နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီး ကြယ်ပွင့်နဲ့ သဘောတူညီမှု ရခဲ့တဲ့ ဘာစီလိုနာ (ပရီးမီးယားလိဂ် သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၃ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မန်စီးတီး ကြယ်ပွင့်နဲ့ သဘောတူညီမှု ရခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာ အသင်းဟာ မန်ချက်စတာစီးတီး နောက်ခံ ကစားသမား ဂျာအို ကန်ဆယ်လိုနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်တယ်လို့ ဖက်ဘရီဇီယို ရိုမာနိုက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာ နည်းပြ ဇာဗီဟာ အင်္ဂါနေ့မှာ ညာနောက်ခံနေရာဟာ ယခုနွေရာသီ အပြောင်းအရွှေ့ကာလရဲ့ အဓိက ဦးစားပေး ဖြစ်တယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပြီး နောက်ဆက်တွဲ အနေနဲ့ မန်ချက်စတာစီးတီး နောက်ခံလူ ဂျာအို ကန်ဆယ်လိုနဲ့ ပြောဆို ဆွေးနွေးခဲ့တယ်လို့ သတင်းထွက်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ မှာတော့ ဘာစီလိုနာနဲ့ ကန်ဆယ်လို တို့ဟာ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဘာစီလိုနာတို့ ပရီးမီးယားလိဂ် ထိပ်သီးနဲ့ ငွေပေးချေမှု ပုံစံကို ဆက်လက် ဆွေးနွေးနေတယ်လို့ ဖာဘရီဇီယို ရိုမာနိုက တွစ်တာမှာ ရေးသားခဲ့ပါတယ်။

အရင်တုန်းက ထွက်ပေါ်ခဲ့တဲ့ အချက်အလက်တွေ အရ ဘာစီလိုနာအသင်းဟာ ကန်ဆယ်လိုကို ယူရိုသန်း ၄၀ နဲ့ အပြီးသတ် ဝယ်ယူခွင့် ပါဝင်တဲ့ အငှားစာချုပ် အတွက် ယူရို ၁၀ သန်း ပေးချေရမယ့် အပြင် ပေါ်တူဂီ နောက်ခံလူရဲ့ လစာ ကိုပါ အပြည့်ပေးရမှာ ဖြစ်ပြီး ဇာဗီရဲ့ အသင်း အနေနဲ့ အဲဒီပမာဏထက် လျော့နည်းအောင် ညှိနှိုင်းနိုင်မလားဆိုတာကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။


မိသားစု ဝမ်းနည်းပူဆွေးမှုကို နှစ်သိမ့်ပေးခဲ့တဲ့ အာတီတာကို ချီးကျူးခဲ့တဲ့ ရမ်းစ်ဒေးလ်

အာဆင်နယ် ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ဟာ ဇနီးဖြစ်သူ ကိုယ်ဝန်ပျက်ခဲ့တာကြောင့် စိတ်နှလုံးကြေကွဲခဲ့ရပြီး စိတ်ဒဏ်ရာရရှိခဲ့တဲ့ အကြောင်းနဲ့ နည်းပြ အာတေးတားက ခက်ခဲတဲ့အချိန်မှာ အားပေး ထောက်ခံခဲ့တဲ့ အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ဘဝတွေထဲမှာ ဖြစ်နေပြီး လူတွေမသိတဲ့ အရာတွေ ရှိတယ်။ ပြီးခဲ့တဲ့နှစ်က ကျွန်တော်နဲ့ ကျွန်တော့် မိသားစု အတွက် စိတ်ခံစားမှုတွေက ရိုလာကိုစတာ လိုပဲ ဖြစ်ခဲ့တယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးကို တက်နိုင်ခဲ့ပြီးနောက် ကျွန်တော့်ရဲ့ ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားကစားခဲ့ရတယ်။ ကျွန်တော့်ဇနီးနဲ့ ကျွန်တော့်ရဲ့ ပထမဆုံး ကလေးကို မွေးဖို့ စောင့်နေခဲ့တယ်။ မီခေးလ်က ကျွန်တော့်ကို ကမ္ဘာ့ဖလား အပြီးမှာ နားရက်အပို အနည်းငယ်ပေးခဲ့တယ်။ အဲဒီတော့ ကျွန်တော်တို့ ရက်တို အပန်းဖြေခရီးထွက်ခဲ့တယ်။

