နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗလာဟိုဗစ်ကို ထပ်မံ ပစ်မှတ်ထားနေတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် အာဆင်နယ် ကတော့ အထောင် တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ ပြင်ဆင်နေတာ ကြာမြင့်နေခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်က သူတို့ရဲ့ ပစ်မှတ်ဟောင်း ဖြစ်တဲ့ ဆာဘီးယား တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူသွားဖို့ ထပ်မံ ပစ်မှတ်ထားကြောင်း သတင်းတွေမှာ ဖော်ပြလျက် ရှိပါတယ်။

အာဆင်နယ် ကတော့ ဗလာဟိုဗစ်ကို ဖီအိုရင်တီးနားမှာ ကစားခဲ့စဉ်ကတည်းက ခေါ်ယူဖို့ ပစ်မှတ် ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆားဘီးယားသား ကတော့ အာဆင်နယ်ထက် ဂျုဗင်တပ်စ် ကိုသာ ပြောင်းရွှေ့ချင်ခဲ့ပြီးတော့ ဂျူဗင်တပ်စ် ကလည်း လက်ဦးမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဗလာဟိုဗစ်က ဂျုဗင်တပ်စ် အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၁၁၈ ပွဲ အထိ ကစားထားခဲ့ပြီး အဓိက ကစားသမား အဖြစ် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ လတ်တလောမှာ ပရီးမီးယားလိဂ် ပြိုင်ဘက် နယူးကာဆယ်ရဲ့ တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ် ကိုလည်း ချိန်ရွယ်နေပါသေးတယ်။
နယူးကာဆယ် တိုက်စစ်မှူး အိဆက်ခ်ကိုလည်း ပစ်မှတ်ထားနေတဲ့ အာဆင်နယ်

ဗလာဟိုဗစ်ဟာ ဂျူဗင်တပ်စ်နဲ့ လာမယ့် ၂၀၂၆ ခုနှစ်မှာ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး အကယ်၍ လာမယ့် ဆောင်းရာသီ ဈေးကွက်မှာ ရောင်းချမယ် ဆိုရင်တော့ အနည်းဆုံး ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ လောက်နဲ့ လက်လွှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျူဗင်တပ်စ် ဘက်က သူတို့ရဲ့ ကစားသမား အတွက် ကမ်းလှမ်းမှုတွေကို စောင့်ဆိုင်းလျက် ရှိနေတယ်လို့ သိရပြီး ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိရင်တော့ သေချာပေါက် ရောင်းထုတ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

အခုလို အခြေအနေမျိုးမှာ အာဆင်နယ်က သူတို့ရဲ့ ပစ်မှတ်ဟောင်း ဗလာဟိုဗစ်ကို ထပ်မံ ကြိုးပမ်းလာဖို့ ရှိနေပြီးတော့ ဥရောပ ထိပ်တန်း ကလပ် တချို့ ကလည်း ဂျူဗင်တပ်စ်နဲ့ ကစားသမားရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကလည်း တိုက်စစ်မှူး လိုအပ်ချက် ရှိနေတာကြောင့် မကြာခင်မှာ ဗလာဟိုဗစ် အတွက် ကမ်းလှမ်းမှုတွေကို လုပ်ဆောင်လာဖို့ ရှိနေပါတယ်။ အာဆင်နယ်ဟာ လတ်တလောမှာ ပရီးမီးယားလိဂ် ပြိုင်ဘက် နယူးကာဆယ်ရဲ့ တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ် ကိုလည်း ချိန်ရွယ်နေပါသေးတယ်။ ဒါပေမယ့်လည်း အိဆက်ခ် အတွက် ဆိုရင် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ဝန်းကျင် အသုံးပြုရဖွယ် ရှိတာကြောင့် သူ့ထက် ဈေး ပိုသက်သာမယ့် ဗလာဟိုဗစ် ကိုသာ ဦးစားပေး ကြိုးပမ်းဖွယ် ရှိနေတာ ဖြစ်ပါတယ်။ဗလာဟိုဗစ်ဟာ သီယာဂို မော့တာရဲ့ အသင်း တိုက်စစ်ပိုင်း အတွက် အဓိကကျတဲ့ ကစားသမား တစ်ဦး ဖြစ်နေခဲ့သလို လက်ရှိ ရာသီ မှာလည်း အသင်း အတွက် ပြိုင်ပွဲစုံ ၉ ဂိုး အထိ သွင်းယူထားနိုင်ပါတယ်။ ဒါပေမယ့်လည်း ဂျူဗင်တပ်စ် ကတော့ ဒီကစားသမား အတွက် တစ်ပတ် လုပ်ခ ပေါင် ၂ သိန်း ဝန်းကျင် ပေးချေနေရတဲ့ အတွက် လာမယ့် ဆောင်းရာသီ ဈေးကွက် အတွင်း မှာပဲ ရှင်းထုတ်သွားချင်နေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်