နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဆင်နယ် – မန်ချက်စတာယူနိုက်တက် | ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ (ပွဲကြိုသုံးသပ်ချက်)

အာဆင်နယ် – မန်ချက်စတာယူနိုက်တက်

အခုတစ်ပတ် စနေနေ့ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ရဲ့ ပွဲကောင်းတွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး အာဆင်နယ်တို့ မန်ချက်စတာယူနိုက်တက်ကို အန်းမရိတ်စ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ နှစ်သင်းလုံး ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် အတွက် ကစားကြမှာ ဖြစ်လို့ ခြေစွမ်း မတည်ငြိမ်ကြသေးသည့် တိုင်အောင် ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အကြိတ်အနယ် ရှိတဲ့ ပွဲစဉ် ဖြစ်လာဖို့တော့ ရှိနေပါတယ်။

အာဆင်နယ်တို့ လန်ဒန် မြို့ခံ ပြိုင်ဘက် ချဲလ်ဆီးနဲ့ အတွေ့မှာ ပရီးမီးယားလိဂ် ၃ ပွဲဆက် ရှုံးနိမ့်မှုကို ရပ်တန့်နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် အိမ်မက်တွေ ကိုလည်း ပြန်လည် အသက်သွင်းထားနိုင်ခဲ့ပါတယ်။ အဆင့် ၈ ပြင်ပက အသင်းတွေကို စိတ်ပျက်စရာ ခြေစွမ်းနဲ့ ရှုံးခဲ့ပေမယ့် ချဲလ်ဆီးကို ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် အားလုံး အံ့အားသင့်ခဲ့ရပေမယ့် တကယ်တမ်းက ခြေစွမ်းပိုင်းထက် မီခယ် အာတေးတားရဲ့ နည်းဗျူဟာပိုင်း အပြောင်းအလဲက နိုင်ပွဲ အတွက် အဓိကကျခဲ့တာ ဖြစ်ပါတယ်။ ပုံမှန် ပွဲထွက်ကစားသမားတွေ ဒဏ်ရာရနေလို့ အရန်တွေကို အားကိုးနေရဆဲ ဖြစ်ပေမယ့် ကစားကွက် အခင်းအကျင်းကို အဓိက ပြောင်းလဲခဲ့ပြီး ကွင်းလယ်မှာ လိုကွန်ညာ အစား အဲလ်နီနီကို ထိန်းကြောင်းစေခဲ့တာကြောင့်လည်း တိုက်စစ်နဲ့ ခံစစ် ချိတ်ဆက်မှု အားပိုကောင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ခံစစ် ကတော့ သိသိသာသာ အားနည်းနေဆဲ ဖြစ်ပြီး ဗဟိုခံစစ်မှူး ဘန်ဝှိုက် အနေနဲ့လည်း ပြီးခဲ့တဲ့ ၄ ပွဲက အမှားတွကို ပြန်ပြီး သုံးသပ်သင့်နေပါပြီ။ နောက်ဆုံး အားနည်းချက်က ဂိုးသမား ရမ်းစ်ဒေးလ် လက်စွမ်းကျဆင်းနေတာ ဖြစ်ပြီး ဖြစ်နိုင်ရင် အခုလာမယ့် ပွဲမှာ ဘန်လန်နိုကို ပွဲထွက်ခွင့်ပေးသင့်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ ပွဲက ရခဲ့တဲ့ အနိုင် ၃ မှတ်ဟာ အာဆင်နယ်ထက် လိုအပ်တာထက် ပိုပြီး တန်ဖိုး ရှိခဲ့တယ် ဆိုပေမယ့် လက်ကျန် ပွဲစဉ် ၆ ပွဲမှာ အမှတ် အများဆုံး ရှာဖွေနိုင်မှသာ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်လို့ ရနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုပွဲမှာ ခြေစွမ်း ကျဆင်းနေတဲ့ ယူနိုက်တက် ဆီက ၃ မှတ် အပြည့် ယူနိုင်ဖို့ ကြိုးစားရဦးမှာ ဖြစ်ပြီး နည်းပြ အာတေးတား အနေနဲ့ ပွဲကို ဘယ်လို ပုံစံနဲ့ ချဉ်းကပ်လာဦးမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ်လူစာရင်း – ရမ်းစ်ဒေးလ်၊ ဝှိုက်၊ ဟိုးလ်ဒင်း၊ တာဗာရက်စ်၊ ချကာ၊ အဲလ်နီနီ၊ ဘူကာယို ဆာကာ၊ အိုဒီဂတ်၊ စမစ်ရိုးဝ်၊ အန်ကတ်တီးယား