အဲဒါက ကျွန်တော်တို့ရဲ့ ဘဝမှာ အပျော်ရွှင်ရဆုံး အချိန်တွေ ဖြစ်ခဲ့တယ်။ ဒါကို ပြောပြရတာက မလွယ်ကူပါဘူး။ ဒါပေမယ့် ကျွန်တော် လူတွေ သိဖို့ အရေးကြီးတယ်လို့ ခံစားရလို့ပါ။ အိမ်ကို လေယာဉ်နဲ့ အပြန်မှာ ကျွန်တော့် ဇနီး ကိုယ်ဝန်ပျက်ကျခဲ့တယ်။ ကျွန်တော် လန်ဒန်ကို ပြန်တဲ့ ၆ နာရီကြာ ခရီးတုန်းက နာကျင်မှုကို ဖော်ပြနိုင်တဲ့ နည်းလမ်း မရှိပါဘူး။ အခုအထိတောင်မှပါပဲ။ ကျွန်တော် ဒီလိုမျိုး ဖြစ်ခဲ့ဖူးတဲ့သူတွေ ရှိရင် သူတို့ချည်းပဲ မဟုတ်ဘူး ဆိုတာကို သိစေချင်တာပါ။ ကျွန်တော်တို့ ပြန်ရောက်တော့ လူတော်တော်များများကို ဘာဖြစ်ခဲ့လဲ ဆိုတာကို မပြောခဲ့ဘူး။ ကျွန်တော့် မိသားစုရယ်၊ အသင်းဖော်တွေရယ်၊ မီခဲလ်ရယ် ကိုပဲ ပြောပြခဲ့တယ်။ သူက အရာအားလုံးမှာ ထူးခြားဆန်းကြယ်ခဲ့တယ်။ အသင်းက ဖိအားတွေ အရမ်းများနေတဲ့ ဆုဖလားပြိုင်ပွဲ အလယ်မှာတောင်မှ ကျွန်တော့်ကို ဖြစ်နေတဲ့ဟာတွေ အားလုံးကို ရှင်းဖို့ နားရက်ယူချင်လားလို့ မေးခဲ့တယ်။ မီခေးလ်က ကျွန်တော်နဲ့ ကျွန်တော့် မိသားစုတွေ အားလုံး အဆင်ပြေအောင် လိုအပ်တာထက် ပိုပြီးတော့ လိုက်လျောပေးခဲ့တယ်။ ကျွန်တော့် အတွက်တော့ ဒါက နည်းပြပဲ။ ကျွန်တော်တို့ အမြဲတမ်း အရာအားလုံး အပေါ်မှာ အမြင်မတူနိုင်ပါဘူး။ ကျွန်တော်တို့မှာ တစ်ခါတလေ ဘောလုံးနဲ့ ပတ်သက်ပြီး စကားနည်းနည်း ပြောရတာတွေ ရှိတယ်။ ဒါပေမယ့် သူက ကစားသမားတွေကို အရမ်းဂရုစိုက်တယ်။ သူက ကျွန်တော်တို့ရဲ့ ပူဆွေး ဝမ်းနည်းမှု အပေါ်မှာ ကိုင်တွယ်ခဲ့တဲ့ ပုံစံကြောင့် ကျွန်တော့် လေးစားမှုကို ထာဝရ ရသွားမယ့်သူပါ။”လို့ ပြောကြားခဲ့ပါတယ်။


ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်နဲ့ လွဲချော်ဖွယ် ရှိနေတဲ့ အန်ကွန်ကူ

ခရစ္စတိုဖာ အန်ကွန်ကူဟာ နောက်ဆုံး ခြေစမ်းပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့ပြီးနောက် လစ်ဗာပူးလ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ကို ပါဝင်ကစားပေးဖို့ မရေမရာ ဖြစ်နေတယ်လို့ သိရပါတယ်။ အန်ကွန်ကူဟာ ယခုနွေရာသီမှာ အစောပိုင်းမှာ လိုက်ပ်ဇစ် ကနေ ပေါင် ၅၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ဒေါ့မွန်နဲ့ ၁-၁ သရေကျခဲ့တဲ့ ချီကာဂိုက ပွဲမှာ ၂၂ မိနစ်မှာပဲ လူစားလဲလှယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ချဲလ်ဆီး အသင်းဟာ လာမယ့်အပတ်မှာ လစ်ဗာပူးနဲ့ ပရီးမီးယားလိဂ် ရာသီ အဖွင့်ပွဲစဉ် အဖြစ် စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကစားသွားရမှာ ဖြစ်ပါတယ်။ အန်ကွန်ကူ လွဲချော်မှာ စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း ပိုချက်တီနိုက အရမ်း ပြင်းထန်တဲ့ ဒဏ်ရာမဟုတ်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

“ဆရာဝန်တွေက သူ့ကို စစ်ဆေးနေတယ်။ ပြဿနာ ကြီးကြီးမားမား မဟုတ်ပါစေနဲ့ပဲ မျှော်လင့်မိပါတယ်။ ဒါပေမယ့် သူ ဒူးမှာ တစ်ခုခု ခံစားခဲ့ရတယ်။ အဲဒါက ကြီးမားတဲ့ ပြဿနာ မဟုတ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်။ သူ အသင်းနဲ့ အမြန်ဆုံး ပြန်လည် ပူးပေါင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အခု ကျွန်တော်တို့ သူ့ကိုအကဲဖြတ်ဖို့ ရက်အနည်းငယ် လိုအပ်ပြီး ကျွန်တော်တို့ လန်ဒန်ကို ပြန်ရောက်တဲ့ အထိ သိဖို့ ခက်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်