နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗီလာပ့ါခ်ကို ကြိုက်တဲ့ အသင်းလာခဲ့ ဆိုပြီး လက်ခမောင်း ခတ်ပြနေတဲ့ အက်စတွန်ဗီလာ | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ဇယား ထိပ်ပိုင်းက မန်စီးတီးကို အနိုင်ယူပြီးတဲ့နောက် အာဆင်နယ် ကိုပါ နှစ်ပွဲဆက် အနေနဲ့ ထပ်မံ အနိုင်ယူခဲ့တာ ကတော့ နည်းပြအူနိုင်း အမ်မရီနဲ့ အက်စတွန်ဗီလာကို မဖြစ်မနေ ချီးကျူးရမယ့် ကိစ္စပါပဲ။ သူတို့ရဲ့ အဓိက အားသာချက်က အသင်းလိုက် ရွေ့တဲ့နေရာမှာ Flexible ဖြစ်လွန်းခဲ့တာပါ။ 

ကစားသမား တစ်ယောက်ချင်းစီကို အလွန်အမင်း ဦးတည်ထားတာမျိုး မဟုတ်ဘဲ တစ်ယောက်ရဲ့ ကွက်လပ်၊ လိုအပ်ချက်ကို အပြည့်အဝ ကာကွယ် ဖြည့်ဆည်းရင်း ဒီလိုမျိုး ရလဒ်ကောင်းတွေ ရလာခဲ့တာ ဖြစ်ပါတယ်။ ဝက်ကင်န်စ် ခြေစွမ်းပြနိုင်တဲ့ပွဲ ပြမယ်၊ သူ ခြေစွမ်းမပြနိုင်တဲ့ ပွဲဆို တခြား ကစားသမားက အဆင်သင့်ရှိနေမယ်၊ ဒါမျိုးပေါ့။ 

အာဆင်နယ်နဲ့ ပွဲမှာ ရသွားတဲ့ ဂိုးကလည်း အင်မတန်လှပါတယ်။ အသင်းကြီး တစ်သင်းကို အသင်းကြီး တစ်သင်း ကစားဟန်၊ ကစားကွက်၊ ဖန်တီးမှု၊ အဆုံးသတ်မှုနဲ့ ဂိုးသွင်းခဲ့တာပါ။ ကစားကွက် စတည်တဲ့ အဆင့်၊ လှုပ်ရှားနေတဲ့ Duration၊ အဆုံးသတ်ဖို့ ခင်းပေးလိုက်ချိန်၊ အဆုံးသတ်လိုက်ချိန် အထိ ဘာလိုအပ်ချက်မှ မရှိခဲ့ပါဘူး။ လီယွန် ဘေလီက ဒီသွင်းဂိုး အတွက် အာဆင်နယ် ဧရိယာထဲကို ကြောက်ဖို့ကောင်းတဲ့ Pace နဲ့ ပြေးဝင်တယ်၊ ဒါကို တားဆီးဖို့ အာဆင်နယ် ကစားသမားတွေ ဗျာများသွားချိန်မှာလည်း တဆစ်ချိုး ဆုံးဖြတ်ချက်ကို ချမှတ်ပြီး မက်ဂင်းဆီ ဘောလုံး ခင်းပေးလိုက်တယ်၊ ဒါကိုလည်း အာဆင်နယ်တို့ တားဆီးနိုင်စွမ်း မရှိခဲ့ပါဘူး။ 

