နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စမစ်ရိုးဝ် အတွက် ကနဦး ကမ်းလှမ်းချက်တွေကို ပယ်ချထားတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် အာဆင်နယ် ကတော့ ကွင်းလယ်လူ အီမီုင်းလ် စမစ်ရိုးဝ် အတွက် ဖူလ်ဟမ်နဲ့ ခရစ္စတယ်ပဲလေ့စ် တို့ရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ကြောင်း သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။

အာဆင်နယ်ဟာ ဖူလ်ဟမ်ရဲ့ ပထမအကြိမ် ပေါင် သန်း ၃၀ ကျော် ဝန်းကျင်နဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချထားပြီး ထပ်တိုး ကမ်းလှမ်းမှုတွေကို စောင့်နေတာ ဖြစ်ပါတယ်။ ဖူလ်ဟမ် ဟာ ကွင်းလယ်လူ ယာအို ပေါ်လင်ဟာကို ရောင်းချရငွေနဲ့ စမစ်ရိုးဝ်ကို ပြန်လည် ခေါ်ယူဖို့ ရှိနေတာကြောင့် မကြာခင်မှာ ဒုတိယအကြိမ် ကမ်းလှမ်းသွားဖို့တော့ ရှိနေပါတယ်။ သတင်းတွေအရ ဆိုရင်တော့ ကစားသမားက ပွဲထွက်ကစားခွင့်ရဖို့ သေချာတဲ့ အသင်းကိုသာ ပြောင်းရွှေ့ချင်နေတာကြောင့် လက်ရှိမှာ ဖူလ်ဟမ်က စမစ်ရိုးဝ် အတွက် ဦးစားပေး ဖြစ်နေတယ်လို့လည်း သိရပါတယ်။

အာဆင်နယ်ရဲ့ ဟေးလ်အန့် အကယ်ဒမီထွက် ဒီကစားသမားဟာ ပြီးခဲ့တဲ့ နှစ်ပိုင်း အတွင်း နည်းပြ မီခဲလ် အာတေးတား လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့် ရဖို့ ရုန်းကန်ခဲ့ရသူပါ။ စမစ်ရိုးဝ်ဟာ ၂၀၂၃/၂၄ ဘောလုံးရာသီက ပရီးမီးယားလိဂ် ကလပ် အတွက် ၁၉ ပွဲသာ ကစားခွင့်ရခဲ့ပြီး ဖန်တီးမှု ၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ အဓိက ကတော့ သူ့နေရာမှာ တခြားသော ကစားသမားတွေ အများအပြား ရှိနေတာကြောင့် စမစ်ရိုးဝ် အနေနဲ့ နေရာရဖို့ ခက်ခဲလာခဲ့ပြီး အသင်းပြောင်းမှပဲ အဆင်ပြေမယ့် အခြေအနေလည်း ဖြစ်ပါတယ်။

အစောပိုင်းမှာ စမစ်ရိုးဝ်က အာဆင်နယ်မှာ ပွဲထွက်ခွင့်ရဖို့ တိုက်ပွဲဝင်သွားချင်ကြောင်း ပြောကြားခဲ့ဖူးပေမယ့် အခုလက်ရှိမှာတော့ သူ့ရဲ့ အခြေအနေကို စိတ်ပျက်ပြီး အသင်းပြောင်းဖို့ပဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Sky Sports ရဲ့ ဖော်ပြချက်အရ စမစ်ရိုးဝ်ကို စိတ်ဝင်စားနေတဲ့ ကလပ်တွေဟာ‌ အာဆင်နယ် လက်ခံနိုင်မယ့် ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းထားနိုင်ခြင်း မရှိသေးပဲ မြောက်လန်ဒန် ကလပ် ကလည်း ဖူလ်ဟမ်နဲ့ ပဲလေ့စ်ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆိုထားဆဲ ဖြစ်ပါတယ်။

မာကို ဆေးလ်ဗားရဲ့ ဖူလ်ဟမ်က ပေါ်လင်ဟာကို ရောင်းထုတ်ခဲ့သလို ဘော်ဘီဒီ ကော်ဒိုဗာ ရိဒ် ကိုလည်း လက်စတာစီးတီး အသင်းထံ ပြောင်းရွှေ့ခွင့်ပေးခဲ့ရတာကြောင့် ကွင်းလယ်ကစားသမား တစ်ဦး မဖြစ်မနေ ခေါ်ယူရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝါရင့် ကစားသမား ဝီလျံ ကလည်း အနာဂတ်နဲ့ ပတ်သတ်လို့ စဉ်စားနေတာကြောင့် စမစ် ရိုးဝ်ကို အရခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ အာဆင်နယ် ကတော့ စမစ်ရိုးဝ် ကို အခု ရောက်ရှိလာတဲ့ ကမ်းလှမ်းချက်တွေထက် အနည်းငယ် ပိုများတဲ့ ပမာဏနဲ့ လက်လွှတ်ချင်နေပြီး ဒီကစားသမား ဆီက ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ ဆိုစီဒက် ကွင်းလယ်လူ မီခဲလ် မာရင်နိုကို ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ် အနေနဲ့ အခုနွေရာသီမှ မာရင်နိုကို ခေါ်ယူချင်ရင်တော့ ဘာစီလိုနာနဲ့ အပြိုင် ကြိုးပမ်းရဖို့ ရှိနေပြန်ပါတယ်။ အကယ်၍ စမစ်ရိုးဝ် ကိုသာ လိုချင်တဲ့ ပမာဏနဲ့ ရောင်းချနိုင်ခဲ့မယ် ဆိုရင်တော့ မာရင်နိုကို ခပ်မြန်မြန် လက်ဦးမှု ရယူပြီး ခေါ်ယူသွားနိုင်မှာ ဖြစ်ပါတယ်။

အခု နွေရာသီ အပြောင်းအရွှေ့မှာ အာဆင်နယ်ရဲ့ လှုပ်ရှားမှုတွေက နှေးကွေးလျက် ရှိပြီး အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့မှုဆိုင်ရာ စည်းမျဉ်းသစ်တွေကြောင့်လည်း ကစားသမား ခေါ်ယူမှု အတွက် ကြံ့ကြာနေပုံရပါတယ်။ ပရီးမီးယားလိဂ်ထိပ်သီး တို့ဟာ လက်ရှိအချိန်အထိ စပိန် ဂိုးသမား ဒါးဗစ် ရာယာ ကိုသာ ဘရန့်ဖို့ဒ် ကနေ အပြီးသတ် ခေါ်ယူထားနိုင်ခဲ့ပြီး အခြား အပြောင်းအရွှေ့တွေ အတွက်တော့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်