နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒဏ်ရာပြဿနာတွေရဲ့ နှိပ်စက်မှုတွေအပေါ် ငြီးတွားပြောဆိုလာတဲ့ အာတေးတား | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ ဆောင်းရာသီ ရောက်ရှိတာနဲ့ ထုံးစံ အတိုင်း ဒဏ်ရာပြဿနာတွေရဲ့ နှိပ်စက်ခြင်းကို ခံနေရပြီ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ မီခဲလ် အာတေးတားက အခုဆိုရင်တော့ သူ့အသင်းရဲ့ ဒဏ်ရာ ပြဿနာ အခြေအနေတွေက အန္တရာယ် စက်ဝိုင်းထဲ ရောက်ရှိနေပြီ ဖြစ်ကြောင်း ညည်းတွား ပြောဆိုလာခဲ့ပါတယ်။

အာဆင်နယ်က လက်ရှိအချိန်ထိ ပရီးမီးယားလိဂ် မှာရော ချန်ပီယံလိဂ် မှာပါ အမှတ်ပေးဇယားကို ဦးဆောင်နေပေမယ့်လည်း ဒဏ်ရာ ပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့် ရလဒ်ပိုင်း အပေါ် သိသာတဲ့ ထိခိုက်မှုတွေ ရှိနေခဲ့တာပါ။ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ အဓိက ဗဟိုခံစစ်မှူးတွေ ဖြစ်တဲ့ ဂါဘရီရယ် မက်ဂါဟေးစ်နဲ့ ဝီလီယမ်စ် ဆလီဘာ တို့ကို တစ်ပြိုင်နက်ထဲ ဆုံးရှုံးထားခဲ့ရသလို၊ ကလပ် ဘရုဂေးနဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ် ပွဲစဉ် မှာလည်း ဒီကလန် ရိုက်စ်၊ လီအန်ဒရို ထရော့ဆက်ဒ်နဲ့ မက်စ် ဒေါင်းမန်းတို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ 

ဒါကြောင့် မီခဲလ် အာတေးတားက “မဟုတ်ပါဘူး။ ကျွန်တော်တို့ လေ့ကျင့်ဖို့ အတွက် အချိန် မသတ်မှတ်ထားပါဘူး။ ဒီနေ့ မိနစ် ၂၀ ပဲ လေ့ကျင့်ခဲ့ပါတယ်။ ဒါကြောင့် အလွန်အကျွံ လေ့ကျင့်ခန်း မလုပ်တာ သေချာပါတယ်။ ဒါပေမယ့် မကစားနိုင်တဲ့ ကစားသမားတွေ များပြားတဲ့ အခါမှာ တခြား ကစားသမားတွေ အပေါ် ဝန်ထုပ်ဝန်ပိုး ပိုပြီး ဖြစ်လာစေပါတယ်။ ဒါက တကယ့်ကို အန္တရာယ်စက်ဝိုင်းထဲ ရောက်ရှိနေပါပြီ။ ကျွန်တော်တို့ ကစားသမား အများအပြား ဆုံးရှုံးထားရချိန်မှာ ပွဲအများအပြား ကစားခဲ့ရပြီး ဒါက ဖိအားတွေလည်း များပြားစေပါတယ်။ ပြီးတော့ ကစားသမားတွေကို ဒဏ်ရာတွေလည်း ပိုရရှိစေပါတယ်။” လို့ မီခဲလ် အာတေးတားက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်က နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့ပြီး ချဲလ်ဆီးနဲ့ သရေ၊ အက်စတွန်ဗီလာ ကိုတော့ ရှုံးနိမ့်ခဲ့ပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ ၃ ပွဲမှာ နိုင်ပွဲ တစ်ပွဲသာ ရခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ယူ-၂၁ အသင်းရဲ့ ခြေစမ်းပွဲမှာ လူငယ် ကစားသမား မက်စ် ဒေါင်းမန်း ခြေချင်းဝတ် ဒဏ်ရာရရှိပြီး ရက်သတ္တပတ် အတန်ကြာ အနားယူရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဂါဘရီရယ် ဂျေဇုစ်ကို ချန်ပီယံလိဂ် လူစာရင်းထဲ ထည့်သွင်းခဲ့ပြီး ကလပ် ဘရုဂေးနဲ့ ပွဲမှာ အသုံးပြုသွားဖွယ် ရှိနေကြောင်း သိရပါတယ်။

လက်ရှိ အသင်းရဲ့ အခြေအနေတွေနဲ့ ပတ်သတ်ပြီးတော့ မာတင်နယ်လီက “ကျွန်တော်က ပွဲတိုင်းကို မိနစ် (၉၀) ပြည့် ကစားချင်တာပါ။ ဒါပေမယ့် ကျွန်တော် ဒီကို ရောက်လာတယ် ဆိုတာက အသင်းကို အထောက်အပံ့ ဖြစ်စေဖို့ပါ။ ကျွန်တော် ဒီအသင်းနဲ့ အတူ ဆုဖလားတွေ ဆွတ်ခူးချင်ပါတယ်။ ဒါကြောင့် ၅ မိနစ်လောက်ပဲ ကစားခွင့်ရလည်း ကစားမှာပါပဲ။ အဲဒီ ၅ မိနစ် အတွင်း မှာလည်း အစွမ်းကုန် အားထုတ်ပြီး အသင်းအတွက် သွင်းဂိုးတွေနဲ့ ကူညီပေးသွားဖို့ပဲ အာရုံစိုက်သွားမှာပါ။”

“ကျွန်တော် အမှတ် မမှားဘူး ဆိုရင် ဗီလာနဲ့ ပွဲမတိုင်ခင် အထိ ၁၈ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိခဲ့ဘူး။ ထင်ပါတယ်။ ဗီလာနဲ့ ပွဲမှာ ရှုံးနိမ့်ခဲ့တာ ကတော့ စိတ်ပျက်စရာပါ။ ကျွန်တော် တို့က ပွဲတိုင်းမှာ အနိုင်ပဲ လိုချင်ပါတယ်။ ဒါပေမဲ့ ရှုံးပွဲကြုံရချိန်တိုင်းမှာ အရာ အားလုံးက မှားနေတာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ အတူတကွ ကြိုးစားပြီး နောက်ပွဲမှာ အကောင်းဆုံး ဖြစ်ဖို့ပဲ ပြင်ဆင်ရပါမယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်က နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့ပြီး ချဲလ်ဆီးနဲ့ သရေ၊ အက်စတွန်ဗီလာ ကိုတော့ ရှုံးနိမ့်ခဲ့ပါတယ်။ အာဆင်နယ်က ဒီကနေ့ ညမှာ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ် မှာတော့ ဖြစ်နိုင်ဖွယ် လူစာရင်း အရ ရာယာ၊ ဝှိုက်၊ တင်ဘာ၊ ဟင်ကပ်ပီယေ၊ စကယ်လီ၊ နွမ်နရီ၊ နော့ဂတ်၊ မာရင်နို၊ မာဒူခေး၊ ယိုကီးရက်စ်၊ မာတင်နယ်လီ တို့ကို အသုံးပြုလာဖွယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်