ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် ကောလာဟလတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ တိုက်စစ်မှူး ၇ ဦးကို ပစ်မှတ် စာရင်းထဲ ထည့်သွင်းထားကြောင်း သိရပါတယ်။ အာဆင်နယ်က အလက်ဇန္တား အိဆက်ခ်၊ အိုလီ ဝက်ကင်န်နဲ့ လီယမ် ဒီလပ် တို့လို ပရီးမီးယားလိဂ် အတွေ့အကြုံရှိတဲ့ တိုက်စစ်မှူးတွေ အပြင် ဆာမူ အက်ဂ်ဟီဟိုဝါနဲ့ ဘင်ဂျာမင် ဆက်စ်ကို တို့လို ငယ်ရွယ်တဲ့ ကစားသမားတွေ ကိုလည်း စောင့်ကြည့်နေပါတယ်။ ဒါ့အပြင် အင်တာမီလန်က အတွေ့အကြုံရင် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ် အပြင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ဂျွန်နသန် ဒေးဗစ် ကိုလည်း စောင့်ကြည့်နေပါတယ်။
ဂန်းနားတွေ အနေနဲ့ ပေါ်တိုရဲ့ အသက် ၂၀ အရွယ် ကစားသမားလေး ဆာမူ ကို ခေါ်ယူဖို့အတွက် ဘာစီလိုနာနဲ့ အပြိုင်အဆိုင် ကြိုးပမ်းရမှာ ဖြစ်ကြောင်း သိရပါတယ်။ ပေါ်တူဂီ ကလပ် ကတော့ သူတို့ရဲ့ ကစားသမား အတွက် ယူရို သန်း ၅၀ ကနေ ၆၀ အကြား တောင်းဆိုသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

နေမာရဲ့ အေးဂျင့် ဖြစ်သူ ပီနီ ဇဟာဗီ ကတော့ သူ့ရဲ့ ကစားသမားကို ဘာစီလိုနာမှာ ပြန်လည် ကစားဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ပေးလျက် ရှိသလို ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ထံလည်း ကမ်းလှမ်းခဲ့ကြောင့် စပိန် သတင်းဌာန SPORT က ဖော်ပြပါတယ်။ နေမာဟာ လက်ရှိမှာ သူ့ရဲ့ ငယ်ဘဝ ကလပ် ဆန်းတို့စ်မှာ ပုံမှန် ခြေစွမ်းတွေ ပြန်လည် ရရှိနေပြီးတော့ ၇ ပွဲ ကစားပြီးချိန်မှာ ၃ ဂိုး သွင်း၊ ၃ ဂိုး ဖန်တီးပေးထားပါတယ်။
တော့တင်ဟမ်ဟော့စပါးရဲ့ မန်နေဂျာ အန်ဂျီ ပိုစတီကိုဂလူး ကတော့ ယူရိုပါလိဂ်မှာ အေဇက် အဲလ်ခမာကို ရှုံးနိမ့်ပြီးနောက် အနာဂတ် မသေမချာ ဖြစ်လာခဲ့ပါပြီ။ ပိုစတီကိုဂလူးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ကလပ်ကို အားရစရာ အခြေအနေမျိုး ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ခြင်း မရှိတာကြောင့် အသင်း ပရိသတ်တွေက စိတ်ပျက်နေကြတာလည်း ဖြစ်ပါတယ်။
အသက် ၁၉ နှစ် အရွယ် ဘရာဂါ ကစားသမားလေး ရော်ဂျာ ဖာနန်ဒက်စ် ကတော့ အံအားသင့်ဖွယ် ခြေစွမ်းတွေ ဆက်တိုက် ပြသနိုင်ခဲ့ပြီးနောက် လစ်ဗာပူးလ်နဲ့ မန်စီးတီး တို့ရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပြီလို့ သိရပါတယ်။ ဒီကစားသမားလေးဟာ ဘယ်ညာ တောင်ပံ နှစ်ဖက်မှာ သာမက ဘယ်နောက်ခံလူ နေရာနဲ့ ညာ အစွန် ကွင်းလယ်တွေမှာပါ ကစားနိုင်သူလည်း ဖြစ်ပါတယ်။ ဒီကစားသမားလေးရဲ့ လက်ရှိ ဈေးကွက် တန်ကြေး ကတော့ ယူရို ၁၂ သန်း ဝန်းကျင် ရှိနေပါတယ်။
လာလီဂါ ကလပ် ဗီလာရီးရဲလ် ကတော့ ဘာစီလိုနာရဲ့ အရန်တိုက်စစ်မှူး ဖာရန်း တောရက်စ်ကို ယူရို သန်း ၂၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း El Nacional က ဖော်ပြပါတယ်။ ဖာရန်း တောရက်စ် ကတော့ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ ၁၄၃ ပွဲ ကစားပြီး ၃၆ ဂိုး သွင်းယူထားပါတယ်။ သူဟာ ဒီရာသီ ဘာစီလိုနာ အတွက် ပွဲပေါင်း ၃၀ ကစားထားပေမယ့် ပွဲအများစုမှာ အရန် ကစားသမား အဖြစ်သာ ပွဲထွက်ခွင့် ရရှိနေခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.