၇ ကြိမ် ကတော့ သရေ ရလဒ် ထွက်ပေါ်ခဲ့ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ တွေ့ဆုံမှုမှာလည်း အာဆင်နယ်က ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံး ရလဒ် ပိုင်ဆိုင်ထားပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ မန်ချက်စတာယူနိုက်တက်

အာဆင်နယ်တို့ အခြေအနေ မဟန်သလို ပြိုင်ဘက်ဟောင်းကြီး ယူနိုက်တက် ကလည်း အဆိုးဆုံး အခြေအနေတွေကို ကျော်ဖြတ်နေရတာ ဖြစ်ပါတယ်။ စပ်ကူးမတ်ကူး ကာလမှာ ဂျာမန် ဂေါ့ဖားသားကြီး ရန်းညက်ခ် အနေနဲ့ အသင်းကို တတ်နိုင်သမျှ ထိန်းကျောင်းပေးဖို့ ကြိုးစားပေမယ့် ကစားသမားတွေ ကိုယ်တိုင်က နိုင်လိုစိတ် မဲ့နေသလို တစ်ပွဲထက် တစ်ပွဲ ပိုပို ဆိုးလာတဲ့ ခြေစွမ်းကြောင့် ကစားသမားဟောင်းတွေနဲ့ အသင်း ပရိသတ်တွေ ကိုယ်တိုင် ပွဲဆက်မကြည့်နိုင်တဲ့ အထိ အဆိုးရွားဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အဆင့် ၂၀ နေရာက နော့ဝှစ်ချ်ကို ရော်နယ်ဒိုရဲ့ ဟက်ထရစ်နဲ့ နိုင်လိုက်လို့ အသက်ရှူချောင်မယ် ကြံကာ ရှိသေး ကလော့ပ်က ၄ ဂိုးပြတ် နှိပ်စက်လိုက်လို့ အဆင့် ၆ နေရာကို ကိုယ့်ဘာသာပဲ ပြန်ဆင်းလိုက်ရတဲ့ ယူနိုက်တက်တို့ လက်တလော စပါးနဲ့ အာဆင်နယ်ထက် ၁ ပွဲပို ကစားပြီး ၃ မှတ် ကွာဟနေပါတယ်။ ဒါကြောင့် ယူနိုက်တက်တို့ အာဆင်နယ်နဲ့ ရည်ရွယ်ချက်ချင်း တူနေဖို့ ရှိပြီး အခုပွဲ ကနေ ၃ မှတ် အပြည့်ယူနိုင်ဖို့ အားခဲထားပါလိမ့်မယ်။ အားသာတဲ့ Long Pass တွေနဲ့ လျင်မြန်တဲ့ တန်ပြန်တိုက်စစ်ကို အားပြုပြီး အာဆင်နယ် နောက်တန်းရဲ့ ဟာကွက်ကို ကောင်းကောင်း အသုံးချနိုင်ဖို့ ကြိုးစားလာဖွယ် ရှိပါတယ်။ ပြဿနာက အာဆင်နယ် လိုပဲ ခံစစ်ပိုင်း အားနည်းနေတာ ဖြစ်ပြီး မက်ဂွိုင်းယား ဦးဆောင်တဲ့ နောက်တန်းရဲ့ အားနည်းချက်တွေကို ထပ်ပြီး သုံးသပ်ပြဖို့ လိုမယ် မထင်ပါဘူး။ အခု လာမယ့်ပွဲကို ရော်နယ်ဒို၊ မက်တော်မီနေးနဲ့ ဗာရန်းတို့ ပြန်ပါလာဖို့ ရှိတာက ယူနိုက်တက် အတွက် အားတက်စရာ ဖြစ်ပေမယ့် ပေါ့ဘာ၊ ဖရက်ဒ်၊ ကာဗာနီ၊ လုခ်ရှော တို့ကတော့ ကျိန်းသေပေါက် လွဲချော်ဦးမှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ်လူစာရင်း – ဒက်ဟဲယား၊ မက်ဂွိုင်းယား၊ ဗာရန်း၊ တဲလက်စ်၊ ဒါးလော့တ်၊ မာတစ်၊ ဖာနန်ဒက်စ်၊ မက်တော်မီနေး၊ ဆန်ချို၊ အီလန်ဂါ၊ ရော်နယ်ဒို

