နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယာအို ဖီးလစ်ကို အံ့အားသင့်ဖွယ် ပစ်မှတ်ထားလာတဲ့ အက်စတွန်ဗီလာ | ပရီးမီးယားလိဂ်

လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိထားတဲ့ ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာ ကတော့ ကစားသမား ခေါ်ယူအားဖြည့်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့ အသင်း ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဗီလာက ဒေါက်ဂလပ်စ် လူးဝစ်ဇ် အပြင် မူဆာ ဒီယာဘီ ကိုလည်း လက်လွှတ်ရဖို့ ရှိလာလို့ ထိပ်တန်း တောင်ပံ ကစားသမား တစ်ဦး ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

ဒီကစားသမား ကတော့ တခြားသူ မဟုတ်ပဲ အသက်လက်တီကိုမက်ဒရစ် အသင်းရဲ့ ပေါ်တူဂီ တိုက်စစ် ကစားသမား ယာအို ဖီးလစ်ပဲ ဖြစ်ပါတယ်။ အက်စတွန်ဗီလာဟာ အသင်းရဲ့ တောင်ပံ ကစားသမား မူဆာ ဒီယာဘီကို ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အစ်တီဟတ် အသင်းထံ ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာကြောင့် တိုက်စစ်ပိုင်း အတွက် ယာအို ဖီးလစ်နဲ့ ပြန်လည် အားဖြည့်ဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်က မူဆာ ဒီယာဘီကို ပြီးခဲ့တဲ့ နွေရာသီကမှ လေဗာကူဆင် ကနေ ကလပ် စံချိန်တင် ပြောင်းရွှေကြေး ယူရို ၅၅ သန်းနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းမှာ တစ်ရာသီသာ ကစားရသေးတဲ့ ဒီယာဘီကို အဲလ်အစ်တီဟတ်က ယူရို သန်း ၆၀နဲ့ ကမ်းလှမ်းလာခဲ့တဲ့ အတွက် ချက်ချင်းပဲ လက်ခံခဲ့တာ ဖြစ်ပါတယ်။ ဗီလာဟာ ဒီနွေရာသီ ဈေးကွက်မှာ လက်ရှိ အချိန်ထိ ကစားသမား ၈ ဦး ခေါ်ယူ အားဖြည့်ထားပြီးပြီ ဖြစ်ပါတယ်။ ဗီလာရဲ့ ကစားသမား အဝင် စာရင်းကို ပြန်ကြည့်ရင်တော့ အဲဗာတန် ကွင်းလယ်လူ အမာဒူ အိုနာနာကို ယူရို ၅၉.၄ သန်း၊ ဖီလိုဂျီနီ ဘိုင်ဒန့်စ်ကို ယူရို ၁၆ သန်း၊ ကမ်မရွန်း အာချာကို ယူရို ၁၆.၇ သန်း၊ ဘာကလေကို ၆ သန်း၊ အန်ဇို ဘာရန်နက်ချီယာကို ယူရို ၆ သန်း၊ အီလင်း ဂျူနီယာကို ယူရို ၁၄၊ အီရန် မတ်ဆန်ကို ယူရို ၄၄ သန်းခွဲ၊ ဒေါ့ဘင်ကို ယူရို ၁၁.၈ သန်းနဲ့ ခေါ်ယူထားပါတယ်။

ပေါ်တူဂီ တိုက်စစ် ကစားသမား ယာအို ဖီးလစ်ဟာ ပြီးခဲ့တဲ့ ရာသီက အသက်လက်တီကိုမက်ဒရစ် ကနေ ဘာစီလိုနာကို အငှားနဲ့ သွားရောက် ကစားခဲ့ရသူ ဖြစ်ပါတယ်။ သူ့အနေနဲ့က ဘာစီလိုနာဆီ အပြီးသတ် ပြောင်းရွှေ့ချင်နေပေမယ့် ကတ်တာလန် ကလပ် ဘက်ကတော့ သူ့ကို အပြီးသတ် ခေါ်ယူဖို့ထက် နီကို ဝီလီယမ်စ် ကိုသာ ခေါ်ယူရေး ဦးစားပေး ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။

အက်တလက်တီကိုမက်ဒရစ် ဘက်ကလည်း ပေါ်တူဂီ တိုက်စစ်မှူးကို ရောင်းချပြီးတော့ တိုက်စစ်ပိုင်း အတွက် အင်အား ဖြည့်တင်းဖို့ ရှိနေတာကြောင့် အခုနွေရာသီ မှာတော့ ယာအို ဖီးလစ် တစ်ယောက် သေချာပေါက် အသင်း ပြောင်းဖို့ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ယာအို ဖီးလစ်ကို အူနိုင်း အမ်မရီက သူရဲ့ အက်စတွန်ဗီလာ အသင်းထံ ခေါ်ဆောင်သွားချင်နေပေမယ့် ဖီးလစ်လို ပုံရိပ် မြင့်မားတဲ့ ကစားသမားကို ခေါ်ယူဖို့က ဗီလာ အတွက် ဘဏ္ဍာရေးပိုင်း အခက်အခဲတွေ ကြုံရနိုင်ချေတော့ ရှိနေပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် ကလပ်က ဒီယာဘီ အပြင် လူငယ် တိုက်စစ်မှူး ဒူရန် ကိုပါ ရောင်းချသွားဖို့ ရှိနေတာကြောင့် ဖီးလစ် ကိုလည်း အရ ခေါ်ယူသွားဖွယ်တော့ ရှိနေပါသေးတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်