နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နည်းပြသစ် ဂျရတ်နဲ့ နိုင်ပွဲ ဆက်ခဲ့တဲ့ အက်စတွန်ဗီလာ (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ခရစ္စတယ်ပဲလေ့စ် ၁ – ၂ အက်စတွန်ဗီလာ

အက်စတွန်ဗီလာ နည်းပြသစ် စတီဗင် ဂျရတ်ရဲ့ ပရီးမီးယားလိဂ် နည်းပြ ခရီးအစ တာထွက် လှစေခဲ့တဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ ဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ ခြေစွာနေပါတယ် ဆိုတဲ့ ပက်ထရစ် ဗီအဲရာရဲ့ ခရစ္စတယ်ပဲလေ့စ် အသင်း ကိုမှ အဝေးကွင်းမှာ သွားရောက် အနိုင်ယူခဲ့တာ ဖြစ်လို့ ဂျရတ်နဲ့ အက်စတွန်ဗီလာ ကတော့ စောင့်ကြည့်ရဖို့ ရှိလာခဲ့ပါပြီ။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲ မှာတော့ ဂျရတ် အနေနဲ့ ဘရိုက်တန်နဲ့ ပွဲက လူစာရင်းကို အနည်းငယ် အပြောင်းအလဲ လုပ်ခဲ့ပြီး ၄-၃-၃ အစား ၄-၂-၃-၁ကို အသုံးပြုခဲ့ပါတယ်။ ဒန်နီ အင့်ဂ်နဲ့ ဘူအန်ဒီရာ အစား ဘိုင်လီနဲ့ အက်ရှ်လေယန်း တို့ကို ပွဲထွက်ခွင့် ပေးခဲ့ပြီး တောင်ပံ တိုက်စစ် အားပြုကစားဖို့ ရည်ရွယ်လာခဲ့တာ ဖြစ်ပါတယ်။ ပဲလေ့စ် ကတော့ ဗီအဲရာရဲ့ စိတ်ကြိုက် ၄-၃-၃ ကစားကွက်နဲ့ အက်စတွန်ဗီလာကို High Pressing လုပ်ဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ် ၂ ပွဲဆက် အနိုင်ရခဲ့တဲ့ ဗီလာတို့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ ခရစ္စတယ်ပဲလေ့စ်ရဲ့အောက် အဆင့် ၁၁ နေရာကို ပြန်လည် တက်လှမ်းလာနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေတဲ့ ခရစ္စတယ်ပဲလေ့စ်

နှစ်သင်းလုံးမှာ ကစားသမားတွေ အစုံအလင် ပါဝင်ခဲ့လို့ ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပြီး ခရစ္စတယ်ပဲလေ့စ် တို့ ဘောလုံး ပိုင်ဆိုင်မှု အသာရခဲ့တာပဲ ရှိပါတယ်။ အက်စတွန်ဗီလာရဲ့ တောင်ပံနဲ့ ကွင်းလယ်က အက်ရှ်လေယန်း၊ မက်ဂင်းန်၊ နာကမ်ဘာ၊ ရမ်ဆေး တို့ရဲ့ လုပ်အားနှုန်း ကောင်းခဲ့ပြီး ကတ်ရှ်၊ တားဂတ် တို့ရဲ့ တိကျတဲ့ ပေးပို့မှုတွေ ကလည်း အိမ်ရှင်တို့ အတွက် အခက်တွေ့ခဲ့ရပါတယ်။ တိုက်စစ်ဆင်ဖို့ထက် ခံစစ် ပေါက်မသွားဖို့ အာရုံစိုက်နေရတာကြောင့် ရည်ရွယ်ထားတဲ့ အတိုင်း မကစားနိုင်တဲ့ ဗီလာတို့ ပွဲချိန် ၁၅ မိနစ် မှာတင်ပဲ ဦးဆောင်ဂိုး ခွင့်ပြုပေးလိုက်ရပါတယ်။ ဒီဂိုး ကိုတော့ အက်ရှ်လေယန်းရဲ့ ထောင့်ကန်ဘော ကနေ တားဂတ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ပွဲချိန် ၈၅ မိနစ်လောက် အထိ ဧည့်သည် အက်စတွန်ဗီလာတို့ ၁ ဂိုးအသာနဲ့ ဦးဆောင် ကစားနေခဲ့ပြီး ၈၆ မိနစ် အရောက် မှာတော့ ဗီလာတို့ မထင်မှတ်ပဲ ဒုတိယဂိုး ထပ်မံ ရရှိခဲ့ပါတယ်။ ဒီဂိုး ကိုတော့ အဲလ်ဂါဇီရဲ့ ပေးပို့မှု ကနေ မက်ဂင်းန်က အဆုံးသတ် ပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် ပွဲချိန်တွေမှာ ပဲလေ့စ်တို့ ချေပဂိုး ပြန်ရဖို့ ကြိုးပမ်းခဲ့ပေမယ့် မိနစ် ၉၀ ပြည့်လို့ နာကျင် အချိန်ပို ၅ မိနစ် ရောက်မှ ဂိုးရခဲ့လို့ အရှုံးရလဒ်ကို ချေဖျက်ဖို့ မမှီတော့ပဲ ၁-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