ပရီးမီးယား လိဂ်
နော်ဝစ်မြို့
ခရစ္စတယ်ပဲလေ့စ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ အရပ်ရပ် နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၂၆ ကြိမ်မှာ အာဆင်နယ်တို့ ၇ ကြိမ်နိုင်ပြီး မန်ချက်စတာယူနိုက်တက် ကတော့ ၁၂ ကြိမ် အထိ အနိုင်ရထားပါတယ်။ ၇ ကြိမ် ကတော့ သရေ ရလဒ် ထွက်ပေါ်ခဲ့ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ တွေ့ဆုံမှုမှာလည်း အာဆင်နယ်က ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံး ရလဒ် ပိုင်ဆိုင်ထားပါတယ်။ အန်းမရိတ်စ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ကြိမ်စလုံး အာဆင်နယ်တို့ မရှုံးထားသလို ၂ ပွဲနိုင်ပြီး ၁ ပွဲ သရေကျထားပါတယ်။ ဒါ့အပြင် အဲ့ဒီ ၃ ပွဲစလုံး အာဆင်နယ်တို့ ပေးဂိုး လုံးဝ မရှိခဲ့ပါဘူး။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ အာဆင်နယ် အတွက် ၂.၁၆ ဆ၊ မန်ချက်စတာယူနိုက်တက် အတွက် ၃.၂၅ ဆ၊ သရေ အတွက် ၃.၃၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ အထက်မှာ ပြောခဲ့သလိုပဲ နှစ်သင်းလုံး အားနည်းချက် ကိုယ်စီနဲ့ တိုင်ပတ်နေကြပေမယ့် စိတ်ဓာတ်ပိုင်း ဆိုင်ရာ မှာတော့ အာဆင်နယ် လူငယ်တွေက ပိုပြီး သာနေပါလိမ့်မယ်။ တန်ပြန် တိုက်စစ် အားကောင်းကြပြီး ခံစစ်ပိုင်း အားနည်းနေတဲ့ အသင်းတွေ ဖြစ်တာကြောင့်လည်း အပြန်အလှန် သွင်းဂိုး တချို့ ရှိလာနိုင်ပါတယ်။ အန်းမရိတ်စ် မှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲစလုံး အာဆင်နယ်တို့ ယူနိုက်တက်ကို လုံးဝ မရှုံးထားသလို ပေးဂိုးတောင် မရှိခဲ့ပါဘူး။ ဒါကြောင့် မီခယ် အာတေးတားရဲ့ အသင်းကိုပဲ ထပ်ပြီး ယုံကြည်ချင်ပြီး အပြန်အလှန် ကစားရင်း အနိုင် ၃ မှတ်က အာဆင်နယ် အတွက်ပဲ ဖြစ်သွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်