ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ တိုက်စစ်ပိုင်း လိုအပ်ချက်တွေ ရှိနေတဲ့ အသင်း ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ အာဆင်နယ် အနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ တိုက်စစ်ကစားသမားသစ် ခေါ်ယူသင့်ကြောင်း တိုက်တွန်းမှုတွေ ရှိနေခဲ့ပါတယ်။ နည်းပြ မီခဲလ် အာတေးတား ကတော့ တိုက်စစ်မှူးသစ် ခေါ်ယူ အားဖြည့်ဖို့ အကြံပြု တိုက်တွန်းမှုတွေ ရှိနေပေမယ့်လည်း သူ့ အနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ကစားသမားသစ် ခေါ်ယူနိုင်ဖို့ ဘယ်တုန်းကမှ မျှော်လင့်လေ့ မရှိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။
မီခဲလ် အာတေးတားက “ဇန်နဝါရီမှာ ထူးထူးကဲကဲ အလုပ်များဖို့ ကျွန်တော် ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမယ့် အံ့အားသင့်စရာ တချို့ ကတော့ အမြဲ ရောက်လာတတ်ပါတယ်။ ကျွန်တော် ကတော့ လက်ရှိ လူစာရင်းက လာမယ့် ရက်သတ္တပတ်တွေ အတွင်းမှာ ပိုကောင်းလာဖို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ လက်ရှိရာသီမှာ ထောင့်ကန်ဘောနှင့် အလွတ်တည်ကန်ဘော Set-piece တွေ ကနေ သွင်းဂိုး များစွာ ရယူထားနိုင်ပေမယ့်လည်း ပုံမှန် ကစားကွက် Open Play ကနေတော့ ဂိုးသွင်းယူနိုင်မှုတွေ လျော့ကျနေခဲ့တာ ဖြစ်ပါတယ်။ မှတ်တမ်းတွေ အရ ဆိုရင် အာဆင်နယ် အနေနဲ့ ပရီးမီးယားလိဂ်မှာ Open Play ကနေ ဂိုးသွင်းယူနိုင်ခြင်း မရှိတာက မိနစ် ၃၀၀ နီးပါး ရှိနေပြီလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အာဆင်နယ်ရဲ့ လက်ရှိရာသီ တိုက်စစ် စွမ်းဆောင်ရည်ဟာ ပြီးခဲ့တဲ့ နှစ်ရာသီထက် နည်းပါးနေခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး နှစ်ရာသီ ဆက်တိုက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတဲ့ အသင်း ဖြစ်ပြီးတော့ တိုက်စစ်ပိုင်း ကတော့ ၂၀၂၂-၂၀၂၃ ဘောလုံး ရာသီမှာ ၈၈ ဂိုး၊ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ မှာတော့ ၉၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၂၂-၂၀၂၃ ဘောလုံး ရာသီမှာ ပွဲစဉ် ၁၆ ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး ၄၀ ရရှိခဲ့ပြီး ၂၀၂၃ -၂၀၂၄ ရာသီ ပွဲစဉ် ၁၆ အပြီးမှာတော့ ၃၃ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီ မှာတော့ အာဆင်နယ်က ပွဲစဉ် ၁၆ ကစားပြီးမှာ ၂၉ ဂိုးသာ သွင်းယူနိုင်ထားနိုင်ပါတယ်။
ဒါ့အပြင် အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ၂ ရာသီ အတွင်း သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်ထက် လျော့ကျခဲ့တဲ့ အပြင် ဂိုးပေါက် ကန်သွင်းမှုနှုန်း ကလည်း သိသိသာသာ ကျဆင်းနေခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ အပြီး မှတ်တမ်းတွေအရ ၂၀၂၂ -၂၀၂၃ ရာသီမှာ ဂိုးကန်သွင်းမှု ၂၅၂ ကြိမ်၊ ၂၀၂၃-၂၀၂၄ ရာသီမှာ ၂၄၃ ကြိမ် ရှိခဲ့ပြီးတော့ အခုရာသီမှာတော့ ၂၂၆ ကြိမ်သာ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုလို စွမ်းဆောင်ရည်တွေ ကျဆင်းနေသည့် တိုင်အောင် နည်းပြ မီခဲလ် အာတေးတားက လာမယ့် ဇန်နဝါရီစျေးကွက်မှာ ကစားသမားသစ် ခေါ်ယူ အားဖြည့်ဖို့ မသေချာတဲ့ အခြေအနေမျိုး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း တချို့သော သတင်းတွေ မှာတော့ အာဆင်နယ် အနေနဲ့ ထိပ်တန်း တိုက်စစ်မှူး တစ်ဦး ခေါ်ယူ အားဖြည့်ဖို့ ရှိနေပြီးတော့ ပစ်မှတ်ဟောင်း ဆားဘီးယား တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို ဇန်နဝါရီ စျေးကွက်မှာပဲ ခေါ်ယူသွားဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်နေခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်က ပရီးမီးယားလိဂ် ပြိုင်ဘက် နယူးကာဆယ်ရဲ့ ဆွီဒင် တိုက်စစ်မှူး အိဆက်ခ်နဲ့ စပို့တင်းလစ္စဘွန်းက ဗစ်တာ ယိုကီးရက်စ် တို့ကိုလည်း ပစ်မှတ်ထားနေသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.