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
မန်ချက်စတာ ယူနိုက်တက်
ဘိုင်ယန်မြူးနစ်
1X2 သရေ (Draw) @ 3.49
ဂိုးပေါ် 3.00 @ 1.88
ဂိုးပေါင်း 2-3 @ 2.12
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကစားကွက် တည်ဆောက်လာချိန် ကနေ နောက်ဆုံး အဆုံးသတ်ပြီး ဂိုးပေါက်ထဲ ဘောလုံးဝင်သွားချိန် အထိ မြင်တွေ့ရတဲ့ မြင်ကွင်းက ရင်သပ်ရှုမောဖွယ်ရာ လှပခဲ့ပါတယ်။ အဲ့ဒီနောက် အာဆင်နယ်ကို ထိန်းချုပ်ကစားဖို့ ကြိုးစားတယ်၊ အနိုင်ဂိုးကို ထိန်းတယ်၊ ဒီလိုနဲ့ပဲ ပရီးမီးယားလိဂ် အိမ်ကွင်း နိုင်ပွဲ တစ်ပွဲ ထပ်ရခဲ့ပြန်ပါတယ်။ အာဆင်နယ်၊ ချဲလ်ဆီး၊ ယူနိုက်တက် တို့ကို အိမ်ကွင်းမှာ နိုင်ခဲ့တဲ့ နယူးကာဆယ်ထက် ဗီလာရဲ့ အခုနိုင်ပွဲတွေက ပိုအရသာရှိပြီး ပိုကြည့်ကောင်းခဲ့ပါတယ်။ အထူးသဖြင့် တီကီတာကာ မျိုးဆက်က ဆင်းသက်လာတဲ့ ဂွါဒီယိုလာနဲ့ အာတေးတားတို့ ဆရာ တပည့်နှစ်ယောက်ကို နှစ်ပွဲဆက်တိုက် Tatically Outplay လုပ်ခဲ့ပြီး ဒါက အူနိုင်း အမ်မရီကို မဖြစ်မနေ ချီးကျူးရမယ့် ကိစ္စပါပဲ။ 

အခုပွဲက အာဆင်နယ် အတွက် ခက်ခဲမယ့် ပွဲတစ်ပွဲ ဆိုတာ ပရိသတ်တွေ ကြိုသိပါတယ်။ ဒါပေမယ့် ဂိုးများသွားနိုင်တယ်၊ အာတေးတား အတွက်လည်း အဖြေရှာတွေ့သွားနိုင်တယ် ဆိုတဲ့ ပရိသတ်တွေလည်း မနည်းပါဘူး။ ပွဲပြီးရလဒ် ကတော့ မြင်တဲ့ အတိုင်းပါပဲ။ အူနိုင်း အမ်မရီက အပိုအလိုမရှိတဲ့ ကစားကွက်နဲ့ အတူ အိမ်ကွင်း (၁၅) ပွဲဆက် နိုင်ပွဲ တစ်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဂိုး၊ နောက်တန်း၊ ကွင်းလယ်၊ ရှေ့တန်းနေရာ အားလုံးက သဟဇာတ ဖြစ်နေတဲ့နောက် ဗီလာတို့ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် အတွက်ပါ ခြိမ်းခြောက်လာတာက မထူးဆန်းပါဘူး။

အခုဆိုရင် ဗီလာက ပရီးမီးယားလိဂ် အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နေပြီး ထိပ်ဆုံးက လစ်ဗာပူးလ်နဲ့ ၂ မှတ်သာ ကွာတော့တဲ့ အနေအထားပါ။ အိမ်ကွင်း ပွဲတိုင်း အနိုင်ရထားသလို ဘယ်အသင်းကို မဆို အနိုင်ကစားနိုင်စွမ်း ရှိတယ် ဆိုတာ ကိုပါ ပြသထားပါတယ်။ ဂိုးသမား မာတီနက်ဇ်နဲ့ နည်းပြ အူနိုင်း အမ်မရီ တို့ကတော့ အသင်းဟောင်းနဲ့ အတွေ့မှာ နိုင်ပွဲရအောင် ယူခဲ့ပြီးတော့ လက်တုံ့ပြန်နိုင်ခဲ့ပါတယ်။ အမ်မရီ လက်အောက်မှာ ဗီလာရဲ့ တိုးတက်လာပုံတွေက အံ့အားသင့်စရာ ကောင်းနေခဲ့ပြီး ချီးကျူးမှုတွေနဲ့လည်း ထိုက်တန်လွန်းမက ထိုက်တန်နေခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ပုံဖော်လာခဲ့တာဟာ အခုဆိုရင် အသင်းကောင်း အဆင့်ကို ရောက်လာပြီး ချန်ပီယံ ဆုဖလား ကိုပါ ပစ်မှတ်ထားနိုင်တဲ့ အနေအထားမျိုး‌ ရောက်လာတဲ့ အထိ လုပ်ပြထားနိုင်ခဲ့ပါပြီ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်