နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂိုးပြတ်နိုင်ပွဲနဲ့ ဗီလာပါ့ခ်မှာ လှလှပပ လက်စားချေနိုင်ခဲ့တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

အက်စတွန်ဗီလာ ၀-၂ အာဆင်နယ်

ဒီကနေ့ ညမှာ ကစားသွားတဲ့ အက်စတွန်ဗီလာနဲ့ အာဆင်နယ် တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကတော့ မျှော်လင့်ထားသလိုပဲ အကြိတ်အနယ် ရှိခဲ့ပြီး ဧည့်သည် ဂန်းနားတွေက ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ ဇင်ချန်ကို နေရာမှာ တင်ဘာ ပွဲထွက်လာခဲ့တာက လွဲလို့ ပြီးခဲ့တဲ့ ဝုဗ်နဲ့ ပွဲက လူစာရင်း အတိုင်း ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဗီလာ ကလည်း သူတို့ရဲ့ အတောင့်တင်းဆုံး လူစာရင်းနဲ့ပဲ ပွဲထွက်လာခဲ့ပြီး အူနိုင်း အမ်မရီ အနေနဲ့ အာဆင်နယ်ကို နောက်ထပ် တစ်ကြိမ် ဒုက္ခပေးဖို့ ပြင်ဆင်လာခဲ့ပါတယ်။ အားလုံး ကြိုတင် တွက်ဆထားကြတဲ့ အတိုင်း ဗီလာဟာ အာဆင်နယ်ကို အခက်တွေ့အောင် ကစားနိုင်ခဲ့သလို အိုလီဝက်ကင်န်ရဲ့ အဆုံးသတ်တွေသာ ဂိုးရခဲ့ရင် အာဆင်နယ်တို့ အနိုင် ၃ မှတ်နဲ့ အိမ်ပြန်နိုင်ဖို့ ရှိခဲ့မယ် မထင်ပါဘူး။ အာဆင်နယ်ဟာ ဒီပွဲမှာ နည်းစနစ်ပိုင်းအရ တော်တော်လေး ထိန်းကန်ခဲ့တာ တွေ့ရပြီး စိတ်ချရမယ့် passing တွေနဲ့ပဲ ကစားခဲ့လို့ ထိထိရောက်ရောက် တိုက်စစ်မဆင်နိုင်ခဲ့ပါဘူး။

အက်စတွန်ဗီလာ ကတော့ ရှုံးပွဲ စတွေ့ခဲ့လို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၂ နေရာ အထိ ကျဆင်းသွားခဲ့ပါတယ်။
ထရော့ဆက်ဒ်၊ ပါတေး တို့ရဲ့ ဂိုးတွေနဲ့ ဗီလာကို အနိုင်ရခဲ့တဲ့ အာဆင်နယ်

အဆိုးရွားဆုံးက ဘယ်တောင်ပံမှာ ကစားတဲ့ မာတင်နယ်လီရဲ့ ခြေစွမ်းဖြစ်ပြီး အာတေးတား တစ်ယောက် ဒီဘရာဇီးလ်သားလေးကို ဘာကြောင့် ပုံမှန် ပွဲထွက်ခွင့်ပေးနေသလဲ ဆိုတာ စဉ်းစားစရာပါပဲ။ မာတင်နယ်လီဟာ ကစားသမားကောင်း တစ်ဦးပါ။ အားမာန် အပြည့်နဲ့ ကစားတယ်၊ လျင်မြန် ဖျတ်လတ်တယ် ဆိုပေမယ့် အကွက်မြင်မှုမှာ အားနည်းနေသေးပြီး တိုးတက်လာခြင်းလည်း မရှိပါဘူး။ အဓိက ကတော့ သူ့ရဲ့ ခြေစွမ်းကို ညဏ်စွမ်း အသုံးချပြီး ကစားရင်တော့ အခုထက် ပိုပြီး တိုးတက်သွားမယ်လို့ပဲ ထင်မိပါတယ်။

မာတင်နယ်လီဟာ ဘယ်ခြမ်း တစ်လျှောက် ကြောင်ပျောက်နေခဲ့ပြီးတော့ သူထွက်သွားပြီး ထရော့ဆက်ဒ် ဝင်လာမှပဲ အာဆင်နယ်တို့ နိုင်ပွဲရဖို့ လမ်းစပေါ်ခဲ့တာပါ။ ထရော့ဆက်ဒ် ကတော့ ထရော့ဆက်ဒ်ပဲ ဖြစ်ခဲ့ပြီး သူဝင်လာပြီး ၂ မိနစ် အကြာ ပထမဦးဆုံး ဘောလုံး ထိချက်မှာတင်ပဲ အာဆင်နယ် အတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် Trust the process မဟုတ်ပဲ Trust the Trossard လို့တောင် တင်စားချင်ပါတယ်။

‘ထရော့ဆက်ဒ်ဟာ မာတင်နယ်လီကို တောင်ပံတိုက်စစ် ကစားသမား ဆိုတာ ဒါလို ကစားရတာကွ။’ လို သင်ပေးသွားတယ်လို့ မြင်ပါတယ်။ သူကွင်းထဲ ဝင်လာချိန်၊ သူ့ခြေထောက်ထဲ ဘောလုံးရောက်တိုင်းမှာ အသင်း က တစ်ခုခု ပြောင်းလဲနိုင်တယ်လို့ ခံစားလာရပါတယ်။

ဒုတိယဂိုး ကတော့ ပွဲချိန် ၇၇ မိနစ် ဂါဘရီရယ်ရဲ့ ကောင်းမွန်တဲ့ ပေးပိုမှု ကနေ ထရော့ဆက်ဒ် ပြန်ချိုးပေးတာကို ဆာကာ ရသွားပြီး တစ်ချက်ထိန်း ပြန်အပေးမှာ သောမက်စ် ပါတေးက ဧရိယာထိပ်ကနေ သူ့ရဲ့ Trademark ကန်ချက်နဲ့ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ မဖြစ်မနေ ထပ်မံ ချီးကျူးရမှာက ဒါးဗစ် ရာယာရဲ့ ပွဲချိန် ၅၃ မိနစ် ကာကွယ်မှု ဖြစ်ပြီး ဒီဂိုး ကိုသာ ရာယာ မကာကွယ်နိုင်ခဲ့ရင် ပွဲအဖြေ တစ်မျိုးတဖုံ ပြောင်းလဲသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် အာဆင်နယ်က နှစ်ပွဲ ကစား နှစ်ပွဲနိုင် ရမှတ် ၆ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် ထိပ်ဆုံးက မန်စီးတီးနဲ့လည်း ဂိုးကွာခြားချက် ၁ ဂိုးသာ ရှိထားပါတယ်။ အက်စတွန်ဗီလာ ကတော့ ရှုံးပွဲ စတွေ့ခဲ့လို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၂ နေရာ အထိ ကျဆင်းသွားခဲ့ပါတယ်။ အက်စတွန်ဗီလာ ကတော့ လာမယ့် စနေနေ့မှာ တန်းတက် လက်စတာစီးတီးရဲ့ ကင်းပါဝါမှာ သွားရောက် ကစားရဖို့ ရှိပြီးတော့ အာဆင်နယ် ကတော့ လာမယ့် ဘရိုက်တန်ကို အမ်းမရိတ်စ်မှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်