နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗီလာပါ့ခ်မှာ နိုင်ပွဲ ပြန်ရှာမယ့် အက်စတွန်ဗီလာ | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner

အက်စတွန်ဗီလာ – ဘရန့်ဖို့ဒ်

အခုတစ်ပတ် စနေနေ့မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ဆက်လက် ကစားဖို့ ရှိပြီး အက်စတွန်ဗီလာနဲ့ ဘရန့်ဖို့ဒ်တို့ ဗီလာပါ့ခ်မှာ ကစားကြမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် တိုက်ပွဲဝင်နေတဲ့ ဗီလာတို့ ခြေစွမ်းမမှန်တဲ့ ဘရန့်ဖို့ဒ်ကို အသာရသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အက်စတွန်ဗီလာ ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာစီးတီး ကို ဂိုးပြတ် အရေးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။ ဗီလာဟာ လက်ရှိမှာ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရှိနေပြီး အဆင့် ၅ နေရာက စပါးနဲ့ ၂ မှတ်သာ ကွာဟနေလို့ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မသေချာသေးပါဘူး။ နောက်ပြီး ဗီလာဟာ ဘရန့်ဖို့ဒ်နဲ့ တွေ့တိုင်း ခက်ခက်ခဲခဲ ကစားရတတ်လို့ ဒီတစ်ကြိမ်မှာရော ဘယ်လို ပုံစံနဲ့ ရင်ဆိုင်သွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဗီလာဟာ ဒီရာသီမှာ အိမ်ကွင်း နိုင်ပွဲ ၁၁ ပွဲ ရထားပြီး ရှုံးပွဲ ၃ ပွဲသာ ရှိထားလို့ အိမ်ကွင်း စွမ်းဆောင်ရည် ကောင်းတဲ့ အသင်းလို့ ပြောလို့ ရပါတယ်။

ဘရန့်ဖို့ဒ် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၈ ပွဲဆက် နိုင်ပွဲ ပျောက်နေခြင်းနဲ့ အတူ အဆင့် ၁၅ နေရာ အထိ ရောက်ရှိနေပါတယ်။ ရမှတ် ကလည်း ၂၈ မှတ်သာ ရရှိထားပြီး တန်းဆင်းဇုန်နဲ့ ၆ မှတ်သာ ကွာဟနေလို့ ရလဒ်ကောင်းတွေ ပြန်လည် ရှာဖွေဖို့ လိုအပ်နေတဲ့ အသင်း ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင် ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁၁ ပွဲ ရှုံးထားတာ တွေ့ရပါတယ်။


နှစ်ဖက်အသင်း သတင်းများ

အခုပွဲ ကိုတော့ ဗီလာ ဘက်က တိုင်ရုန်း မင်းဂ်၊ ဝက်ကင်န်၊ ကတ်ရှ်၊ ဟော့စ်၊ ရမ်ဆေး၊ ဘူအန်ဒီရာ၊ ကာမာရာတို့ လွဲချော်မှာ ဖြစ်ပြီး ဂိုးသမား မာတီနက်ဇ် ကလည်း ပါဝင်ကစားဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

ဘရန့်ဖို့ဒ် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၈ ပွဲဆက် နိုင်ပွဲ ပျောက်နေခြင်းနဲ့ အတူ အဆင့် ၁၅ နေရာ အထိ ရောက်ရှိနေပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၁၅ နေရာမှာ ရှိနေတဲ့ ဘရန့်ဖို့ဒ်

ဘရန့်ဖို့ဒ် ဘက်မှာတော့ ဟင်နရီ၊ ချိတ်ဒ်၊ ဒါဆေးလ်ဗား၊ ပင်နော့ခ်၊ ဘန်မီး၊ ဟစ်ကီ တို့ လွဲချော်မှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

အက်စတွန်ဗီလာ – မာတီနက်ဇ်၊ ကွန်ဆာ၊ ကားလို့စ်၊ တောရက်စ်၊ မိုရီနို၊ ဘိုင်လီ၊ လူးဝစ်ဇ်၊ တေးလီမန့်စ်၊ မက်ဂင်းန်၊ ဒီယာဘီ၊ ဒူရန်

ဘရန့်ဖို့ဒ် – ဖလက်ကန်၊ ဇန်ကာ၊ ကောလင်းန်၊ အယား၊ ရိုဝါဆလက်ဗ်၊ အွန်ရီကာ၊ ယန်ဆန်၊ ဂျနဲလ်၊ ရက်ဂီးလွန်း၊ အမ်ဘူအမ်မို၊ တိုနေး


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၂ ကြိမ် တွေ့ဆုံခဲ့ရာမှာ အက်စတွန်ဗီလာက ၂ ကြိမ်နိုင်၊ ဘရန့်ဖို့ဒ်က ၄ ကြိမ် နိုင်ပြီး ၆ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ် မှာတော့ ဗီလာက ၂ ကြိမ်နိုင်၊ ဘရန့်ဖို့ဒ်က ၁ ကြိမ် နိုင်ပြီး ၁ ကြိမ်က သရေကျခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ဗီလာက ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးခဲ့ပြီး ဘရန့်ဖို့ဒ် ကတော့ ၃ ပွဲ သရေ၊ ၂ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဗီလာ နိုင်ရင် ၁.၆၆ ဆ၊ ဘရန့်ဖို့ဒ် နိုင်ရင် ၄.၁၇ ဆ၊ သရေ ဆိုရင်တော့ ၃.၈၇ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဗီလာက သရေ အရှုံး၊ ၁ လုံး တစ်ဝက်ရှုံး၊ ၁ လုံး သရေကြေးတွေ ပေးထားပါတယ်။ ဂိုးပေါင်း ကတော့ နှစ်သင်းပေါင်း ၄ လုံး သွင်းဖို့ လိုအပ်ပါတယ်။ ဗီလာက ချန်ပီယံလိဂ် ဝင်ခွင့် အတွက် တိုက်ပွဲ ဝင်နေလို့ ဒီလို ပွဲမျိုးကို အမှားခံမှာ မဟုတ်ပါဘူး။

ခန့်မှန်းရလဒ်

အက်စတွန်ဗီလာ ၂-၁ ဘရန့်ဖို့ဒ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်