နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အက်စတွန်ဗီလာဟာ ချန်ပီယံဆုအတွက် အမှန်တကယ် ယှဉ်ပြိုင်နိုင်ခြင်း မရှိသေးဘူးလို့ ဆိုလိုက်တဲ့ အူနိုင်း အမ်မရီ | ပရီးမီးယားလိဂ်

အူနိုင်း အမ်မရီရဲ့ အက်စတွန်ဗီလာ ကတော့ အခုတစ်ပတ် ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးကို အဝေးကွင်းမှာ အနိုင်ရပြီး ၁၁ ပွဲဆက် နိုင်ပွဲ ရရှိခဲ့ပါတယ်။ လက်ရှိမှာ ဗီလာက အကောင်းဆုံး ပုံစံတွေနဲ့ အတူ တည်ငြိမ်တဲ့ ခြေစွမ်းကိုလည်း ထိန်းထားပြီး အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်ကို ၃ မှတ် အကွာနဲ့ ဖိအားပေးထားနိုင်ပါတယ်။ လက်ရှိမှာ ဗီလာက အဆင့် ၃ နေရာမှာ ရပ်တည်နေတာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်း အဖြစ်လည်း သတ်မှတ်ခံထားရပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နည်းပြ ဖြစ်သူ အူနိုင်း အမ်မရီ ကတော့ သူတို့ အသင်းက ချန်ပီယံပြေးလမ်းပေါ်မှာ ရှိမနေကြောင်း အံ့အားသင့်ဖွယ် ပြောဆိုလာခဲ့ပါတယ်။ ချဲလ်ဆီးကို အနိုင်ရပြီးတဲ့နောက် ပွဲပြီးအင်တာဗျူးမှာ သတင်းထောက်က အက်စတွန်ဗီလာက ချန်ပီယံဆု အတွက် ပြိုင်ဆိုင်နေပြီလားလို မေးမြန်းတဲ့အခါမှာ အမ်မရီက “မဟုတ်ဘူး။ တကယ် မဟုတ်ဘူး။ ကျွန်တော်တို ကောင်းကောင်း ပြိုင်ဆိုင်နိုင်ခဲ့ကြတယ် ဆိုတဲ့ ခံစားချက် ရှိပါတယ်။ ပြီးတော့ သိပ်ပြီး ကောင်းတဲ့ အသင်းတွေ ဖြစ်တဲ့ မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့ ပြီးရင် ကျွန်တော် တို့က အခု လိဂ်ရဲ့ တတိယ နေရာမှာ ရှိနေပါတယ်။”

ကျွန်တော်တို့ ၃၈ ပွဲ ကစားရမှာပါ။ အခု ၁၈ ပွဲ ကစားပြီးသွားပါပြီ။ ပွဲ ၂၀ ကစားဖို့ ကျန်နေပါသေးတယ်။ လစ်ဗာပူးလ်လို အသင်းမျိုး၊ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ အဲဒီလို အသင်းတွေနဲ့ ယှဉ်ပြိုင်ရဦးမှာပါ။ ကျွန်တော်တို ၃၈ ပွဲလုံး တည်ငြိမ်တဲ့ ခြေစွမ်းပြနိုင်အောင် ကြိုးစားရမှာပါ။ ခင်ဗျား အာဆင်နယ်နဲ့ ရင်ဆိုင်ရမဲ့ အကြောင်း သိချင်တယ်မဟုတ်လား။ အရမ်းအရမ်းကို ခက်ခဲမှာပါ။ အမ်းမရိတ်စ်က သိပ်ပြီးတော့ အားကောင်းတယ်။ လာမယ့် စိန်ခေါ်မှုက ကျွန်တော်တို့ အတွက် အကြီးမားဆုံး ဖြစ်လာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က အခုအချိန်မှာ အကောင်းဆုံး အသင်း ဖြစ်နေလို့ပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ဗီလာက အဆင့် ၃ နေရာမှာ ရပ်တည်နေတာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်း အဖြစ်လည်း သတ်မှတ်ခံထားရပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရှိနေတဲ့ အက်စတွန်ဗီလာ

အူနိုင်း အမ်မရီရဲ့ အက်စတွန်ဗီလာက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ၂-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။ ဒါ့အပြင် ဗီလာက လက်ရှိမှာ အသင်းကြီးတွေကို အကောင်းဆုံး ကျော်ဖြတ်ထားနိုင်တာကြောင့် အာဆင်နယ် အတွက် နောက်ထပ် တကြိမ် အိမ်မက်ဆိုး ဖြစ်လာဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ အူနိုင်း အမ်မရီက အာဆင်နယ် အပေါ် လေးစားမှု အပြည့်နဲ့ ပြောဆိုခဲ့တယ် ဆိုပေမဲ့ လာမယ့် ပွဲဟာ သူ့အတွက်ရော၊ အသင်း အတွက်ပါ အရေးကြီးဆုံး ပွဲစဉ် တစ်ပွဲ ဖြစ်နေမှာပါ။

ဗီလာက အမ်းမရိတ်စ်ကို နောက်ဆုံး သွားရောက် ကစားခဲ့တဲ့ နှစ်ကြိမ်စလုံးမှာ ရှုံးပွဲ မရှိခဲ့ပါဘူး။ ဗီလာက ၂၀၂၄ ခုနှစ်မှာ အမ်းမရိတ်စ်မှာ ၂-၀ နဲ့ အနိုင်ရခဲ့ပြီး နှစ်ကုန်ပိုင်း မြောက်လန်ဒန်မှာ ၂-၂ နဲ့ သရေကျခဲ့ပါတယ်။ ဒါ့အပြင် ဗီလာက အာဆင်နယ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ်မှာ ၃ ကြိမ် အနိုင်ရပြီး ၁ ကြိမ် သရေကျကာ၊ ၁ ကြိမ်ပဲ ရှုံးထားပါတယ်။ အာဆင်နယ်နဲ့ တွေ့ဆုံပြီးရင်တော့ ဗီလာက နော့တင်ဟမ်ဖောရက်စ်၊ ပဲလေ့စ်၊ စပါး၊ အဲဗာတန်၊ နယူးကာဆယ် တို့နဲ့ ဆက်တိုက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်