“စကော့တလန် ပြည်တွင်းဖလား တစ်လုံး ရရုံနဲ့ ပရီးမီးယားလိဂ်မှာ ရပ်တည်ဖို့ မလုံလောက်သေးဘူး” ဆိုတဲ့ ဝေဖန်မှု တွေကို ဂျရတ် စကားနဲ့ မတုန့်ပြန်ပဲ အလုပ်နဲ့ ချေဖျက်ပြနေတာ လို့ပဲ မြင်ပါတယ်။ တစ်ချက် ရှိတာက ၂ ပွဲ နိုင်ရုံနဲ့တော့ အရည်အချင်း ဘယ်လောက် ရှိတယ် ဆိုပြီး သတ်မှတ်လို့ မရသလို ပရီးမီးယားလိဂ် ဆိုတာ အခက်အခဲပေါင်း များစွာနဲ့ ပြည့်နှက်နေတဲ့ ပြိုင်ပွဲ တစ်ခု ဖြစ်တာကြောင့် ဆက်လက် စောင့်ကြည့်ရဦးမယ်လို့ပဲ ဆိုချင်ပါတယ်။ တစ်ဖက်က ကြည့်ရင်လည်း အက်စတွန်ဗီလာမှာ အဓိက ကစားသမားတွေ ပြန်စုံနေတာကြောင့် ရလဒ်တွေ ကောင်းနေတာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲပြောပြော ဂျရတ် အနေနဲ့ ကစားသမား ဘဝမှာ ခေတ်ပြိုင် ဖြစ်ခဲ့တဲ့ ဗီအဲရာကို နည်းပြဘဝမှာ အလဲထိုးနိုင်ခဲ့လို့ အခုပွဲ အနိုင်က ဘရိုက်တန်နဲ့ပွဲ အနိုင်ထက် ပိုပြီး ချိုမြိန်နေမှာတော့ အသေချာပါပဲ။ ဒါ့အပြင် ပရီးမီးယားလိဂ် ၂ ပွဲဆက် အနိုင်ရခဲ့တဲ့ ဗီလာတို့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ ခရစ္စတယ်ပဲလေ့စ်ရဲ့အောက် အဆင့် ၁၁ နေရာကို ပြန်လည် တက်လှမ်းလာနိုင်ခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

ခရစ္စတယ်ပဲလေ့စ်တို့ လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့မှာ လိဒ်စ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပြီး အက်စတွန်ဗီလာ ကတော့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ မန်စီးတီးကို ဗီလာပါ့ခ်မှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်