အာဆင်နယ်၊ အက်စတွန်ဗီလာနဲ့ နယူးကာဆယ် တို့က စောင့်ကြည့်နေတာပါ။ ဒီလို ပရီးမီးယားလိဂ် ကလပ်တွေကို ပြောင်းရွှေ့ခွင့်ရဖို့ အိုဆင်မ်ဟန်က အခုနွေရာသီမှာ ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ဖို့ ပယ်ချခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်ဟာ အိုဆင်မ်ဟန် အတွက် ဦးစားပေး ဖြစ်ကြောင်းလည်း သိရပါတယ်။
ဒါ့အပြင် စပို့တင်းလစ္စဘွန်း တိုက်စစ်မှူ ဗစ်တာ ယိုကီးရက်စ်ဟာ ကလည်း ဆုဖလားတွေ အတွက် ယှဉ်ပြိုင်နိုင်တဲ့ အသင်း တစ်သင်းကိုသာ ပြောင်းရွှေ့လိုတာကြောင့် ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ထားကြောင်း သိရပါတယ်။ ဆက်စပ် သတင်းတွေအရ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကိုဘီ မိန်းနူးရဲ့ အေးဂျင့် ဖြစ်သူက သူ့ရဲ့ ကစားသမားကို ယူနိုက်တက်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းနေပြီး သရဲနီတွေနဲ့ ဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အသက် ၂၂ နှစ် အရွယ် ကလပ် ဘရုဂေး ကွင်းလယ်လူ အာဒွန် ဂျာရှာရီ ကတော့ မန်ချက်စတာယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် ကလပ် များစွာရဲ့ ရေဒါထဲမှာ ရှိနေပါတယ်။
တော့တင်ဟမ်ဟော့စပါး ကတော့ အေစီမီလန် အားကစားဒါရိုက်တာ ဖေဘီယို ပါရာတီစီကို ခန့်အပ်ချင်နေတယ်လို့ သိရပါတယ်။ ဒီအီတလီသား အားကစားဒါရိုက်တာဟာ လာမယ့် ဇွန်လမှာ ကမ္ဘာလုံးဆိုင်ရာ ပိတ်ဆို့ခြင်း ကနေ ပြန်လည် လွတ်မြောက်မှာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.